Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ရွှေကုက္ကိုလ်မြို့ ကျားဖြန့်လုပ်ငန်းမှ အလုပ်သမားအချို့ အလုပ်ဖြုတ်ခံရသူများရှိလာ

ဇွန်လ ၂၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ ရွှေကုက္ကိုလ်မြို့အပါအဝင် မြဝတီမြို့နယ်ဒေသတဝိုက်ရှိ အွန်လိုင်း (Online) ကျားဖြန့် လုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို ထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ်(BGF)က အသိပေးထုတ်ပြန်ပြီးနောက် ရွှေကုက္ကိုလ်မြို့ပေါ်ရှိ ကျားဖြန့် အွန်ငွေလိမ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားအချို့ အလုပ်ဖြုတ်ခံရသူများရှိလာကြောင်း ၎င်းအလုပ်သမားများထံမှ သိရသည်။ BGF ၏ အသိပေးစာထုတ်ပြန်လိုက်ပြီးသည့်နောက်ပိုင်း...

ကော့ကရိတ်မြို့အနီး တိုက်ပွဲဆက်ရှိနေ၍ ဒေသခံများ လယ်ယာလုပ်ကိုင်၍မရဖြစ်နေ

ဇွန်လ ၂၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အနီးဝန်းတွင် ပစ်ခတ်တိုက်ခိုက်မှုများဆက်လက်ဖြစ်ပေါ်နေသလို ဒေသခံများအနေဖြင့် လည်း နေရပ်ပြန်လည်နေထိုင်ခွင့်မရကြသေးသောကြောင့် ကော့ကရိတ်မြို့အနီးကျေးရွာမှ ဒေသခံများ ယခုနှစ်လည်း လယ်လုပ်ကိုင်၍ မရကြသေးကြောင်း ဒေသခံများက ပြောသည်။ ကော့ကရိတ်မြို့တွင်းနေထိုင်သူအချို့ နေရပ်ပြန်လည်နေထိုင်ခွင့် ရကြသော်လည်း မြို့အနီးကျေးရွာမှ ဒေသခံ ပြည်သူများ စစ်ဘေးဆက်လက်ရှောင်နေကြရပြီး လယ်လုပ်ကိုင်ရန်လည်း လုံခြုံရေးအရ...

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းအား တော်လှန်ရေးတပ်ဖွဲ့များ မစိုးမိုးနိုင်စေရေး စစ်ကောင်စီနှင့်ပူးပေါင်းထားသော လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးပြင်ဆင်နေ

ဇွန်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးအာရှလမ်းပိုင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ မစိုးမိုးနိုင်ရေးအတွက် လမ်းပိုင်းတစ်လျှောက်ကျေးရွာများတွင် စစ်ကောင်စီနှင့် ပူးပေါင်းထားသော ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များက စစ်ရေးပြင်ဆင်မှုများ လုပ် ဆောင်နေကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ကော့ကရိတ်-ကျုံဒိုး အာရှလမ်းပိုင်းတွင်...
Donate