KIC News
သထုံခရိုင်တွင် မေလအတွင်း လူနေအိမ် ၅၇ လုံးပျက်စီး၊ အရပ်သား ၃ ဦးသေဆုံးခဲ့
ဇွန်လ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ သထုံခရိုင်/ တပ်မဟာ (၁) နယ်မြေတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မေလအတွင်း လူနေအိမ် ၅၇ လုံးပျက်စီးပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ခရိုင်၏ လချုပ်မှတ်တမ်းအရ သိရသည်။
သထုံခရိုင်အတွင်းရှိ...
စစ်ကောင်စီဖမ်းဆီးခဲ့သော လိပ်သို-တောင်ငူလမ်းသွားလာသူ ၁၁ ဦးအနက် ၇ ဦး အသတ်ခံလိုက်ရ
ဇွန် ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြီးခဲ့သည့်မေလက ထုံးဘိုကြီးရွာဘက်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလိုက်သော လိပ်သို-သံတောင်-တောင်ငူလမ်းပိုင်းအသုံးပြုသွားလာသူ ဒေသခံအရပ်သားအပါအဝင် အမျိုးသား ၁၁ ဦးအနက် ၇ဦး သတ်ဖြတ်ခံလိုက်ရကြောင်း အခြေအနေကို သိထားသော ကေအိုင်စီသတင်းအရင်းအမြစ်မှ သိရသည်။
ထုံးဘိုကြီးရွာနားဝန်းကျင် တပ်ဖြန့်လုံခြုံရေးယူနေသော...
မဲဆောက်တွင် ဘက်ထ္ထရီသုံး E-Bike ဖမ်းဆီးနေ
ဇွန် ၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်၊ တာခ့်ခရိုင်၊ မဲဆောက်မြို့၌ ဘထ္ထရီသုံး E-Bike များကို ထိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်နေသည်ဟု ရွှေ့ပြောင်းမြန်မာ အလုပ်သမားများက ပြောဆိုသည်။
ရွှေ့ပြောင်း မြန်မာလုပ်သားများ အဓိက အသုံးပြုလျက်ရှိနေသည့် E-Bike ဖမ်းဆီးမှုများကို ယခုနှစ်...
ညောင်တုန်း ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်ခဲ့
ဇွန်လ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ညောင်တုန်းမြို့နယ်၏ ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(KYDA) ဖွဲ့စည်းတည်ထောင်ခြင်း (၁၀) နှစ်ပြည့် အခမ်းအနားကို ယမန်နေ့ ဇွန်လ (၈) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဖေါင်ရိုးချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကရင်စာပေနှင့် ရိုးရာယဉ်ကျေးမှု အမွေအနစ်များ ထိန်းသိမ်းမြှင့်တင်ရန် နှင့် ကရင်လူငယ်များအတွက်...
ကျုံဒိုးတွင် လက်နက်ကြီးနှင့် ဗုံးကြဲခံရ၍ ရွာသား ၁ ဦး သေဆုံး ၅ ဦး ဒဏ်ရာရ
ဇွန် ၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျုံဒိုးမြို့နယ်၊ အုန်းတစ်ပင်ရွာနှင့် ရေပူကြီးကျေးရွာ၌ စစ်ကောင်စီက ဇွန် ၇ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများကြောင့် စစ်ဘေးမရှောင်ဘဲ အိမ်စောင့် ကျန်ရစ်ခဲ့သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၅...














