Home Authors Posts by KIC News

KIC News

22005 POSTS 0 COMMENTS

စစ်ကောင်စီကြောင့် တစ်လအတွင်း အမျိုးသမီး ၃၄ ဦး သေဆုံးခဲ့ဟု မြန်မာ့အမျိုးသမီးသမဂ္ဂပြော

ဇူလိုင် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသမီး ၃၄ ဦး သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union-BWU)က ယနေ့ ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန် ပြောဆို...

ဘန်ကောက်တွင် ထိုင်းအမည်ခံနှင့် ဖွင့်ထားသည့် တရုတ်ပိုင် ငွေသားမဲ့ငွေပေးချေစနစ် ကုမ္ပဏီ ၅ ကို ထိုင်းရဲ တပ်ဖွဲ့ ဝင်ရောက်စီးနင်း

ဇူလိုင် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် အနီးတဝိုက်တွင် ထိုင်းနိုင်ငံသားအမည်ခံနှင့် ဖွင့်လှစ်ထားသော တရုတ်ပိုင် E-Money ကုမ္ပဏီ ၅ ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။ ပြီးခဲ့သည့် အင်္ဂါနေ့ (ဇူလိုင်လ ၈) ရက်နေ့တွင်...

မယ်လစခန်းက ဒုက္ခသည်အမျိုးသမီး ၅ ကီလိုကျော် ကလေးမွေးဖွား

ဇူလိုင် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သည့် အမျိုးသမီးဖြစ်သူမှ ကိုယ်အလေးချိန် ၅ ကီလိုကျော် ( ၁၁ ပေါင်ခွဲ)ရှိ က‌လေး တစ်ဦးကို မွေးဖွားခဲ့ကြောင်း ထာ့ဆောင်ယန်း ဆေးရုံ၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် သိရသည်။ ပြီးခဲ့သည့်...

လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာသူ ‘သုခ’စခန်းမှူး ဗိုလ်ကြီးစောမိုးဇက်ကို KNU ဂုဏ်ပြုကြိုဆို

ဇူလိုင် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ် ခရိုင်၊ တပ်မဟာ(၄)နယ်မြေရှိ စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ ခြေလျင်တပ်ရင်း (ခလရ-၂၈၂) 'သုခ' မဆုတ်တမ်း စခန်းမှ လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာသူ ဗိုလ်ကြီးစောမိုးဇက်အား ဂုဏ်ပြုကြိုဆိုကြောင်း တပ်မဟာ(၄)ဘက်က ယနေ့...

ဘီးလင်း၊ မင်းစောရွာ စာသင်ကျောင်းကို စစ်ကောင်စီလေယာဥ်ဖြင့် ထပ်မံဗုံးကြဲ

ဇူလိုင် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော(ဃောဖိုးပလယ်)ရွာစာသင်ကျောင်းကို ယနေ့ ဇူလိုင်လ (၁၀)ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခံရကြောင်း သိရသည်။ မင်းစောရွာ စာသင်ကျောင်းကို စစ်ကောင်စီက ယခုနှစ်မတ်လက လေကြောင်းဗုံးကြဲမှုများ လုပ်ဆောင်သွား...

လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကြောင့် ၆ လအတွင်း ကရင်နီပြည်သူ ၆၂ ဦးသေဆုံး

ဇူလိုင် ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်နီ(ကယား) ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် (၆)လ အတွင်း ကရင်နီဒေသခံ ပြည်သူ(၆၂)ဦးသေဆုံးခဲ့သည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန် ပြောဆိုလိုက်သည်။ ယခု ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ရမ်းသမ်း...

ဘိတ်-ထားဝယ်ခရိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုလိုက် သေဆုံး

ဇူလိုင် ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်/တပ်မဟာ-၄ နယ်မြေ၊ ရေဖြူမြို့နယ်ရှိ ကျေးရွာအတွင်းသို့ ယမန်နေ့ ဇူလိုင် ၈ ရက်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ မိသားစုဝင် (၄) ဦး သေဆုံးခဲ့ကြောင်း ယမန်နေ့ ဇူလိုင် ၈...
Donate