Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

ကော်သူးလေနယ်မြေအတွင်း လုံခြုံသော ပညာရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် KNU ကတိပြု

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကော်သူးလေနယ်မြေအတွင်း နေထိုင်သည့် ကလေးငယ်များအားလုံး ပညာသင်ကြားခွင့်ကို အသိအမှတ်ပြု ပြီး ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း လုံခြုံသော ပညာရေး ပတ်ဝန်းကျင်တစ်ခု ဖန်တီးသွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ကတိပြု ပြောသည်။ ကေအဲန်ယူအနေဖြင့် စက်တင်ဘာလ ၉ ရက်တွင်...

ဖားအံမှ မြဝတီသို့ ဆန်ပို့ကုန်ကားများ ငွေညှစ်တောင်းခံရမှု ပိုမိုကြုံတွေ့နေရ

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့မှ မြဝတီမြို့သို့ ဆန်ပို့ဆောင်သည့် ကားများသည် လမ်းတစ်လျှောက် စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်အောက်ခံတပ်များ၏ ငွေညှစ်တောင်းခံရမှု ယခင်ကထက် ပိုမိုကြုံတွေ့နေရသည်ဟု ဆန်ကုန်သည်များက ပြောသည်။ ဖားအံမြို့မှ မြဝတီမြို့ကို ဆန်ရောင်းဝယ်ရေးဆိုင်များဆန်သယ်ယူပို့ဆောင်သည့် ဆန်ကားများအား လမ်းပိုင်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်နှင့်...

NUG အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်နီနှင့် ဆက်သွယ်မေးမြန်းခြင်း။

“စစ်တပ်က သူ့ရဲ့အာဏာကိုကာကွယ်ပေးဖို့နည်းလမ်းမှာ ပါဝင်ပေးဖို့ကလွဲပြီး သူစိတ်မဝင် စားဘူး။ ပြည်သူ့ဘဝ လုံခြုံရေး၊ စီးပွားဖူလုံရေးဆိုတာ သူ့ခေါင်းထဲမှာမရှိဘူး။ အဲဒီတော့ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေကို အခွင့်အရေးကာကွယ်ပေးဖို့ မဖြစ်နိုင်ဘူး။ အခွင့် အရေး ကာကွယ်ပေးတာမရှိဘူးဆိုရင် အခွင့်အရေးချိုးဖောက်မှုတွေက ဖြစ်နေဦးမှာ” ဒုတိယဝန်ကြီးဦးကျော်နီ (NUG အလုပ်သမားရေးဝန်ကြီးဌာန) NUG အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်နီနှင့်...

တိုက်ပွဲမရှိဘဲ ကျုံခဝန်ရွာသို့ စစ်ကောင်စီဗုံးကြဲ၊ ၃နှစ်ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဝင်းရေးမြို့နယ် ကျုံခဝန်ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယနေ့ နံနက်၂ နာရီဝန်းကျင်အချိန်တွင် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာ...

လောင်းလုံးဒေသ စစ်ရှောင်များ ရိက္ခာအရေးပေါ် လိုအပ်နေ

စက်တင်ဘာ ၉ ရက် ၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တိမ်းရှောင်နေကြရသော ဒေသခံစစ်ရှောင်များသည် လက်ရှိတွင် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသည်ဟု ၎င်းတို့အား အနီးကပ် ကူညီနေသူများက ပြောသည်။ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ပြီးခဲ့သည့်ဩဂုတ်...
Donate