KIC News
နယ်မြေစိုးမိုးမှုအတွက် လမ်းပိုင်းစစ်ဆေးမှုများအပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်တုန့်ပြန်
မေလ ၂၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် လမ်းပိုင်းတချို့ကို နယ်မြေစိုးမိုးရေးအတွက် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက မေလ ၂၆ ရက်နေ့တွင် လမ်းပိုင်းစစ်ဆေးမှုပြုလုပ်မှုအပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်း၏ ယမန်နေ့ သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ နယ်မြေအတွင်းရှိ...
ထားဝယ်မြို့ပေါ်ရပ်ကွက်များတွင် တတိယအသုတ်အနေဖြင့် စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်စာများပေးပို့
မေလ ၂၈ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် တတိယအသုတ်အနေဖြင့် စစ်မှုထမ်းရန်အတွက် တစ်ရပ်ကွက်လျှင် လူ(၃)ဦးနှုန်းဖြင့် ဆင့်ခေါ်စာများ ပေးပို့လာကြောင်း မြို့နေဒေသခံများ ကပြောသည်။
ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အများစုတွင် ယခုမေလနောက်ဆုံးအပတ်မှစ၍ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆင့်ခေါ်စာများ လိုက်လံပို့ဆောင်နေခြင်းဖြစ် ကြောင်း...














