KIC News
မြန်မာ့အရေး မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ ဆွေးနွေးခဲ့
ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်နေ့က တွေ့ဆုံမှုတွင် မြန်မာ့အရေး ဆွေးဆွေးနွေးခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း၌ ယနေ့ ဖော်ပြထားသည်။
ကွာလာလန်ပူမြို့၌ ပြုလုပ်ခဲ့သည်ဟု ယူဆရသည့် ဆွေးနွေးပွဲသည် “အကျိုးဖြစ်ထွန်းမှု” ဟု...
ကျားဖြန့်၌ နိုင်ငံသား ၁၈ ဦး ကယ်ဆယ်ရေးကိစ္စ သီရိလင်္ကာ ဝန်ကြီးနှင့် စကစ ဝန်ကြီးတို့ ဖုန်းခေါ်ဆွေးနွေး
ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့နယ်ရှိ ကျားဖြန့် လုပ်ငန်းခွင်၌ နိုင်ငံသား ၁၈ ဦးကို ကယ်ဆယ်ရေးကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီ နိုင်ငံခြား ရေးဝန်ကြီး ဦးသန်းဆွေနှင့် သီရိလင်္ကာနိုင်ငံ၊ နိုင်ငံခြား အလုပ်အကိုင်နှင့်် ခရီးသွားလာရေး ဝန်ကြီး ဗီဂျီတဟာရတ်တို့ တယ်လီဖုန်းပြောဆိုဆွေးနွေးခဲ့သည်ဟု...
မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ရောင်းချနေမှုကို ဖြတ်တောက်ရန် ထိုင်းအစိုးရ ဆုံးဖြတ်
ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့ရှိ နေရာအချို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အား ရောင်းချနေမှုကို ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စတင်ဖြတ်တောက်ရန် အစိုးရက ဆုံးဖြတ်လိုက်သည်ဟု နေရှင်းသတင်း၌ ဖော်ပြထားသည်။
ကာကွယ်ရေးဝန်ကြီး ဖန်တမ်ဝီချရာချိုင်းက မြန်မာနယ်စပ်ဒေသသို့ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားပေးဝေမှုကို ဖြတ်...
မဲပလီစခန်းကျပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ နတ်ကြီးသို့ပြန်ဆုတ်ပြီး လမ်းပိုင်းတွင် ကင်းပုန်းချနေရာယူ
ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ-၁ နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အခြေစိုက် မဲပလီစစ်တပ်စခန်းကျပြီးနောက် စခန်းမှတပ်ဖွဲ့ဝင်အချို့ နတ်ကြီးရွာရှိတပ်စခန်းသို့ပြန်ဆုတ်၍ နတ်ကြီးမှဘီးလင်းမြို့သို့သွားသည့် လမ်းပိုင်းအချို့တွင် ကင်းပုန်းဝပ်နေရာယူထားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်က ဆိုသည်။
တစ်လကြာ တိုက်ခိုက်သိမ်းယူနိုင်ရန် ကြိုးပမ်းခဲ့ရသည့် မဲပလီစခန်းကို ဖေဖော်ဝါရီ(၁)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပါဝင်သည့်...
တနင်္သာရီ ထုံမခါရွာသို့ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီမြို့နယ် ထုံမခါကျေးရွာအတွင်းသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် ဖေဖော်ဝါရီ ၃ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်အချိန်တွင် ဗုံး(၂)လုံး ကြဲချ မြိတ်ခရိုင်တပ်ရင်း(၂)မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးကြီးက ပြောဆိုသည်။
အဆိုပါ ကျေးရွာ၌ နှစ်ဖက်တိုက်ပွဲ...














