KIC News
ခွဲထွက် DKBA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိန်းကလေး ၂ ဦး ကျည်ထိမှန် ဒဏ်ရာရ
မေလ ၂၂ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးသထူ(သထုံ)ခရိုင်/တပ်မဟာ(၁) ဖားအံမြို့နယ် နော်ဖားဒိုကျေးရွာထဲသို့ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် ဗိုလ်ဘိဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့တို့မှ လက်နက်ကြီးပစ်ခတ်သည့်အတွက် ဒေသခံ မိန်းကလေး ၂ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နော်ဖားဒိုကျေးရွာအနီးရှိ...
ဖယ်ဒရယ်ဥပဒေအကယ်ဒမီကျောင်း အပတ်စဥ်(၁၀)၊ ဒုတိယအသုတ် ကျောင်းသူ/သား အသစ်များ စတင်လက်ခံနေ
မေလ ၂၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကချင်ပြည်နယ်၊ KIO/KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့နယ်ရှိ ဖယ်ဒရယ်ဥပဒေအကယ်ဒမီကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒီပလိုမာသင်တန်း အပတ်စဥ်(၁၀) ဒုတိယအသုတ် ကျောင်းသူကျောင်းသားအသစ်များကို ၂၀၂၄၊ ဇွန်လကုန်အထိ လက်ခံသွားမည်ဖြစ်ကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။
ကျောင်းသားရေးရာတာဝန်ခံဖြစ်သူ ဒေါ်လုလုက “၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ဖက်ဒရယ်ဥပဒေအကယ်ဒမီ...
တိုက်ပွဲကြောင့် ရှမ်းပြည်နယ်၊ မြို့နယ် ၂ ခုမှ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံ ၃,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး
မေလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး တပ်များ ကြား တိုက်ပွဲများဖြစ်ပေါ်နေသောကြောင့် တစ်လကျော်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်ကြရသော ကျေးရွာပေါင်း(၃၀)မှ ဒေသခံ (၃,၀၀၀)ကျော်သည် ယခုအချိန်ထိ နေအိမ်မပြန်ရဲကြသေးကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
နောင်ချိုမြို့နယ်ရှိ သရက်ကုန်းကျေးရွာတွင် တပ်စွဲထားသော...
အောင်ဇေယျ စစ်ကြောင်းတွင် အသက်မပြည့်သေးသော ကလေးစစ်သားများပါဝင်တိုက်ခိုက်နေ
မေလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ပြန်လည်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင် ဇေယျ စစ်ဆင်ရေး စစ်ကြောင်းများတွင် အသက်မပြည့်သေးသည့်ကလေး စစ်သားများ ပါဝင်တိုက်ခိုက်ပေးနေရကြောင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများက ပြောသည်။
စစ်ကောင်စီ ဒုတိယခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင်ဦးစီးကွပ်ကဲ၍ ပြီးခဲ့သည့် ဧပြီလ...
BGF/KNA နှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သူများကို ဒဏ်ခတ်ပိတ်ဆို့အရေးယူရန် JFM တောင်းဆို
မေလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ရာဇဝတ်မှုကျူးလွန်သူများနှင့်ဆက်နွယ်နေသည့် အစုအဖွဲ့နှင့်လူပုဂ္ဂိုလ်များကို စုံစမ်းဖော်ထုတ်နေသော Justice for Myanmar-JFM အဖွဲ့က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဖြင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်နေ သော ကရင်နယ်ခြားစောင့်တပ် BGF/KNA နှင့် အပေါင်းအပါများအား သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ရန် မေလ (၂၂)ရက်နေ့စွဲဖြင့်...














