KIC News
နေရပ်မပြန်နိုင်သေးသည့် သံတောင်ကြီး စစ်ဘေးရှောင်(၁)ထောင်ကျော် အကူအညီလိုအပ်
မေ (၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)ရွာထက်မနည်းရှိ စစ်ဘေးရှောင်(၁,၀၀၀)ကျော်အတွက် စားနပ်ရိက္ခာနှင့် တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်း ၎င်းတို့ကိုအကူအညီပေးနေသူအချို့က ပြောသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းဝင်ရောက်မှုကြောင့် ဘုံတောင်၊ သာစည်၊ ကျောက်ကြီးတောင်ရွာသစ်၊ ငွေတောင်၊ ဗဟန်း၊ သစ်အယ်တောင်၊ မဏ္ဍပ်တောင်...
ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်းခြင်း
“ပိတ်ရက်တွေမှာ အလုပ်ဆင်းတဲ့အတွက်ကြောင့် ဆတိုးရတဲ့နေရာတွေတော့ ရှိပါတယ်။ ဒါပေမဲ့လည်း အင်မတန်မှနည်းလွန်းတယ်။ အဲ့ဒီအတွက်ကိုလည်း ကျနော်တို့ တိုက်ပွဲဝင်ကြဖို့လိုတယ်။”
ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်းခြင်း
မေ (၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မေလ(၁)ရက်နေ့သည် အလုပ်သမားများ၏ ရပိုင်ခွင့်၊ အခွင့်အရေးအတွက် ကိုယ်တိုင်တောင်းဆိုတိုက်ပွဲဝင်ကြသည့် လှုပ်ရှားမှုကိုအစွဲပြု၍ ပေါ်ပေါက်လာသော...
အချက် (၆) ချက်ပါ အလုပ်သမားအခွင့်အရေးအတွက် အလုပ်သမားအဖွဲ့များ မေဒေးနေ့တွင် စုပေါင်းတောင်းဆို
မေလ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုအာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းရှိ အလုပ်သမားများ ကြုံတွေ့ လာရသည့် ပိုမိုဆိုးရွားလာသော အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အခြေ အနေများကို ရပ်တန့်စေရန် အချက် (၆) ချက်ပါ တောင်းဆိုချက်ကို ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့...
နယ်စပ်ဒုက္ခသည်စခန်းများတွင် KTLA ၏ ကော်သူးလေ ID ကတ်ပြုလုပ်ပေးမှု စိတ်ဝင်စားသူနည်း
ဧပြီ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်စစ်ဘေးရှောင်အများစုနေထိုင်လျက်ရှိသည့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ကော်သူးလေအာမီ-KTLA က ကော်သူးလေမှတ်ပုံတင်(ID)ကတ် လိုက်လံလုပ်ဆောင်ပေးနေသော်လည်း စိတ်ဝင်စားသူနည်းပါးကြောင်း နယ်စပ်ဒုက္ခသည်အသိုင်းအဝိုင်းမှ သိရသည်။
ဒုက္ခသည်စခန်းများအပါအဝင် နယ်စပ်ဒေသနှင့် နိုင်ငံရပ်ခြားရှိ ကရင်လူမျိုးအများစုနေထိုင်သည့်နေရာများတွင် ကတ်ပြုလုပ်ရန် ကိုယ်စားလှယ်ဆိုသူများက စည်းရုံးပြောဆိုမှုရှိခဲ့သည်။ သို့ရာတွင် ပေါ်ပေါ်ထင်ထင်လုပ်ဆောင်မှုမရှိခြင်း၊ အာမခံချက်မရှိခြင်းကြောင့်...
စစ်မြေပြင်မှ တော်လှန်ရေးနှင့် အမျိုးသမီးအရေးကို တစ်ပြိုင်နက် ထမ်းဆောင်သူ နော်ဒေးနော်
စစ်မြေပြင်မှ တော်လှန်ရေးနှင့် အမျိုးသမီးအရေးကို တစ်ပြိုင်နက် ထမ်းဆောင်သူ နော်ဒေးနော်
နန်းဝေဖြိုး
(ဧပြီ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်)
တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ မူတြော်ခရိုင် (ဖာပွန်) ထဲကို အေးအေးလူလူ စီးဆင်းနေပါတယ်။
ထိုချောင်းနံဘေး မနီးမဝေးက အုံ့စိုင်းလှတဲ့ ဝါးပိုးဝါးရုံအောက်၊ ဝါးထရံကာ...
လေကြောင်းတိုက်ခိုက်မှုကြားမှ အထက်တန်းအဆင့် ကော်သူးလေအစိုးရစစ်စာမေးပွဲအောင်မြင်သူ (၁,၀၀၀) ကျော်ရှိ
ဧပြီ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများကြားမှ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် အထက်တန်းအဆင့် ကော်သူးလေအစိုးရစစ် စာမေးပွဲအောင်မြင်သူ (၁,၀၅၆)ဦးရှိကြောင်း ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECD ၏ ဧပြီလ ၂၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ကော်သူးလေအစိုးရစစ်(၁၂)တန်း စာမေးပွဲကို...
ကရင်ငြိမ်းချမ်းရေးတည်ဆောက်မှုကော်မတီ KNPBC အမည်ကို အတည်မပြုသေးကြောင်း တာဝန်ရှိသူ ပြောဆို
ဧပြီလ ၂၉ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားငြိမ်းချမ်းရေးတည်ဆောက်မှုကော်မတီ (Karen National Peace Building Committee - KNPBC) မှာ အဖွဲ့အမည်ကိုပင် အတည်မပြုရသေးကြောင်း ၎င်းအဖွဲ့တွင်း ဦးဆောင်ပါဝင်သူတစ်ဦးက ကေအိုင်စီသို့ ဧပြီလ ၂၇ရက်နေ့တွင် ပြောသည်။
သူက “ပြောရမယ်ဆိုရင် ဒီစာရွက်က အတည်မဟုတ်သေးဘူး။...
ဘုရားသုံးဆူအနီးရှိ မက္ကသာခဲမိုင်းနေရာကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲ၊ တရုတ်လုပ်ငန်းရှင်အပါအဝင် ၄ ဦး ဒဏ်ရာရ
ဧပြီ ၂၉ ရက် ၊ ၂၀၂၆။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေဖြစ်သော ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်းတွင်းနေရာများကို စစ်အုပ်စုက ဧပြီ ၂၉ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်များ အပါအဝင်...
ကော့ကရိတ်တောင်ပိုင်း ဖန်းခါးကုန်းတွင် ဒရုန်းဗုံးကြဲ၍ ကလေးငယ် အပါအဝင်(၂)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရ
ဧပြီ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာ၊ ဖန်းခါးကုန်းအပိုင်းတွင် ယနေ့ ဧပြီလ(၂၉)ရက်နေ့ နံနက်ပိုင်းက စစ်အုပ်စုမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေး(၁)ဦးနှင့်လူကြီး(၁)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိသွားကြောင်း ကော့ကရိတ်တောင်ပိုင်းနေရွာခံအချို့ပြောပြချက်အရ သိရသည်။
ယနေ့ နံနက် ၉ နာရီ မိနစ်...
မဲဆောက်တွင် တစ်ရက်အတွင်း တရားမဝင်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား(၁၃)ဦး ဖမ်းဆီးခံရ
ဧပြီ (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်အချို့ကို ထိုင်းအာဏာပိုင်ဘက်မှ ယမန်နေ့ ဧပြီလ(၂၈)ရက်နေ့က ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမား(၁၃)ဦး ဖမ်းဆီးခံခဲ့ရကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဘက်မှ သိရသည်။
Tak Immigration ၏ ယနေ့ ဧပြီလ(၂၉) ရက်နေ့ဖော်ပြချက်အရ...















