KIC News
မြို့အဝင်စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရ၍ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ
မေလ၂၇ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်များကို တော်လှန်ရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ကောင်စီမှ ခရီးသွားလာနေသည့် လူငယ်များကို အဓိက ပစ်မှတ်ထား၍ ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း ထားဝယ်မြို့နေ ဒေသခံများက ပြောသည်။
ထားဝယ်ခရိုင်အတွင်းရှိ မြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များကို ယခုလအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်...
ရွှေကုက္ကိုလ်တွင် အလုပ်လုပ်နေထိုင်ခွင့်ထောက်ခံစာ လက်မှတ်ပါမှသာ ဝင်ထွက်ခွင့်ပြု
မေလ ၂၇ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့များ ထိန်းချုပ်ရာ ရွှေ ကုက္ကိုလ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထုတ်ပေးသည့် နေထိုင်ခွင့်ထောက်ခံစာ လက်မှတ်ပြုလုပ်ပြီးမှသာ ဝင်ထွက်သွားလာခွင့်ပြုကြောင်း ရွှေ့ကုက္ကိုလ်တွင် အလုပ်လုပ်နေသူများက ပြောသည်။
ရွှေကုက္ကိုလ်သို့ သွားရောက်လိုသူများအနေဖြင့် အုပ်ချုပ်ရေးမှူးရုံးတွင် ၁ လသက်တမ်း၊ ၃ လသက်တမ်းနှင့်...
ဥယျာဉ်ခြံများတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ခြံလုပ်ငန်းများ ရပ်နားထားရ
မေလ ၂၇ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ဒေသခံများ၏ ဥယျာဉ်ခြံအများတွင် စစ်ကောင်စီတပ်သား များက ကင်းပုန်းဝပ်နေရာယူချထားမှုများ လုပ်ဆောင်နေသောကြောင့် ဥယျာဉ်ခြံလုပ်ကိုင်သူများ အနေဖြင့် လုပ်ငန်းများကို ရပ်နားထားရကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ဒေသခံများအနေဖြင့် မိုးရာသီကာလရောက်သည်နှင့် ဥယာဉ်ခြံလုပ်ငန်းများကို စတင် စိုက်ပျိုးလုပ်ကိုင်လေ့ရှိသော်လည်း ဧပြီလကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏...
ကော့ကရိတ်မြို့တွင်းပြည်သူများနေရပ်ပြန်နိုင်သော်လည်း မြို့စွန်နှင့် အနီးကျေးရွာများ ပြန်ခွင့်မရသေး
မေလ ၂၇ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲထားပြီးနောက် ဧပြီလတွင် မြို့တွင်း နေထိုင်သူများကို ပြန်နေထိုင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း မြို့အစွန်နှင့် မြို့အနီး ကျေးရွာများအချို့ရှိ ဒေသခံများ အနေဖြင့် ပြန်ခွင့်မရကြသေးကြောင်း ဒေသခံများက ပြောသည်။
ကော့ကရိတ်မြို့အစွန် နှင့် ကျေးရွာဒေသအချို့ရှိ ဒေသခံများကို...














