Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ကော့ကရိတ်မြို့တွင် သွားလာရောင်းဝယ်မှုမရတော့သဖြင့် ဒေသခံများစားနပ်ရိက္ခာ ပြတ်လပ်မှုရှိလာ

ဇွန်လ ၁၂ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် ကုန်ပစ္စည်း သွားလာရောင်းဝယ်မှုမရတော့ သဖြင့် မြို့အနီးဝန်းကျင်ရှိ ဒေသခံကျေးရွာသားအများစု ကုန်ပစ္စည်းစားနပ်ရိက္ခာပြတ်လပ်မှုများရှိလာကြောင်း သိရသည်။ ကော့ကရိတ်မြို့တွင် နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်၍ သွားလာမှုလမ်းများဖြတ်တောက်ခံထားရပြီး ကုန်စ္စည်းများ ဝယ်ယူရောင်းချ၍မရတော့သဖြင့် ၎င်းကို မှီခိုအားထာသည့် ဒေသခံပြည်သူများအားလုံးသည် မိုးတွင်းကာလတွင် ကုန်ပစ္စည်းစားနပ်ရိက္ခာများ ပြတ်လပ်မှုရှိလာကြောင်း ကော့ကရိတ်မြို့နယ်...

မဲဆောက်မြို့ရှိ နွေဦးတမာန် တော်လှန်ရေးထောက်ပို့ရုံးကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း

ဇွန်လ ၁၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ ထိုင်း−မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ကုရှိ စစ်ရှောင်ကူညီရေးနှင့် တော်လှန်ရေးထောက်ပို့လုပ်ငန်းများ လုပ်ဆောင်နေသည့် နွေဦးတမာန် တော်လှန်ရေးထောက်ပို့ရုံးကို ဇွန်လ ၁၀ ရက်၊ မန်နေ့ ညနေ ပိုင်းတွင် ထိုင်းဒေသအာဏာပိုင်များနှင့် ကျေးရွာတာဝန်ရှိသူများက ဝင်ရောက်စီးနင်းခဲ့ကြောင်း မဲဆောက် အခြေစိုက်...

တိုက်ပွဲဖြစ်ပွား၍ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာ ဒေသခံများ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

ဇွန်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာသစ်ထဲသို့ စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်၍ နယ်မြေခံတော်လှန်ရေးတပ်များနှင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရာဖူးကျေးရွာမှ ဒေသခံ များ ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇွန်လ(၇)ရက်နေ့မှ စတင်ပြီး ရာဖူးရွာသစ်ကျေးရွာအနီးသို့ တပ်အင်အား(၂၀၀) ဝန်းကျင်ရှိ စစ် ကောင်စီတပ်ဖွဲ့ဝင်များ...

ကျုံဒိုးနှင့် ကော့ကရိတ်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များ နောက်တန်းခံစစ်ပြင် စစ်ရေးလှုပ်ရှားနေ

ဇွန်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီတပ်နှင့် ကျုံဒိုးအခြေစိုက် နယ်ခြားစောင့်တပ်-BGF အမှတ် ၁၀၁၆ တပ်ရင်းမှ ဗိုလ်မြလှိုင် ဦးစီးသော တပ်ဖွဲ့ဝင်များသည် ဂျိုင်းမြစ်ကူးတံတားစစ်ဆေးရေးဂိတ်မှ စတင်ပြီး ၇ တိုင်ရွာ၊ ၉တိုင်ရွာဘက်အထိ စစ်ကြောင်း ထိုးနောက်တန်းခံစစ်အဖြစ် စစ်ရေးပြင်ဆင်ဂိတ်ချစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်နှင့်...

အမြော်အမြင်ရှိရှိ စဉ်းစားပြီး လက်တွေ့လုပ်ဆောင်မှုနဲ့ အဖြေပေးကြပါစို့

အမြော်အမြင်ရှိရှိ စဉ်းစားပြီး လက်တွေ့လုပ်ဆောင်မှုနဲ့ အဖြေပေးကြပါစို့ မောင်ကျော်စွာ (၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်) မင်းအောင်လှိုင်ဦးစီးတဲ့ (စကစ)စစ်အုပ်စုက တိုင်းပြည်နဲ့လူမျိုးပေါင်းစုံ ပြည်သူများအပေါ် တစ်နေ့ တစ်မျိုး မရိုးရအောင် အကြမ်းဖက် ဖိနှိပ်သွေးစုတ်မှုများ၊ သွေးခွဲရန်တိုက်မှုများကို ဖန်တီးလုပ်ဆောင်မြဲ လုပ်ဆောင်လျက်ရှိနေပါတယ်။ အခု မေလအတွင်း ပေးလာတဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခု ဖိနှိပ်မှုတစ်ခုကတော့...
Donate