Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

မဲဆောက်မြို့ရောက် ထောင်နှင့်ချီသော စစ်ရှောင်များ မိမိအစီအစဉ်ဖြင့်သာ နေထိုင်ကြရ

ဧပြီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ဘက်သို့ ရောက်ရှိလာသည့် ထောင်နှင့်ချီသော မြဝတီမြို့ခံ စစ်ရှောင်ပြည်သူများ သည် လက်ရှိအချိန်တွင် မည်သည့်အဖွဲ့အစည်းထံမှ အကူအညီမရသေးဘဲ ၎င်းတို့အစီအစဉ်နှင့်သာ နေထိုင်စား သောက်ကြရသည်ဟု မဲဆောက်မြို့ခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်သူများက ပြောဆိုသည်။ မဲဆောက်မြို့တွင် မြဝတီမြို့မှဝင်လာသည့် စစ်ရှောင်များကို...

မြဝတီ၊ သင်္ဃန်းညီနောင်ရှိ စစ်ရှောင်နေအိမ်နှင့် စျေးဆိုင်အများအပြား ဖောက်ထွင်းခံရ

ဧပြီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တိုက်ပွဲကြောင့် တိမ်းရှောင်နေကြသည့် မြဝတီ၊ သင်္ဃန်းညီနောင်နှင့် အနီးအနားကျေးရွာရှိ လူနေအိမ်၊ စျေးဆိုင်နှင့် ဖုန်းဆိုင်အများအပြား ဖောက်ထွင်းခံရပြီး ပစ္စည်းများခိုးယူခံရကြောင်း ဒေသခံ စစ်ရှောင်များ၏ ပြောဆိုချက်အရ သိရသည်။ တိုက်ပွဲကြောင့် သင်္ဃန်းညီနောင်နှင့် အနီးအနားကျေးရွာအပြင် မြဝတီမြို့ပေါ် ရပ်ကွက်အချို့မှ...

ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများတွင် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီး အသက်(၃)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် (၃)ဦးသေဆုံး

ဧပြီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်နီ(ကယား)ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိ ပီကင်းနှင့်လွယ်ယင်းကျေးရွာကို ပြီးခဲ့ သည့် ဧပြီလ(၁၁)ရက်နေ့က စစ်ကောင်စီမှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက်(၃) နှစ်အရွယ် ယောက်ျားလေးတစ်ဦးအပါအဝင် (၃)ဦးသေဆုံးခဲ့ရကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။ ဒီးမော့ဆို၊ လွိုင်ကော်၊ ဖယ်ခုံနှင့် မိုးဗြဲတို့မှ ဒေသခံအချို့လည်း...

စစ်ကူတက်လာသည့် တပ်မ ၅၅ တပ်များအား KNLA မဟာမိတ်တပ်များ ဖြတ်တောက်တိုက်ခိုက်

ဧပြီ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်း စစ်ကူတက်လာသည့် စစ်ကောင်စီ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းများ ကျုံဒိုး၊ ကော့ကရိတ်နယ်မြေထဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းများက ဖြတ်တောက် တိုက်ခိုက်မှုလုပ်ဆောင်နေကြောင်း ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်သတင်းအရင်းအမြစ်များက ပြောသည်။ “အခုက ကြာအင်းဆိပ်ကြီး ကျိုက်မရောဘက်၊...

နေအိမ်ပြန်ကြည့်သည့် ကော့ကရိတ်စစ်ရှောင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ အရပ်သား ၄ ဦး သေဆုံး ၄ ဦးထိခိုက်

ဧပြီလ ၁၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့၊ အမှတ် (၅) ရပ်ကွက်၊ ရေလယ်ကုန်း ဘက်သို့ နေအိမ်ပြန်ကြည့်သည့် စစ်ဘေးရှောင်အရပ်သားများ ယမန်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ၎င်းစစ်ရှောင်များကို အနီးကပ်...
Donate