KIC News
ကရင်ပြည်ထူထောင်ရေး ကရင်တစ်မျိုးသားလုံး ပူးပေါင်းဆောင်ရွက်ကြရန် KNDO စစ်ဦးစီးချုပ် တိုက်တွန်း
ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်တစ်မျိုးသားလုံး၏မျှော်မှန်းချက်ပန်းတိုင်ဖြစ်သော ကရင်ပြည်ထူထောင်ရေး ပြည်တွင်း၊ ပြည်ပ ရှိ ကရင်လူမျိုး လူကြီး၊ လူငယ်အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ထူထောင်သည့် (၇၇)နှစ်ပြည့် မြောက်သည့်နေ့တွင် KNDO...
လောင်းလုံးတွင် စစ်ကောင်စီ စစ်ကြောင်းများ ဆက်တိုက်စစ်ကြောင်းထိုးမှုများလုပ်ဆောင်နေ
ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် ဇူလိုင် လ(၁၄) ရက်နေ့မှ စ၍ လောင်းလုံးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၁၀၄)နှင့် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ-၈) မှသင်တန်းဆင်းများ ပူးပေါင်းကာ အင်အား (၇၀)ဝန်းကျင်ဖြင့်...
မုန်းမြို့နယ်တွင် မိုးတွင်းကာလ ဝမ်းရောဂါဖြစ်ပွားမှုရှိလာပြီး ဝမ်းပိတ်ဆေးဝါးများ ပြတ်လပ်နေ
ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးတွင်းကာလ အဖြစ်များလေ့ရှိသည့် ဝမ်းရောဂါဖြစ်ပွားနေပြီး ဝမ်းပိတ်ဆေးဝါးများ ပြတ်လပ်မှုရှိနေကြောင်း ကေအဲန်ယူနှင့် မြို့တွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီကစစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသလို လက်နက်ကြီးနှင့်ဒရုန်းများ အသုံးပြုပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများမှာ...
ထားဝယ်တွင် ကလေးသူငယ်နှင့် လူငယ်များအကြား ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားလျက်ရှိ
ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိကျေးရွာများနှင့် မြို့ပေါ်ရှိဆေးရုံများတွင် ကလေးသူငယ်နှင့် လူငယ်များအကြား ဝမ်းပျက်၊ ဝမ်းလျှောရောဂါပိုမို ဖြစ်ပွားလာကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်မှစပြီး မြို့ပေါ် ရပ်ကွက်အများစုတွင် ကလေးသူ ငယ်များနှင့် အသက် (၂၀) ဝန်းကျင်အရွယ် လူငယ်အများစုတွင်...
ကော့ကရိတ်ဒေသခံ ကလေးငယ်(၂)ဦး စစ်လက်နက်အကြွင်းအကျန် ဆော့ကိုင်ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရ
ဇူလိုင်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်နေ ကလေးငယ်(၂)ဦး ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက်နေ့က မပေါက်ကွဲသေးဘဲမြေတွင် ကျန်ရှိနေသော လက်နက်ကြီး အပိုင်းအစအား ဆော့ကိုင်ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကော့ကရိတ်မြို့ခံများ က ပြောသည်။
ထိုနေ့ နံနက်ပိုင်းက...














