KIC News
ဖားအံမြို့ရှိ ဖြူစင်မေတ္တာစေတနာ သွေးလှူရှင်အဖွဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်တွေ့ဆုံပွဲ ပြုလုပ်
မတ်လ ၅ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
လူငယ်များဦးဆောင်သည့် ဖြူစင်မေတ္တာစေတနာ သွေးလှူရှင်အဖွဲ့က ၎င်းတို့အဖွဲ့ဝင်များ တွေ့ဆုံရန်နှင့် စည်းလုံး ညီညွတ်မှုရရှိဖို့ရန် တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတစ်ရပ်ကို မတ်လ ၃ ရက်နေ့၌ ဖားအံမြို့၊ သုမေဓာ ရာမတောရကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ယင်းအဖွဲ့ခေါင်းဆောင် ကိုသန်းထွန်းအောင်က “အခုလို သွေးလှူရှင်အဖွဲ့ ထူထောင်တာကတော့ လူနာတွေကို...
သုံးဆယ့်သုံးဆူ ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ဖြစ်ပွားပြီး ကျောင်းထိုင်ဆရာတော် ဒဏ်ရာရ
မတ်လ ၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် သုံးဆယ်သုံးဆူဆံတော်ရှင်ဘုရားစေတီများတည်ရှိရာ အထင်ကရနေရာ ဖြစ်သော သုံးဆယ်သုံးဆူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ မတ်လ ၂ရက်နေ့က မတော်တဆ မီးလောင် ကျွမ်းမှုကြောင့် သက်တော် ၆၄နှစ်၊ ဝါတော် ၄၄ ဝါရှိသူ ကျောင်းထိုင်ဆရာတော် ဦးပညာဝံသဒဏ်ရာရရှိခဲ့သည်။
ဆရာတော်၏ ဒကာဦးစောညွန့်သောင်းက “မီးလောင်တဲ့အချိန်ဟာ...
အဓမ္မထွန်ယက်ခံရသည့် လယ်မြေဧက ၃၀ဝ ကျော် ဆုံးရှုံးမည်ကို ပိုင်ရှင်လယ်သမားများ စိုးရိမ်
မတ် ၄ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် အိန္ဒုဂွင်ရှိ လယ်သမားများ ပိုင်ဆိုင် ၁၆ ဦး၏ လယ်မြေဧက ၃၀ဝ ကျော်ကို ဘုရားကုန်း ငြိမ်းချမ်းရေးအထူးဒေသမှ ပြည်သူစစ်ခေါင်းဆောင် ဦးမြင့်သန်းနှင့်အဖွဲ့က အသိပေးခြင်း မရှိဘဲ ဝင်ရောက်ထွန်ယက်မှုများ ပြုလုပ်ခဲ့သည့်အတွက် လယ်မြေဆုံးရှုံးမည်ကို ပိုင်ရှင်လယ်သမားများ စိုးရိမ်နေ...
လူမျိုး ၁၃၅ မျိုးအခြေခံထားသည်ကို တိုင်းရင်းသား လူမှုအဖွဲ့အစည်း လက်မခံ
မတ်လ ၃ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံထားသည့်အတွက် တိုင်းရင်း သားလူမှုအဖွဲ့အစည်းများမှ သဘောမတူကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်သို့ တောင်းဆိုလိုက်သည် ဟု သိရသည်။
ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က နေပြည်တော် Mount Pleasant Hotel ၌ ကျင်းပသည့်...
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုကို ရွှေ့ဆိုင်းသင့်ကြောင်း KWO ပြောဆို
ဖေဖေါ်ဝါရီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
လက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေအပေါ်မူတည်၍ မတ်လအတွင်း ကောက်ခံမည့် မြန်မာအစိုးရ၏ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံမှုကိစ္စကို ရွှေ့ဆိုင်းသင့်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး (KWO)က ပြောဆိုလိုက်သည်။
ဖေဖေါ်ဝါရီ ၂၄ မှ ၂၆ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်၊ မဲစရင်းမြို့၌ ကျင်းပသည့်...
သန်းခေါင်စာရင်းတွင် အစိုးရသတ်မှတ်သည့်အတိုင်း ထည့်သွင်းလိုကြောင်း ဂေဘားရေးရာကော်မတီပြော
ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
သန်းခေါင်စာရင်းတွင် လူမျိုးစုသတ်မှတ်ချက်လွဲမှားသည်ဟု ပြောဆိုထားသည့် ဂေဘားအမျိုးနွယ်စုကို အစိုးရ သတ်မှတ်ပေးထားသည့် ကယားလူမျိုးစုအောက် ဂေဘား (code 205)တွင်သာ ထည့်သွင်းရန် ဆုံးဖြတ်ထားကြောင်း ဂေဘားရေးရာကော်မတီက ဖေဖေါ်ဝါရီ ၂၆ရက်နေ့က ပြောဆိုလိုက်သည်။
သန်းခေါင်စာရင်းကောက်ချိန်တွင် ကယားလူမျိုးစုအောက်...
သန်းခေါင်စာရင်းတွင် ကရင်တစ်မျိုးတည်းသာ ထည့်သွင်းရန် ကရင်ရေးရာဝန်ကြီးများ တိုက်တွန်း
ဖေဖေါ်ဝါရီ ၂၆ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့
၂၀၁၄ ခုနှစ်၊ တပြည်လုံးသန်းခေါင်စာရင်း ကောက်ယူရာ၌ ကရင်လူမျိုးများအားလုံး တစ်စုတစ်စည်းတည်း ဖြစ်စေရေးအတွက် ကောက်ခံချိန်အတွင်း မိမိလူမျိုးကို ကရင်(ကုတ်သကေင်္တနံပါတ် ၃၀၁ )တွင် ထည့်သွင်းကြရန် ကရင်ရေးရာဝန်ကြီးများက တိုက်တွန်းထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အင်းစိန်မြို့နယ်၊...
ဂျပန် JICA အဖွဲ့၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို ကရင်သဘာဝပတ်ဝန်းကျင်ကွန်ယက်အဖွဲ့ သုံးသပ်
ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး
ဂျပန်အစိုးရ၏ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအေဂျင်စီတစ်ခုဖြစ်သော (Japan International Cooperation Agency-JICA) ၏ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် စီစဉ်နေမှုအပေါ် ကရင်သဘာဝပတ် ဝန်းကျင်နှင့်လူမှုကွန်ယက်(Karen Environment Social Action Network-KESAN)က ဖေဖေါ်ဝါရီ ၁၉ရက်နေ့တွင်...
အယ်ဒီတာ့အာဘော်
စာတစ်ပုဒ်ကောင်း သမိုင်းကြောင်းတစ်ခု
ခေတ်ရေစီးကြောင်းသည် နှောင်းခေတ်သမိုင်းများကို ဖြတ်ကျော်၍ စီးဆင်းမြဲပင်ဖြစ်ပေရာ နှောင်းခေတ်သမိုင်း၏ စာမျက်နှာများ မှ သင်ခန်းစာနှင့် အတုယူစရာများကို ခေတ်ရေစီးက သယ်ဆောင်လာနေခြင်းဖြစ်သည်။ ထို့ကြောင့် ခေတ်ရေစီးကြောင်း၏ ပြုပြင်ပြောင်းလဲခြင်း သရုပ်သဏ္ဍာန်များ ပွင့်လင်းမြင်သာမှု အတန်ငယ် ရှိလာရာသည့်အပေါ် ယနေ့ “ဖယ်ဒရယ်”ဟူသော အသံ များကိုလည်း...
လွန်းညတောင်ခြေ၌ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ဒေသခံများက လက်မခံ
ဖေဖေါ်ဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် လွန်းညကျေးရွာအုပ်စုရှိ လွန်းညတောင်ခြေတွင် အိန္ဒိယနိုင်ငံအခြေစိုက် Ultra Tech's Cement Factory ကုမ္ပဏီက ဘိလပ်မြေစက်ရုံလာရောက်တည်ဆောက်ကာ လွန်းညတောင်ကို အသုံးပြုရန် ဖေဖေါ်ဝါရီ ၂၄ရက်နေ့ မွန်း လွဲ ၁နာရီအချိန်တွင် လာရောက်ဆွေးနွေးတောင်းဆိုခဲ့ရာ ဒေသခံများက လက်မခံကြောင်း...












