Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

ဆင်ရွာ ရေတံခွန်၌ အမျိုးသမီးငယ်တစ်ဦး ချော်ကျသေဆုံးမှုဖြစ်ပွား

ဇူလိုင် ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဆင်ရွာရေတံခွန်၌ အမျိုးသမီးငယ်တစ်ဦး ဇူလိုင် ၂၁ ရက်၊ မွန်းလွဲ ၂ နာရီ ဝန်းကျင် အချိန်တွင် ချော်ကျကာကျောက်တုံးနှစ်ခုကြား ညှပ်မိ၍ သေဆုံးမှုဖြစ်ပွားခဲ့ပြီး သူမ၏ခန္ဓာကိုယ်အား ယနေ့နံနက် ပိုင်းတွင် ပြန်ဆယ်ယူနိုင်ခဲ့ကြောင်း...

ငပုအင်းရွာသစ် ဗုံးကြဲတိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံးမှုတွင် ကရင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စောမောင်ကြီးပါဝင်

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ်ဘုန်းကြီးကျောင်းကို ဇူလိုင်လ ၁၉ ရက်က စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀ ကျော်တွင် ကရင်ပြည်နယ် အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စောမောင်ကြီး သေဆုံးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့်...

ကုန်ကြမ်းဈေးနှုန်းတက်သောကြောင့်သင်ဖြူးဖျာများ ဈေတက်လာ

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၄ခုနှစ်၊ ကေအိုင်စီ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ထင်ရှားသည့် အဓိက ထွက်ကုန်ဖြစ်သော သင်ဖြူးဖျာများ ရက်လုပ်ရာတွင် သုံးရသည့် ကုန်ကြမ်းဈေးနှုန်းတက်ခြင်းကြောင့် အချောဈေးများလည်း တက်လာသည်ဟု လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။ ပန်းတနော်ဖျာများမှာ တစ်နှစ်ပတ်လုံး ရောင်းရလေ့ရှိပြီး ကုန်ကြမ်းတွင် အကြမ်းဈေးနှင့် အချောဈေးဟူ၍ နှစ်မျိုး...

စစ်မှုထမ်းရှောင်လူငယ်အချို့ စားဝတ်နေရေးအတွက် ကျပန်းအလုပ်ဖြင့် ဖြေရှင်း

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ စစ်မှုထမ်းဥပဒေကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ကျေးရွာအချို့သို့ ရှောင် လာသော လူငယ်များသည် စားဝတ်နေရေးအတွက် ကြုံရာကျဘမ်း နေ့စားအလုပ်များလုပ်၍ ဖြေရှင်းနေကြရသည်ဟု လူငယ်များထံမှ သိရသည်။ “ကျမ ဒီဘက်ရောက်ကတည်းက ပြောင်းချိုးတာ။ တစ်ခါမှ မလုပ်ဖူးတော့ လက်တွေဆို...

(စကစ) စစ်အုပ်စု ထွက်နိုင်တဲ့ ထွက်ပေါက်တစ်ခု

(စကစ) စစ်အုပ်စု ထွက်နိုင်တဲ့ ထွက်ပေါက်တစ်ခု မောင်ကျော်စွာ (၂၂ - ၇ - ၂၀၂၄) ဇူလိုင် ၁၈ရက် နေ့စွဲနဲ့ “ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူ” နေရကြောင်း (စကစ)စစ်အုပ်စု၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်တဲ့သတင်းကို ဇူလိုင် ၁၉ရက်နေ့ သတင်းစာတွေမှာ ဖော်ပြ လာပါတယ်။...

ကော့ကရိတ်မြို့ခံ စစ်ရှောင်များ စားနပ်ရိက္ခာ လိုအပ်ချက်ကြီးမားနေ

ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာအချို့၌ စစ်ဘေးရှောင်နေရသည့် ပြည်သူများသည် ၇ လကြာ သည်အထိ နေရပ်မပြန်နိုင်သေးသောကြောင့် စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားလျက်ရှိသည်ဟု စစ်ရှောင် အရေးကူညီးသူအချို့ထံမှ သိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲများကြောင့် နော်တရာ၊ ထို့ကော်ကိုး၊...

မုန်းမြို့အနီး ကျေးရွာများတွင် စစ်ရေးပဋိပက္ခနှင့် လမ်းပန်းဆက်သွယ်ရေးကြောင့် လယ်စိုက်ရန် အခက်ကြုံနေ

ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့အနီး ကျေးရွာများတွင် စစ်ရေးပဋိပက္ခနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့ ကြောင့် လယ်ယာစိုက်ပျိုးရန် အခက်အခဲ ကြုံနေရသည်ဟု ဒေသခံ လယ်သမားများထံမှ သိရသည်။ ယခု ဇူလိုင်လမှ စတင်၍ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ အနီး...

လမ်းခရီးအစစ်အဆေးများကြားမှ ဖားအံသို့ လာရောက်လည်ပတ်သူ များပြား

ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ယခုလို မိုးတွင်းရာသီကာလတွင်ပင် ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် အနီးအနားဝန်းကျင်ရှိ လည်ပတ်စရာ နေရာ များသို့ လမ်းခရီး အစစ်အဆေးများသည့်ကြားမှ လာရောက်လည်ပတ်သူ များပြားနေသည်ဟု ဒေသတွင်း ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူများထံမှ သိရသည်။ ယခု ဇူလိုင်လပိုင်းမှ စတင်၍ ဖားအံမြို့တွင်းရှိ...
Donate