KIC News
လေယာဥ်ဆီတင်ဆောင်လာသည့် သင်္ဘောကို ရန်ကုန်တော်လှန်ရေးတပ်က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း NUG အတည်ပြု
မတ်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ MEC ဆိပ်ကမ်းတွင် လေယာဥ်ဆီတင်ဆောင်လာသည့် သင်္ဘောတစ်စီးအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်ရှိ ရန်ကုန်တိုင်း ဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YRF) က ဖေဖော်ဝါရီလ (၂၉)ရက်နေ့တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း NUG-MOD ဘက်က ယနေ့ အတည်ပြုထုတ်ပြန်သည်။
အဆိုပါ...
စစ်တပ်က ဂေဘားတပ်မတော်နာမည်တပ်၍ လူအင်အားစုဆောင်းနေမှုကို လက်မခံကြောင်း ဒေသခံရပ်မိရပ်ဖ များပြော
မတ်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲအတွင်း စစ်ကောင်စီက ဌာနေပြည်သူ့စစ်နှင့် အမျိုး သားရေးအစွန်းရောက် လူတချို့အား ခေါင်းဆောင်စေကာ စစ်တပ်အကျိုးအတွက် ဂေဘားတပ်မတော်အမည်ဖြင့် လူအင်အားစုဆောင်းနေမှုကို လက်မခံကြောင်း ဂေဘားမျိုးနွယ်ဒေသခံရပ်မိရပ်ဖိများက ပြောသည်။
စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်သည့် တပ်မဟာ(၂) တောင်ငူခရိုင် လိပ်သိုဒေသရှိ...
မြန်မာနိုင်ငံတွင် ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု ဦးဆောင်သူ စောကျော်အေး၏ ဈာပန ပြုလုပ်ပြီးစီး
မတ်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် ပထမဦးဆုံး လေယာဉ် ပြန်ပေးဆွဲမှုတွင် ဦးဆောင်သူ ကရင်အမျိုးသားကာကွယ်ရေးတပ်တော် (KNDO) တပ်ဖွဲ့ဝင်ဟောင်း စောကျော်အေး အသက်(၁၀၂)နှစ်၏ ဈာပနကို ဖေဖော်ဝါရီလ ၂၉ ရက် ယမန်နေ့ တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အသက် (၁၀၂)...
တရုတ်ငွေလိမ်ဂိုဏ်းက လူကုန်ကူးခံရသူ ၁၅၀ ဦးကို စစ်ကောင်စီနှင့် BGF က ထိုင်းအာဏာပိုင်ထံလွှဲပြောင်း
မတ်လ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့ တောင်ဘက် မယ်ထော်သလေးကျေးနယ်ရှိ KK Park တရုတ်ကာစီနို မြို့ကွက်သစ် နေရာမှ လူကုန်ကူးခံထားရသူ တရုတ်နိုင်ငံသား ၁၅၀ ဦးကို ဖေဖော်ဝါရီ ၂၉ ရက် ယမန်နေ့က နယ်စပ်ကုန်သွယ် ရေး တံတားအမှတ်-၂...
တိုက်ပွဲပြင်းထန်လာ၍ ဘိတ်-ထားဝယ်ခရိုင်အတွင်း ပြည်သူ ၇,၀၀၀ ကျော်စစ်ရှောင်ရပြီး အကူအညီများလိုအပ်နေ
မတ်လ ၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ၊ ထားဝယ် အရှေ့တောဒေသတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲပိုမိုပြင်းထန်လာသောကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ဒေသခံ အရပ်သားပြည်သူထောင်နှင့်ချီ စစ်ရှောင်နေရပြီး ထောက်ပံ့မှုအကူအညီများလိုအပ်လျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်မှစ၍ ၂၈ရက်နေ့အထိတွင် ထာဝယ်အရှေ့တောဒေသ တောင်သုံးလုံးနှင့် ရွှေချောင်း...














