KIC News
ဧရာဝတီတိုင်းအတွင်း တိမ်းရှောင်လာသည့် ရခိုင်စစ်ရှောင်များ အကူအညီလိုအပ်နေ
စက်တင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းတွင် လာရောက်ခိုလှုံကြသည့် ရခိုင်ပြည်နယ်များမှ ဒေသခံအများအပြားသည် လက်ရှိတွင် အခက်အခဲကြုံလာရပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းတို့ကို ကူညီစောင့်ရှောက်ထားသည့် ဧရာဝတီတိုင်းဒေသခံများက ပြောသည်။
ပြီးခဲ့သည့်လက ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA)မှ နယ်မြေသိမ်း...
ဖားအံမြို့ ဦးပေါက်တံတားအနီး အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး သေဆုံး
စက်တင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ဖားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကန်သာယာပတ်လမ်း၊ ဦးပေါက် တံတားအနီးတွင် စက်တင်ဘာလ(၄)ရက်နေ့က အသက်(၂၀)ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဓားဖြင့် အချက်ပေါင်းများစွာ အထိုးခံရပြီး သေဆုံးသွားကြောင်း မြို့တွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
မသွယ်သွယ်ဇူးဇင်အမည်ရှိ အမျိုးသမီးငယ်မှာ ၎င်းသူနာပြုအလုပ် လုပ်ကိုင်သည့်...
ကော့ကရိတ်၊ စစ်ကောင်စီ ရင်ကွဲတောင်တပ်စခန်းအနီး ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
စက်တင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ် စစ်ကောင်စီရင်ကွဲတောင် တပ်စခန်းအနီး၊ ထီဖိုးစံကျေးရွာအပိုင် ကော့ဖန်ရရွာ၌ စက်တင်ဘာ ၅ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် နွားကျောင်းနေသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်ဦးက ဓားထောက်ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပျောက်ဆုံးနေသည်ဟု...
လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပကာရီကျေးရွာနေ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ
စက်တင်ဘာ ၆ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသရှိ စစ်ကောင်စီပကာရီရဲကင်းစခန်းက လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ အရှေ့တောနယ်ပကာရီရဲကင်းစခန်းကို ဒေသအခြေစိုက်...
ကရင်နီ စစ်ရှောင်စခန်းနေရာ ဗုံးကြဲခံရ၍ အသက်(၁၁)နှစ်အောက် ကလေးငယ်(၇)ဦးအပါအဝင် သေဆုံးသူ (၉)ဦးရှိလာ
စက်တင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဖယ်ခုံမြို့အနောက်ခြမ်း၊ လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်း နေရာကို စက်တင်ဘာလ(၅)ရက်နေ့ည(၉)နာရီက စစ်ကောင်စီမှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံးထက်မနည်း ကြဲချတိုက်ခိုက်သဖြင့် အသက်(၁၁)နှစ်အောက်အရွယ် ကလေးငယ်(၇)ဦးအပါအဝင် သေဆုံးသူ စစ်ရှောင်(၉)ဦးရှိလာကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။
စစ်ရှောင်စခန်းရှိ...
ရိက္ခာပို့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ သုံးစီးပျက်စီး
စက်တင်ဘာ ၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ထုံထော်ကျေးရွာသို့ ရိက္ခာလာရောက် ပို့ဆောင်သည့် စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၅ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တနင်္သာရီမြို့နယ်၊ တာဝန်ရှိသူ ပဒိုစောထီးဝါးက ပြောသည်။
အဆိုပါ ထုံထော်ကျေးရွာ၌ တပ်စွဲထားသည့်...














