KIC News
ကေအဲန်ယူ ကော့ကရိတ်မြို့နယ် ဌာနပေါင်းစုံအတွက် နိုင်ငံရေးသင်တန်း ပြုလုပ်ပြီးစီး
ဇူလိုင် ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အတွင်းရှိ ဌာနပေါင်းစုံ အတွက် အခြေခံ နိုင်ငံရေး ၇ ရက်ကြာ ရက်တိုသင်တန်းတစ်ရပ်ကို ဇူလိုင် ၁၇ ရက်နေ့တွင် ပြုလုပ်ပြီးစီး ခဲ့သည်ဟု ခရိုင်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ...
ရွေးကောက်ပွဲကြောင့် သွေးထွက်သံယိုမှုများ ပိုမိုဆိုးရွားလာစေမည်ဖြစ်ကြောင်း ICG ထောက်ပြ
ဇူလိုင် ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် ပြည်တွင်းစစ်ဖြစ်နေသည့် မြန်မာပြည်၌ သွေးထွက် သံယိုမှုများကိုသာ ပို၍များပြားစေနိုင်ကြောင်း စစ်ပွဲဆန့်ကျင်၊ ငြိမ်းချမ်းရေးပုံဆောင်ရန် ကြိုးပမ်း နေသည့် နိုင်ငံတကာအရပ်ဖက်အဖွဲ့ International Crisis Group-ICG က ယနေ့ထုတ်ပြန်သော အာရှအစီရင်ခံစာတွင် ထောက်ပြသည်။
အများလက်ခံယုံကြည်မှုမရှိသော...
တပ်မဟာ (၁) နယ်မြေတွင် တလအတွင်း စစ်ကောင်စီ ၉ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရဟု ကေအဲန်ယူ ထုတ်ပြန်
ဇူလိုင် ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ သထုံခရိုင်/တပ်မဟာ(၁)နယ်မြေတွင် ပြီးခဲ့သည့် ဇွန်လ တလ အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်တို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဝင်တပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခရိုင်၏လချုပ်မှတ်တမ်းအရ သိရသည်။
ဇွန်လ...
ရှမ်းမြောက်တွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် လူ(၄၀)ကျော် ထိခိုက်သေဆုံးပြီး အဆောက်ဦး (၅၆) လုံးထက်မနည်း ပျက်စီး
ဇူလိုင် ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက ဇူလိုင်(၄)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၁၃)ဦးသေဆုံး၊ (၃၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ်အပါအဝင် ဆေးရုံ၊ စာသင်ကျောင်းနှင့် ပြည်သူပိုင်အဆောက်အဦး (၅၆)လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့-SHRF က ယမန်နေ့တွင်...
KWO ဥက္ကဌဟောင်း ပဒိုနော်ဖောဒေးတိုး စျာပနပွဲ လူ ၂၀၀ နီးပါး လိုက်ပါပို့ဆောင်
ဇူလိုင် ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကွယ်လွန်သူ ကရင်အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဋ္ဌဟောင်း ပဒိုနော်ဖောဒေးတိုး၏ ရုပ် အ လောင်းအား ဂူသွင်းမြှုပ်နှံခြင်းဈာပနအခမ်းအနားကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ် နိုဘိုးကျေးရွာ၌ ဇူလိုင်လ ၁၇ ရက်ယနေ့ မွန်းလွဲ ပိုင်းတွင် ပြုလုပ်ခဲ့ရာ ၎င်း၏မိသားစုဝင်များနှင့်...
တောင်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ပေါင်း စစ်ရေးမဟာမိတ်သဘောတူညီမှုယူအပြီး မွန်ကရင် စစ်ရေးပူးပေါင်းလှုပ်ရှား
ဇူလိုင် ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာပြည်တောင်ပိုင်းတိုင်းအခြေစိုက် မွန်၊ ကရင်၊ ကရင်နီ(ကယား) တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ပေါင်း စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ရန် သဘောတူညီမှုယူအပြီး ယခု ဇူလိုင်လအတွင်း ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မွန်တော်လှန်ရေးအဖွဲ့တို့ စစ်ရေးပူးပေါင်းလှုပ်ရှားမှုရှိခဲ့ကြောင်း KNLA သတင်းအရင်းအမြစ်မှ သိရသည်။
ကရင်၊...
မဲဆောက် ရွှေ့ပြောင်းကျောင်းတစ်ခုမှ ကျောင်းဆရာတစ်ဦး လိင်အမြတ်ထုတ်မှုဖြင့် တိုင်ချက်ဖွင့်ခံရ
ဇူလိုင် ၁၇ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းတစ်ခုမှ ကျောင်းဆရာတစ်ဦး လူငယ် ကျောင်းသားအချို့အပေါ် လိင်အမြတ်ထုတ်မှု ကျူးလွန်မှုဖြင့် တိုင်ချက်ဖွင့်ခံထားရသည်ဟု သိရှိရသည်။
ကျူးလွန်သူဟု စွပ်စွဲခံရသူ အသက် ၇၀ ကျော်အရွယ် ဦးဇော်ငြိမ်းလတ်ဆိုသူကို နစ်နာသူကျောင်းသားမိဘနှင့် ဆူဝမ်နမစ်ဖောင်ဒေးရှင်း၊...
ဝေါ်လေဗျူဟာတိုက်ပွဲ ပြင်းထန်လာ၍ ဒေသခံ တစ်ထောင်ဝန်းကျင် ထိုင်းဘက်သို့ တိမ်းရှောင်
ဇူလိုင် ၁၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) မြဝတီမြို့၏ တောင်ဘက်ခြမ်းရှိ ဝေါ်လေမြိုင်မြို့သစ်ရှိ စစ်ကောင်စီ ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲ ပြင်းထန်လာ၍ ဒေသခံ ပြည်သူ တစ်ထောင်ဝန်းကျင်ခန့် တစ်ဖက်ထိုင်းနိုင်ငံထဲသို့ တိမ်းရှောင်ခိုလှုံ နေသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါစခန်းကို ဇူလိုင်...
ဓါးပြတိုက် ပြန်ပေးဆွဲ ဖမ်းမိအဖွဲ့ထံတွင် DKBA ကဒ်ပြားတွေ့မှုအပေါ် ရှင်းလင်းမည်
ဇူလိုင် ၁၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့လယ်တွင် ဓါးပြတိုက်၊ ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် အဖွဲ့ဝင်များကို ဖမ်းဆီးရမိစဉ် DKBA အဖွဲ့ ကဒ်ပြား တွေ့ မှုအပေါ် ရှင်းလင်းပြောဆိုသွားရန် စီစဉ်နေသည်ဟု DKBA ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
မြဝတီ မြို့တွင်...
အာဆီယံက မြန်မာ့အရေး ကိုင်တွယ်နိုင်စွမ်း ကန့်သတ်မှုများစွာရှိဟု NUG ပြော
ဇူလိုင် ၁၇၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာဆီယံအနေဖြင့် မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်နိုင်စွမ်း ကန်သတ်မှုများစွာရှိနေသည်ဟု ရှုမြင်ကြောင်း အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာက ဇူလိုင် ၁၆ ရက်နေ့ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့သည့် ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြား...














