KIC News
မိသားစုကျန်းမာရေးနဲ့ ဝမ်းရေးကြားက မိခင်ဘ၀
မိသားစုကျန်းမာရေးနဲ့ ဝမ်းရေးကြားက မိခင်ဘ၀
ခေါင်ဆူလိုင့်
(အောက်တိုဘာ ၁၀ရက်၊ ၂၀၂၄)
“ကျမက အခု အသက် ၄၀ကျော်မှာ သွေးတိုးဖြစ်လာတယ်။ ယောက်ျားကလည်း ဆီးချို၊ သွေးချိုတွေနဲ့ ဆေး ကိုမပြတ်တမ်း သောက်လာရတဲ့ အခြေအနေမို့ အိမ်ဝင်ငွေရဖို့လည်း ဘာမှမလုပ်နိုင်ဘူး။”လို့ အိမ်ရှေ့ကြမ်း ခင်းလေးမှာထိုင်ရင်း အသက် ၄၄နှစ်အရွယ် နော်ပီးပီက...
စစ်ရေး၊ ကုန်သွယ်ရေး ဗျူဟာကျ အာရှလမ်းသစ် ပြန်ဖွင့်ရေး ဂယက်
စစ်ရေး၊ ကုန်သွယ်ရေး ဗျူဟာကျ အာရှလမ်းသစ် ပြန်ဖွင့်ရေး ဂယက်
နန့်ဆန်းထီ (အောက်တိုဘာ ၁၀၊ ၂၀၂၄ ခုနှစ်)
ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း ဖွင့်လှစ်ခဲ့သည့် ဒေါနတောင်ကျော် ကော့ကရိတ်- မြဝတီ အာရှလမ်း ပြန်ဖွင့်၊ မဖွင့် ယခုရက်ပိုင်းအတွင်း ပြောဆိုမှုများ ခပ်စိပ်စိပ်တွေ့နေရသည်။
အဆိုပါလမ်းကိစ္စနှင့်ပတ်သက်၍ ကရင့်လက်နက်ကိုင်...
မုန်းမြို့ပေါ် ရပ်ကွက်၌ မိုင်းပေါက်ကွဲ အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ
အောက်တိုဘာ ၁၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ အမှတ် ၄ ရက်ကွက်ရှိ မူလတန်းကျောင်းအနောက်ဖက် လမ်းတစ်နေရာ၌ အောက်တိုဘာ ၈ ရက်တွင် နင်းမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသတွင်း...
သာမညတွင် သန်းခေါင်စာရင်းအတွက် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ် ပစ်ခတ်ခံရ ၃ ဦးသေဆုံး
အောက်တိုဘာ ၁၀ ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်းစာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၀ ရက် (ယနေ့) နံနက်ပိုင်းအချိန်တွင် အမည်မသိ လက်နက်ကိုင်များက ပစ်ခတ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး...
သီပေါတွင် ဗုံးကြဲခံရ၍ ပြည်သူ ၂ ဦးနှင့် သီလရှင်တစ်ပါး ပျံလွန်သွား
အောက်တိုဘာ ၁၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် စစ်ကောင်စီက အောက်တိုဘာ ၈ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံ ၂ ဦးသေဆုံးပြီး သီလရှင်တစ်ပါး ပျံလွန်တော်မူသွားသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က အောက်တိုဘာ ၉...
လမ်းခရီးကြောင့် ဒီးမော့ဆိုစစ်ရှောင်ဒုက္ခသည်များ လိုအပ်သည့်ဆေးဝါးရရန် ခက်ခဲနေ
အောက်တိုဘာ ၁၀၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်တွင် ရေကြီးမှုများဖြစ်ပေါ်ပြီး နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲသည့် အတွက် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ဆေးဝါးများရရှိရန်ခက်ခဲနေ သည်ဟု စစ်ဘေးရှောင်များကို အနီးကပ် ကူညီနေသူများက ပြောသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းအများစုတွင် ကျမ်းမာရေစောင့်ရှောက်မှု လိုအပ်ချက်...
စစ်မှုထမ်း တိမ်းရှောင် အမျိုးသမီးများကာကွယ်ပေးရေး ကေအဲန်ယူ ဆွေးနွေးပွဲပြုလုပ်
အောက်တိုဘာ ၁၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ပြည်သူ့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာသည့် အမျိုး သမီးများအပေါ် အကာကွယ်ပေး နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို အောက်တိုဘာ ၇ မှ ၈ ရက်ထိ ဖားအံခရိုင်၊ ကရင်လူငယ်အစည်းအရုံး- KYO ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။...














