KIC News
မဲ့သဝေါလမ်းပိုင်း အသုံးပြု မြန်မာပြည်တွင်းသို့ ပို့ကုန်အချို့ အဖမ်းအဆီးရှိ၊ တရားဝင်ကုန်သွယ်ခွင့်ရရေး KNU စဥ်းစားနေ
ဇူလိုင်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)၊ ဖားအံခရိုင်အုပ်ချုပ်မှုအောက်ရှိ လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါဒေသ လမ်းပိုင်းကိုအသုံးပြု၍ မြန်မာပြည်တွင်းသို့ တင်ပို့နေသော စားသုံးကုန်ပစ္စည်းအချို့ စစ်ကောင်စီဂိတ်တွင် ဖမ်းဆီးခံရမှုများရှိနေသဖြင့် ပြည်သူများတရားဝင်ကုန်သွယ်နိုင်ရေး စဥ်းစားနေကြောင်း KNU ဖားအံခရိုင်တာဝန်ရှိသူထံမှ သိရသည်။
ဇွန်လကုန်ပိုင်းမှစ၍ ကရင်နယ်ခြားစောင့်တပ်-BGF က ဖားအံမြို့အထိပေါက်ရောက်သော...
KNU/KNLA ပြိုကွဲ၊ ကျဆုံးစေလို၍ စစ်ကောင်စီက သတင်းမှားများဖြန့်လျက်ရှိကြောင်း KNU ပြော
ဇူလိုင်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အတွင်း နေရာ လုမှုဖြစ် ပွားခဲ့ပြီး ခေါင်းဆောင်နေရာအချို့ အပြောင်းအလဲပြုလုပ်သည့် သတင်းမှာ စစ်ကောင်စီက KNU/KNLA ပြိုကွဲ၊ ကျဆုံးစေလိုသဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက...
ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား(၁၆)ဦးသေဆုံးဟု KNU ပြော
ဇူလိုင်လ (၈) ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဇွန်လ တစ်လတာ အတွင်း အရပ်သားပြည်သူ စုစုပေါင်း(၁၆)ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ ကျောက်ကြီးမြို့နယ် ပြောရေးဆို ခွင့်ရှိသူ ပဒိုစောဝါးမူက ပြောသည်။
ကျောက်ကြီးမြို့နယ် အခြေစိုက်...
ကော့ကရိတ်ဒေသခံ စစ်ရှောင်များ၏ အိမ်မွေးတိရစ္ဆာန်များကို စစ်ကောင်စီတပ်က စိတ်ကြိုက် ဖမ်းယူစားသောက်နေ
ဇူလိုင်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နှင့် မြို့အနီးကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယာယီ စစ်ရှောင်နေရသည့် ဒေသခံပြည်သူများ၏ နေအိမ်ရှိအိမ်မွေးတိရစ္ဆာန်များကို စိတ်ကြိုက် ဖမ်းယူသတ်ဖြတ်စားသောက် နေကြကြောင်း ဒေသခံများက ပြောသည်။
ယခုနှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေး...














