Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

တောင်ငူရေဘေးသင့် ပြည်သူများအား စစ်ကောင်စီက အကူအညီမပေးသည့်အပြင် ညဘက် ပေါ်တာလိုက်ဆွဲနေ

ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ဆည်ရေဖောက်ချမှုကြောင့် စစ်တောင်းမြစ်ရေလျှံကာ ရေဘေးသင့်နေရသည့် တောင်ငူမြို့ ပေါ် နှင့် ကျေးရွာများရှိ ပြည်သူများကို စစ်ကောင်စီက အကူအညီမပေးသည့်အပြင် လူငယ်များကို စစ်မှုထမ်းရန် ညပိုင်းတွင် အတင်းအဓမ္မပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း တောင်ငူမြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်နယ်မြေ၊...

ကော့ဂွန်းအုပ်စု ပြည်သူ့လုံခြုံရေးဖွဲ့စည်းရန် အစည်းအဝေး ဒေသခံများမတက်

ဩဂုတ် ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ဖားအံမြို့သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ ကေအဲန်ယူ၊ သထုံခရိုင်/တပ်မဟာ (၁) မော်စကိုမြို့နယ်ထဲရှိ ကော့ဂွန်း(ဘားကပ်)ကျေးရွာအုပ်စု၌ ဩဂုတ်၂၉ ရက်နေ့က ပြည်သူ့လုံခြုံရေး(ကျေးရွာလုံခြုံရေး) ဖွဲ့စည်းရန်အတွက် ကျေးရွာအုပ်စုမှူးမှ ခေါ်ယူသည့်အစည်းအဝေးသို့ ဒေသခံများ မတက်ရောက်ဟု ၎င်းတို့က ပြောသည်။ အဆိုပါ ကျေးရွာအုပ်စုထဲတွင်ရှိသည့် အသက်...

လေကြောင်းတိုက်ခိုက်မှုနောက်ကွယ်ရှိ အထောက်အပံ့များကို ပိတ်ဆို့အရေးယူရန် Justice for Myanmar တောင်းဆို

ဩဂုတ် ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်နွယ်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ်နေသည့် Justice for Myanmar –JFM အဖွဲ့က စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုနောက်ကွယ်မှ အထောက် အပံ့မှန်သမျှကို ပိတ်ဆို့အရေးယူရန် နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများအား ဩဂုတ်လ (၂၉)ရက်နေ့က တောင်းဆိုသည်။ မြန်မာပြည်တွင်းရှိ...

အနန်းကွင်း စစ်ကောင်စီဗျူဟာစခန်းသို့ စစ်ကူအင်အား ၁၀၀ ကျော် ထပ်မံရောက်ရှိ

ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တိုက်ပွဲပြင်းထန်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်းစစ်ဗျူဟာစခန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ထပ်မံရောက်ရှိလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမပေါ်ရှိ အနန်းကွင်း စစ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်- KNLA နှင့်...

မော့ကနင်ရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၇ ဦး ဒဏ်ရာရရှိ

ဩဂုတ် ၃၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ သုံးဆယ်တစ်ပလ္လင်ဘုရားဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီ (MNSP AD) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သုံးဆယ်တစ်ပလ္လင်ဘုရားဝင်းအတွင်း တပ်အင်အား ၂၀ ဦး ကျော်ဖြင့် တပ်စွဲထားသည့်...

လောင်းလုံးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ ဒေသခံများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေ

ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းနှစ်ကြောင်း အပြိုင်ထိုးလာသည့် စစ်ကောင်စီတပ်များသည် ဒေသခံများကို ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။ လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် အင်အား(၁၀၀)ကျော် တပ်စွဲထားသည့် စစ်ကောင်စီခြေ လျင်တပ်ရင်း(ခလရ-၁၀၄)တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်...
Donate