Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ကော့နွဲရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီတပ်စွဲထားပြီး အာရှလမ်းမကြီးမှတဆင့် မြဝတီဘက်တက်ရန် ကြိုးစားနေဆဲ

ဧပြီလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့ အနီးရှိ ကော့နွဲကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀)ခန့် ဧပြီလ(၁၃)ရက်နေ့အထိ တပ်စွဲထားပြီး အာရှ လမ်းမကြီးမှတဆင့် မြဝတီမြို့ဘက်သို့ စစ်ကူတက်ရန်ကြိုးပမ်းနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက...

ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ (၇၆)နှစ်ပြည့်မွေးနေ့ ပြုလုပ်ပြီးစီး

ဧပြီလ ၁၃ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၏ ၇၆နှစ်ပြည့် မွေးနေ့ပွဲကို KNU ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၎င်း၏နေအိမ်တွင် ဧပြီလ (၁၃)ရက် ယနေ့ ပြုလုပ်ပြီးစီးခဲ့သည်။ ယနေ့ကျင်းပသည့် စောဂျော်နီ၏ မွေးနေ့ဆုတောင်းပွဲသို့ KNU ဖားအံခရိုင်ဥက္ကဌ ပဒိုစောအောင်မော်အေး၊ မဲဆမိတ်ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒရ...

စစ်တပ်လက်နက်ကြီးကြောင့် ကော့ကရိတ်၊ ရွာသစ်‌ကျေးရွာနေ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ဧပြီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ လက်လွတ်ဆုံးရှုံးထားသော မြဝတီမြို့ကို ပြန်လည်ရရှိရန် စစ်ကူတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်း သည် ကော့ကရိတ်မြို့အနီးတဝိုက် ကျေးရွာများသို့ လက်နက်ကြီးများအပြင်းအထန်ပစ်ခတ်မှု လုပ်ဆောင်ရာတွင် မောင်းမရွာသစ်ကျေးရွာရှိ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိနေကြောင်း ဒေသခံများကပြောသည်။ ဖော (Faw)ကား၊...

ကျယ်ပြန့်လာသည့် နယ်မြေများတွင် အစားထိုးအုပ်ချုပ်ရေးလုပ်ဆောင်ရန် လူငယ်၊လူရွယ်များအား KNU ဖိတ်ခေါ်

ဧပြီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU အုပ်ချုပ်မှုအဖြစ် နယ်မြေများကျယ်ပြန့်လာသည့်အပေါ်တွင် အဆိုပါ နယ်မြေများအား ကေအဲန်ယူနှင့်ပူးပေါင်းလက်တွဲပြီး အစားထိုးအုပ်ချုပ်ရေးလုပ်ဆောင်နိုင်ရန် လူငယ်၊ လူရွယ်များကို KNU က ဖိတ်ခေါ်ထားသည်။ ဧပြီလ(၁၂)ရက်နေ့က အွန်လိုင်းအစီအစဥ်ဖြင့် ကျင်းပပြုလုပ်သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC ၏ ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံကျင်းပပြီးစီးမှုနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့...

လူထုပေးစာကဏ္ဍ

လူထုပေးစာကဏ္ဍ ဒီစာလေးကတော့ ဧပြီလ ၁၂ရက်နေ့မှာ ဧရာ၀တီတိုင်းဒေသကြီးက ဒေသခံတစ်ဦး KIC ထံ ပေးပို့လာတဲ့စာ ဖြစ်ပါတယ်။ “ဒီရက်ပိုင်း ဧရာဝတီတိုင်းဘက်မှာ စကစတွေ ရက်စက်ယုတ်မာလာကြတာ တွေ့ရတယ်။ ကျနော်တို့ ဧရာဝ တီတိုင်းမှာက သတင်းမီဒီယာတွေနဲ့ အလှမ်းဝေးနေတာကတစ်ကြောင်း၊ ပြည်သူတွေက အေးဆေးနေကြပြီး တစ်ခုခုဆို ကြောက်ရွံ့နေကြတာတွေကို စကစတွေက အခွင့်ကောင်းယူပြီး...

မြဝတီမြို့ လုံခြုံစိတ်ချရသည့် အနေအထားရောက်ရှိရန် ဆက်လက်လုပ်ဆောင်နေကြောင်း KNU ထုတ်ပြန်

ဧပြီလ ၁၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ မြဝတီမြို့စောင့်တပ် ခြေမြန်တပ်ရင်း(ခမရ-၂၇၅) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းခဲ့ပြီးနောက် မြို့ကို လုံခြုံစိတ်ချရသည့် အနေအထားရောက်ရှိရန် ဆက်လက် လုပ်ဆောင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန် အသိပေးလိုက်သည်။ ယမန်နေ့ ဧပြီလ...
Donate