Home Authors Posts by KIC News

KIC News

22411 POSTS 0 COMMENTS

ထိုင်းဘုရင်မင်းမြတ် အတည်ပြုလိုက်သည့် အစိုးရအဖွဲ့တွင် မစ္စပေတုံတန် ဝန်ကြီးချုပ်အဖြစ် ဆက်ဦးဆောင်မည်

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်းဘုရင်မင်းမြတ် အတည်ပြုထုတ်ပြန်လိုက်သည့် အစိုးရအဖွဲ့ အပြောင်းအလဲ စာရင်း၌ လက်ရှိဝန်ကြီးချုပ် မစ္စပေတုံတန်က ဆက်ဦးဆောင်မည်ဖြစ်သည်ဟု ထိုင်းတော်ဝင်ဂေဇက်က ယနေ့နံနက်ပိုင်းတွင် သတင်းထုတ် ပြန်လိုက်သည်။ မစ္စပေတုံတန်ရှင်နာဝပ်သည် လက်ရှိ ရာထူးအပြင် ယဥ်ကျေးမှုဝန်ကြီးရာထူးကိုပါ ပူးတွဲကိုင်ဆောင်ရမည်ဟု တော်ဝင်ဂေဇက်က အတည်ပြုထုတ်ပြန်ထားသည်။ အဆိုပါ ထိုင်းအစိုးရ...

ထီးထာရှိ မူလမြေပိုင်ရှင်များ မိသားစု၊ ဆွေမျိုးများထံ လွှဲပေးနိုင်သော်လည်း ရောင်းချခွင့် မပြု

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ထီးခီးနယ်စပ် ကုန်သွယ်ရေး လမ်းပေါ် ထီးထာဒေသတွင် စစ်ကောင်စီ ကင်းစင်ပြီးနောက် ကေအဲန်ယူက မူလမြေပိုင်ရှင်များကို လွှဲပေးမည် အစီစဉ်တွင် မူလပိုင်ရှင်တို့က မိသားစု၊ ဆွေမျိုးများထံ ပြန်လွှဲပေးနိုင်သော်လည်း ရောင်းချခွင့်မပြုဟု ခရိုင် တာဝန်ရှိသူက...

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးတွင် ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံ ၅ ဦးဒဏ်ရာရ

ဇွန်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ဇွန်လ (၂၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ တောင်ငူလေတပ်မှ...

ဝန်ကြီးချုပ်ဖယ်ရှားရေး ဆန္ဒပြတောင်းဆိုမှု ထိုင်းနိုင်ငံအတွင်း တဖြည်းဖြည်းကျယ်ပြန့်လာ

ဇွန်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ကို ရာထူးမှ နုတ်ထွက်ရေး ဆန္ဒပြတောင်းဆိုမှုများ ထိုင်းနိုင်ငံအတွင်း တဖြည်းဖြည်းကျယ်ပြန့်လာနေသည်ဟု Bangkok Post သတင်းဌာနက ယနေ့ ဖော်ပြထားသည်။ အဆိုပါ လှုပ်ရှားမှုများကို ရှပ်နီ (Red Shirt) ခေါင်းဆောင်များက ဦးဆောင်နေခြင်းဖြစ်ပြီး...

ကျုံဒိုး စစ်ရှောင်များကို မြို့ပေါ် ပြန်လာနေရန် ဖိအားပေးနေ

ဇွန် ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တိုက်ပွဲများကြောင့် ကျုံဒိုးမြို့ပေါ်မှ ဂျိုင်းမြစ် တစ်ဖက်ကမ်း၊ ဖားအံမြို့နယ်အတွင်း စစ်ရှောင်နေသူများကို စစ်ကောင်စီအုပ်ချုပ်ရေးမှူးများနှင့် စည်ပင်ဝန်ထမ်းများက ပြန်လာနေရန် ဖိအားပေးခေါ်ယူနေသည်ဟု မြို့ခံ စစ်ရှောင်များက ပြောသည်။ ပြီးခဲ့သည့် ဧပြီလမှ ယခုဇွန်လကုန်ပိုင်းအထိ ကျုံဒိုးတွင်တိုက်ပွဲများဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ လက်နက်ကြီး...

နှစ်ရက်အတွင်း သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ဟု မိုးဇလထုတ်ပြန်

ဇွန်လ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နောက်လာမည့်(၂)ရက်အတွင်း သံလွင်မြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ်ထက် ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့တွင်ထုတ်ပြန်လိုက်သည်။ ဖားအံမြို့တွင် ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)မိနစ် တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် မြို့၏ စိုးရိမ် ရေမှတ်အောက်(၂)ပေခွဲကျော်တွင် ရောက်ရှိနေသော်လည်း နောက်လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့...

ညောင်တုန်းမြို့နယ် ကျေးရွာအချို့တွင် လုံခြုံရေးအကာအကွယ်ဖြင့် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေ

ဇွန် ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကာအကွယ်ပေးမှုဖြင့် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာနေကြကြောင်း ညောင်းတုန်း ဒေသခံများက ပြောသည်။ ဒေသတွင်း အာဏာပိုင်များကို လိုင်းကြေးပေး၍ လက်နက်ကိုင်ရဲနှင့် စစ်သားများ၏ လုံခြုံရေး စောင့်ကြပ်မှုဖြင့် ဒေသတွင်းလောင်းကစားလုပ်ဆောင်သူများက...

ဖားအံတွင် မြို့ပတ်လိုင်းကားပြေးဆွဲမှု အစီအစဉ်လုပ်ဆောင်သော်လည်း စီးမည့်သူမရှိဖြစ်နေ

ဇွန်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်ကောင်စီက လိုင်စင်မဲ့ကား/ဆိုင်ကယ် ဆက်လက်ဖမ်းဆီးနေဆဲအချိန်တွင် မြို့ပြင်ပတ်လမ်းအတိုင်း ဈေးများသို့ သွားလာနိုင်ရန် လိုင်းကားလမ်းကြောင်း နှစ်ခု ဇွန်လ ၂၃ ရက်မှ စီစဉ်ပြေးဆွဲမည်ဟုကြေငြာပြီးစတင်လုပ်ဆောင်သော်လည်း စီးနင်းသွားလာမှုမရှိသလောက်နည်းပါးကြောင်း မြို့ခံများက ပြောသည်။ ထိုသို့ မြိုပြင်ပတ်လမ်းနှင့် ဈေးများသို့...

သိန်ခွန်းကျေးရွာတဝိုက် တကျော့ပြန်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ဇွန်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ တနောသရီမြို့နယ်၊ သိန်ခွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိနေကြောင်း ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က ဇွန်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ နံနက် ၈...
Donate