Home Authors Posts by KIC News

KIC News

22320 POSTS 0 COMMENTS

သံလှောင်အိမ်တပ်ကုတင်ဖြင့် သက်ကြီးစင်တာ ဖော်ထုတ်ခံရအပြီး ထိုင်းတစ်နိုင်ငံလုံးရှိ သက်ကြီးစင်တာများကို ထိုင်းကျန်းမာရေးဝန်ကြီးဌာန စစ်ဆေးမည်

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီရှိ သက်ကြီးရွယ်အိုနှင့်စိတ်ကျန်းမာရေးစောင့်ရှောက်မှု စင်တာတစ်ခုတွင် သံတိုင်များကို လှောင်အိမ်သဖွယ် ကုတင်ဖြင့်တွဲလျှက်တပ်ဆင်ကာ လူနာများပိတ်လှောင်ထားသည့်ဖြစ်ရပ် ဖော်ထုတ်ခံရပြီးနောက် တစ်နိုင်ငံလုံးရှိ သက်ကြီးစောင့်ရှောက်ရေးစင်တာများကို စစ်ဆေးတော့မည်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာန၏ ယနေ့၊ အောက်တိုဘာ(၇)ရက်နေ့ ညွှန်ကြားချက်အရ သိရသည်။ ထိုင်းအာဏာပိုင်များသည် ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် မတရားချုပ်နှောင်မှု...

ဘန်ကောက်ရှိ ရေဘေးသင့်ပြည်သူများကို OKRSO မှ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လှူဒါန်း

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေနှင့် စားနပ်ရိက္ခာများကို ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) မှ ယနေ့ အောက်တိုဘာ (၇) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ OKRSO နှင့် အခြားပြင်ပအလှူရှင်များ ပါဝင်မှုဖြင့်...

ရေဘေးကြောင့် ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စက်ရုံပေါင်း ၄ ထောင်ကျော် ထိခိုက်

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ။ ကေအိုင်စီ ထိုင်းနိုင်ငံတဝှမ်းရေကြီးမှုကြောင့် ပြည်နယ်(၅၅)ခုရှိ အကြီးစားနှင့် အလတ်စား စက်မှု၊ လက်မှုအလုပ်ရုံများအပါအဝင် စက်ရုံစုစုပေါင်း (၄,၅၂၃) ရုံ ထိခိုက်ပျက်စီးသွားကြောင်း ထိုင်းစက်မှုဝန်ကြီး ဗရာဝပ်ဆီလ်ပါအာချာက အောက်တိုဘာလ (၆)ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုသည်။ အဆိုပါ ထိခိုက်ပျက်စီးသွားသည့် စက်ရုံများထဲတွင်...

BMWEC အမည်ပြောင်းရန် သဘောထားကောက်ခံမှု ဆရာ၊ ဆရာမ (၃၀၀) ကျော် ထောက်ခံ

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ။ မြန်မာရွှေ့ပြောင်းလုပ်သားပညာရေးကော်မတီ-BMWEC မှ အမည်ပြောင်းလဲရန် ကော်မတီကဦးဆောင်ပြီး အောက်တိုဘာ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် သဘောထားကောက်ခံခဲ့ရာ တက်ရောက်လာသော ဆရာ၊ ဆရာမ(၃၀၀)ကျော်က ထောက်ခံ သဘောတူညီခဲ့ကြကြောင်း သိရသည်။ ထိုင်း-မြန်မာ နယ်စပ်ဒေသအတွင်း ပညာရေးလုပ်ငန်းများ...

စစ်အုပ်စု ပတ်စပို့ကန့်သတ်ချက်ကြောင့် ထိုင်းရောက် MOU လုပ်သားများ ပြည်တွင်းပြန်ရမည့်အရေး စိုးရိမ်မှု မြင့်တက်

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ MOU အလုပ်သမားများအနက် မြို့ (၈) ခုမှ ထုတ်ပေးထားသည့် ပတ်စပို့ကိုင်ဆောင်သူများကို ထိုင်းနိုင်ငံ၊ မြန်မာသံရုံး၌ ပတ်စပို့သက်တမ်းတိုးခွင့် ကန့်သတ်ထားခြင်းကြောင့် ပြည်တွင်းပြန်ရနိုင်သည့် အခြေအနေအပေါ် စိုးရိမ်မှု မြင့်တက်နေကြောင်း MOU...

ဟန်ပြငြိမ်းချမ်းရေး၏ နောက်ကွယ်က တိတ်ဆိတ်သွားသော စာအံသံများ

ဟန်ပြငြိမ်းချမ်းရေး၏ နောက်ကွယ်က တိတ်ဆိတ်သွားသော စာအံသံများ သဒါးစိုး (အောက်တိုဘာ ၆၊ ၂၀၂၆) စိမ်းလန်းသော သစ်ပင်များ ဝန်းရံထားသည့် တိုက်အဆောက်အအုံများ၏ အစိမ်းနုရောင် သွပ်မိုးများ အားလုံးနီးပါး ဖရိုဖရဲဖြင့် လှန်ထွက်လွှင့်စင်သွားသည်။ အဆောက်အအုံရှေ့က မြေသားနီနီသည်လည်း ထည်ထိုးသကဲ့သို့ ကြေမွ ပြန့်ကျဲနေသည်။ ထိုမြင်ကွင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက...

ပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပအပြီး ကေအဲန်ယူ တပ်မဟာ(၆)တွင် စစ်ရေးလှုပ်ရှားမှုများလာ

အောက်တိုဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ။ အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်ရန်ဟုဆိုကာ ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်အုပ်စုပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပခဲ့အပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေတွင် စစ်အုပ်စု၏ အင်အားတိုးချဲ့မှုအပါအဝင် စစ်ရေးလှုပ်ရှားမှု များလာကြောင်း ဒေသခံများနှင့် နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ကော့ကရိတ်အပါအဝင် မြဝတီ(ရာမတီး)တောင်ပိုင်းဒေသတွင်...

တစ်လအတွင်း အရပ်သား ၂ ဦးသေဆုံးပြီး လူနေအိမ် (၃၆) လုံးပျက်စီးခဲ့ဟု ကေအဲန်ယူ-သထုံခရိုင် ဆို

အောက်တိုဘာလ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ သထုံခရိုင်(ဒူးသထူ)၊ တပ်မဟာ (၁) နယ်မြေတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် စက်တင်ဘာလအတွင်း အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး နေအိမ်(၃၆) လုံးပျက်စီးခဲ့ကြောင်း ခရိုင်၏ လချုပ်မှတ်တမ်းအရ သိရသည်။ စက်တင်ဘာလ (၆)...

ကရင်အပါအဝင် တောင်ပိုင်းဒေသတွင် တစ်လအတွင်း အရပ်သား (၅၀) ထက်မနည်း စစ်အုပ်စု ဖမ်းဆီးခံရ

အောက်တိုဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ ကရင်အပါအဝင် မွန်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြီးခဲ့သည့် စက်တင်ဘာလတစ်လအတွင်း စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခံရသူ အရပ်သား (၅၄) ဦး ရှိခဲ့ကြောင်း ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန (RICE) က အောက်တိုဘာ(၅)ရက်နေ့တွင် ထုတ်ပြန်သည်။ RICE...

ခလယ်လွီထူခရိုင်တွင် စစ်အုပ်စုဒရုန်းပစ်ခတ်မှုကြောင့် အသက်(၁၇)နှစ်အရွယ် လူငယ်သေဆုံးပြီး (၆)ဦးဒဏ်ရာရ

အောက်တိုဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း) မြို့နယ်အတွင်း၊ အောက်တိုဘာ(၁)ရက်နေ့က စစ်အုပ်စုမှဒရုန်းဖြင့်ပစ်ခတ်ခဲ့ရာ အသက်(၁၇)နှစ်အရွယ် အရပ်သားလူငယ်(၁) ဦး သေဆုံးပြီး (၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ အောက်တိုဘာလ (၆) ရက်နေ့တွင် ထုတ်ပြန်သည်။ ...
Donate