ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယခုဩဂုတ်လအတွင်း စစ်ကြောင်းထိုးနေသည့်စစ်အုပ်စုက ဥတ္တူကျေးရွာရှိ ဒေသခံလူငယ်အမျိုးသား(၁)ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရွာခံများက ပြောသည်။
ဩဂုတ်လ (၁၀)ရက်နေ့မှစတင်ကာ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးရွာမှတဆင့် ကျောက်လှေကား၊ ကထီးဝ စသည့် ကျေးရွာ(၁၀)ရွာထက်မနည်းသို့...