Home သတင်း ကရင်အမျိုးသားရဲတပ်ဖွဲ့ ၂၃နှစ်ပြည့် ဂုဏ်ပြုအခမ်းအနား ပထမဆုံးအကြိမ်ကျင်းပ

ကရင်အမျိုးသားရဲတပ်ဖွဲ့ ၂၃နှစ်ပြည့် ဂုဏ်ပြုအခမ်းအနား ပထမဆုံးအကြိမ်ကျင်းပ

1586

စက်တင်ဘာ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF) ဖွဲ့စည်းခြင်း ၂၃နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဘိတ်-ထားဝယ်ခရိုင် ‌မေတ္တာမြို့နယ်ခွဲရုံးတွင် စက်တင်ဘာလ ၉ရက်‌နေ့က ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ကျင်းပခဲ့သည်။

‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒို‌စောဘီးလယ်က “အခြား‌သော ‌နေ့ထူး‌နေ့မြတ်ရက်‌တွေလိုပဲ ကရင်အမျိုးသားရဲတပ် ဖွဲ့ကို ဆယ်စုနှစ် နှစ်ခု‌ကျော်အတွင်း ဂုဏ်ပြုတဲ့အ‌နေနဲ့ပါ။ ‌နောက်ပြီး ကရင်ရဲတပ်ဖွဲ့‌တွေအ‌နေနဲ့ လုပ်ငန်းတာဝန်‌တွေမှာ ထူးထူး ချွန်ချွန်နဲ့ ပိုမိုစွမ်း‌ဆောင်နိုင်‌အောင် စိတ်ဓာတ်မြှင့်တင်တဲ့အ‌နေနဲ့ ကျင်းပတာပဲ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

အခမ်းအနားတွင် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ‌စောဘီးလယ်၊ တွဲဘက်အတွင်း‌ရေးမှူး ပဒို‌စောအယ်နာနှင့် ခရိုင်တာ ဝန်ရှိသူများ အပါအဝင် KNPF ဘိတ်-ထားဝယ်ခရိုင် ရဲမှူးကြီး ဗိုလ်မှူးကြီး‌စောဂျီးနို၊ နယ်‌မြေခံ မြန်မာအစိုးရစစ်တပ်မှ အရာရှိများ၊ ‌ဒေသခံကရင်ပြည်သူများ စုစု‌ပေါင်း လူဦး‌ရေ ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

၎င်းအပြင် ကရင်အမျိုးသားအလံ‌တော် အ‌လေးပြုခြင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး တက်‌ရောက်လာသည့် ခရိုင်‌ခေါင်း ‌ဆောင်များမှ မိန့်ခွန်း‌ပြောကြားခြင်း၊ ဗိုလ်မှူးကြီး‌စောဂျီးနိုမှ ကရင်အမျိုးသားရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်းရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန် များကို ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းသည်မှာ ၂၃ နှစ်ပြည့်ပြီး ဖြစ်‌သော်လည်း တိကျစွာ မသတ်မှတ်ရ‌သေးသဖြင့် ‌ကေအဲန် ယူ ဘိတ်-ထားဝယ်ခရိုင်အတွင်းသာ ကျင်းပ‌ကြောင်းနှင့် လာမည့် နှစ်များ တွင် အခြား‌သော ‌ကေအဲန်ယူ ခရိုင်များအတွင်း အခမ်းအနားကျင်းပနိုင်‌အောင် ကြိုးပမ်းသွားမည် ဟု ‌ကေအဲန်ယူ ပြည်ထဲ‌ရေးဌာနတာဝန်ခံ ပဒို‌စောအားတိုးက ‌ပြောသည်။

ပဒို‌စောအားတိုးက “ခရိုင်အသီးသီးက ကရင်အမျိုးသားရဲတပ်ဖွဲ့ ‌ခေါင်း‌ဆောင်‌တွေက ကရင်အမျိုးသားရဲတပ်ဖွဲ့ ‌နေ့ဆိုပြီး သတ် မှတ်‌ပေးဖို့ တင်ပြလာတဲ့အ‌ပေါ်မှာ ‌နောက်လာမည့် ‌ကေအဲန်ယူ ကွန်ဂရက်ကျရင် ဒီဟာကို တင်ပြအတည်ပြု သတ်မှတ်‌ပေးဖို့ ရှိပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

KNPF ကို ‌ကေအဲန်ယူ၏ ဌာနတစ်ခုဖြစ်‌သော ပြည်ထဲ‌ရေးဌာန လက်‌အောက်တွင် ထားရှိပြီး လက်ရှိ ‌ကေအဲန်ယူ ခရိုင်(၇)ခုအ တွင်း KNPF ရဲတပ်ဖွဲ့ဝင်‌ပေါင်း (၆၀၀) ‌ကျော်ရှိကာ KNPF ရဲချုပ်အဖြစ် ဗိုလ်မှူးကြီး‌စောလယ်‌ဝေါက တာဝန်ယူထားသည်ဟု သိရ သည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)ကို ‌ကေအဲန်ယူ နယ်‌မြေအတွင်း တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် ‌အေးချမ်းသာယာ‌ရေးအတွက် ရည် ရွယ်ကာ ၁၉၉၁ခုနှစ်၊ စက်တင်ဘာလ ၉ရက်‌နေ့၌ (‌ကေအဲန်ယူ ဌာနချုပ်‌ဟောင်း) မာနယ်ပ‌လောတွင် စတင်ဖွဲ့စည်းတည်‌ထောင် ခဲ့သည်။