KIC News
ကော်သူးလေသစ်ပင်စိုက်နေ့အတွက် ဖားအံခရိုင်တွင် သစ်ပင် (၅၀၀) ဝန်းကျင် စိုက်ပျိုးခဲ့
ဇွန်လ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင် ကွီးလော်ဖ လိုးကျေး ရွာတွင် KNU ဗဟို ကော်သူးလေသစ်တောဌာန-KFD နှင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ ယနေ့ ဇူလိုင်လ ၁ ရက် နေ့တွင် ကျရောက်သည့်...
ဗိုလ်မှူးကြီး စောချစ်သူနှင့်သားသမီးများပိုင် ချစ်လင်းမြိုင်ကုမ္ပဏီကို စစ်ကောင်စီ အမည်ပျက် စာရင်းသွင်း
ဇူလိုင် ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နိုင်ငံခြားသို့ပို့ ကုန်တင်ပို့မှုမှရရှိငွေ ဘဏ်ပြန်မသွင်းသည့်ကိစ္စဖြင့် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF မှ ဗိုလ်မှူးကြီး စောချစ်သူနှင့် ၎င်းသားသမီးသုံးဦးအပါအဝင် လူပုဂ္ဂိုလ်(၅)ဦး မှတ်ပုံတင်ထားသည့် ချစ်လင်းမြိုင်ကုမ္ပဏီကို အမည်ပျက်စာရင်း (Black list) ထည့်သွင်းကြောင်း စစ်ကောင်စီထိန်းချုပ်သည့် ဗဟိုဘဏ်က ယနေ့ရက်စွဲဖြင့်...
ဂျွန်ဟော့ကင်း က KDHW ဌာနမှူးဟောင်း ပဒိုအယ်ကလူရွှေဦး နာမည်ဖြင့် ပါရဂူဘွဲ့ ပညာသင်ဆုထူထောင်
ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကျမ်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW) ဌာနမှူးဟောင်း ကွယ်လွန်သွားသူ ပဒိုအယ်ကလူရွှေဦးအမည်ဖြင့် အမေရိကန်ရှိ နာမည်ကျော်ဂျွန်ဟော့ကင်း တက္ကသိုလ်က ဘွဲ့လွန် ပါရဂူ ပညာသင်ဆု ထူထောင်လိုက်သည်ဟု အဆိုပါတက္ကသိုလ်က ထုတ်ပြန်လိုက်သည်။
ပဒိုအယ်ကလူရွှေဦးသည် ပဋိပက္ခဖြစ်ပွားသည့် ဒေသအတွင်းနေထိုင်သူများအတွက် မိုဘိုင်းကျန်းမာရေး ဝန်ဆောင်မှုကို စတင်နိုင်ခဲ့သလို...
တော်ဝင်ဂေဇက်က အစိုးရအဖွဲ့အပြောင်းအလဲစာရင်းထုတ်ပြန်ပြီး နာရီပိုင်းအတွင်း မစ္စပေတုံတန် ဝန်ကြီးချုပ်ရာထူးအဖြစ်မှ ဆိုင်းငံ့ခံရ
ဇူလိုင် ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းတော်ဝင်ဂေဇက်က ထိုင်းအစိုးရအဖွဲ့အပြောင်းအလဲစာရင်းထုတ်ပြန်ပြီး နာရီပိုင်းအတွင်း မစ္စပေတုံတန်ကို အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ရာထူးအဖြစ်မှ ဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအခြေခံဥပဒေခုံရုံးက မစ္စပေတုံတန်ရှင်နာဝပ်ကို ဖယ်ရှားသော အမိန့်သည် ကမ္ဘောဒီး ယားဝန်ကြီး ဟောင်းနှင့်ပြောဆိုသော အသံဖိုင်ပေါက်ကြားမှုကို ရုံးတော်က လက်ခံစစ်ဆေးမည်ဟု သိရသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့်...
မိုးဗြဲမြို့ အဓိကလမ်းမကြီးပေါ် လုံးဝ သွားလာခြင်းမပြုရန် မဟာမိတ်တပ်ပေါင်းစု ထုတ်ပြန်
ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ အဓိက လမ်းမကြီးများပေါ် အများပြည်သူများ လုံးဝ သွားလာခြင်းမပြုရန် တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုက ဇွန် ၃၀ ရက်နေ့တွင် အရေးပေါ် သတင်းထုတ်ပြန် လိုက်သည်။
မိုးဗြဲမြို့အတွင်း နေရာအများစုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်...
အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း ဖမ်းဆီးခံရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃ သောင်းနီးပါးရှိလာ
ဇူလိုင် ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ ၂၉,၃၄၂ ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ ဇူလိုင်လ ၁...
ရေး အာယုတောင်ရှိ ခမရ-၃၄၃ စခန်းကုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်သိမ်းပိုက်
ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာရှိ စစ်ကောင်စီ၊ ခမရ-၃၄၃ စခန်းကုန်းတစ်ခုကို ရေးမြို့နယ် အခြေစိုက် ရေးဘီလူးအဖွဲ့က ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် လိုက်သည်ဟု အဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောသည်။...
မယ်သမီထာ၌ မြိတ်-ထားဝယ်ခရိုင် သစ်ပင်စိုက်ပွဲ ကျင်းပ
ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်က ယခု ဇူလိုင်လတွင် ကျရောက်သည့် ၈ ကြိမ်မြောက် ကော်သူးလေ သစ်ပင်စိုက်ပွဲကို မယ်သမီထာ(ထီးထာ) ကျေးရွာ၌ ဇူလိုင် ၁ ရက်၊ ယနေ့ နံနက်ပိုင်း တွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကော်သူးလေသစ်ပင်စိုက်လ...














