KIC News
မယ်လစခန်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦးပွဲချင်းပြီးသေဆုံး၊ တစ်ဦး ဒဏ်ရာပြင်းထန်
ဧပြီလ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယနေ့ ဧပြီလ ၁၅ရက်၊ သကြင်္န်အကြတ်နေ့ ညနေတွင် မော်တော်ယာဉ်တစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီး မတော်တဆတိုက်မိ၍ မော်တော်ဆိုင်ကယ် စီးနင်းလာသူ တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။
ယနေ့ ညနေ ၄နာရီ ၄ဝမိနစ်တွင်...
မယ်လဒုက္ခသည်စခန်းအတွင်း သောက်သုံးရေ မလုံလောက်သည့် ပြဿနာ ကြုံနေရ
ဧပြီလ ၁၂ရက်။ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ယခုလဆန်းပိုင်းမှစ၍ သောက်သုံးရေ မလုံလောက်သည့် ပြဿနာများနှင့် ကြုံတွေ့နေရသည်ဟု စခန်းတွင်း နေထိုင်သူများက ပြောသည်။
မယ်လဒုက္ခသည်တွင် ယခင်က နံနက် ၆နာရီမှ ၈နာရီခွဲအထိ တစ်ကြိမ် ညနေ ၃နာရီမှ ၅နာရီခွဲအထိ တစ်ကြိမ်...
ကရင်အမျိုးသားညီလာခံကို ၂၀၁၄ခုနှစ်အတွင်း ပြုလုပ်သွားမည်
ဧပြီလ ၁ဝ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း
ကရင်လူထုတစ်ရပ်လုံး ပါဝင်နိုင်မည့် ကရင်အမျိုးသားညီလာခံကို ယခု ၂၀၁၄ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ကရင် အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ(KUPC)အဖွဲ့ဝင် နော်စူစဲနာလှလှစိုးက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဧပြီလ ၁ဝရက်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ မြနန်းတော်ဟိုတယ်တွင် ကျင်းပခဲ့သည့် ကရင်အမျိုးသား...
မြဝတီ-ကော့ကရိတ်ကားလမ်းမှ ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် ၇ဦးသေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိ
ဧပြီ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်၊ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်တောင်ပေါ်ကားလမ်းတွင် ခရီးသည်များတင်ဆောင်လာသော မှန်လုံကားတစ်စီးသည် ယမန်နေ့က ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ထိုးဆင်းတိမ်းမှောက် သွားသောကြောင့် ခရီးသည် ၇ဦးသေဆုံးပြီး ၃၈ ဦးဒဏ်ရာရရှိကြောင်း အဆိုပါလူနာများကို လိုက်လံ ကူညီပေးနေသူများ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ...
ကေအဲန်ယူ တောင်ငူခရိုင်တွင် နှစ်ဘက်ရောနှောအုပ်ချုပ်သည့်ရွာများသာ သန်းခေါင်စာရင်း အပြည့်အဝ ကောက်နိုင်ခဲ့
ဧပြီ ၁ဝ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၂)နယ်မြေ၊ တောင်ငူခရိုင်တွင် အစိုးရနှင့် ကေအဲန်ယူတို့ နှစ်ဖက် ရောနှောအုပ်ချုပ်သည့် နယ်မြေတွင်သာ သန်းခေါင်စာရင်း အပြည့် အဝ ကောက်ယူနိုင်ခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။
“သန်းခေါင်စာရင်းကို နှစ်ဖက်ရောနှောအုပ်ချုပ်တဲ့နယ်မြေမှာတော့...
သိမ်းယူခံထားရသည့် မြေကို ပြန်လည်လုပ်ကိုင်သူ မူလမြေပိုင်ရှင် တရားစွဲခံရ
ဧပြီ ၁ဝရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို ့နယ်၊ ရွာကြီးကျေးရွာအုပ်စု၊ ကွင်းကျောင်းရွာတွင် သက်ဆိုင်ရာအာဏာပိုင်က ကိုကိုးပင် စိုက်ခင်း စီမံကိန်းအတွက် သိမ်းယူထားသည့် မြေယာများကို လက်ရှိ လုပ်ငန်းလုပ်ဆောင်ခြင်း မရှိသဖြင့် မူလမြေပိုင်ရှင်များက ပြန်လည်လုပ်ကိုင်ရာတွင် တရားစွဲဆိုခြင်းခံရကြောင်း မူလမြေပိုင်ရှင် တစ်ဦးက ကေအိုင်စီသို့...
တစ်ဖက်သတ် အသာစီးယူမယ့် သဘောထားတွေဆုပ်ကိုင်ထားသမျှ ငြိမ်းချမ်းရေးက ဝေးနေဦးမှာပါ
(မောင်ကျော်စွာ)
(၂၀၁၄ခုနှစ်၊ ဧပြီလ ၆ရက်)
အမှန်အတိုင်း ရေးသားဖေါ်ပြရမည်ဆိုလျှင် ရန်ကုန်မြို့ (MPC) မှာ ဧပြီ ၅ရက်က စတင်ကျင်းပနေတဲ့ အစည်းအဝေးဟာ Single Text ပြုစုရေး ပထမအကြိမ် အစည်းအဝေးသာလျှင် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ မဟုတ်ပါဘူး။ Single Text ပြုစုရေး...
အကောင်အထည်ဖော်မည့် ရှေ့ဆက်လုပ်ငန်းစဉ်များ BMA ဆွေးနွေးအတည်ပြု
ဧပြီ ၇ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာနိုင်ငံဆေးပညာရေးများအသင်း(BMA)က ၂၀၁၄-၂၀၁၆ ခုနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဧပြီ ၄ရက်မှ ၅ရက်နေ့အထိ ကျင်းပသည့် ၎င်းတို့၏ သတ္တမ အကြိမ်ညီလာခံတွင် ဆွေးနွေးအတည်ပြုခဲ့သည်ဟု ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ညီလာခံတွင် BMA ဥက္ကဌအဖြစ် ပြန်လည်ရွေးချင်တင်မြှောက်ခံရသည့် ဆရာမကြီး ဒေါက်တာစင်သီယာ...
တောင်ကလေးဆရာတော်မှ ပညာဒါနဆုချီးမြှင့်ပွဲ ကျင်းပရန် ကော်မတီဖွဲ့
ဧပြီ ၇ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ တောင်ကလေး ဆရာတော် အရှင်ပညာသာမိမှ ၂၀၁၂-၁၃ ခုနှစ် ပညာသင်နှစ် အတွက် ဆယ်တန်းဂုဏ်ထူး ၁ ဘာသာမှ ၆ဘာသာအထိ ဖြေဆိုအောင်မြင်သည့် ကျောင်းသားကျောင်းသူ များအား ပညာဒါနဆုချီးမြှင့်ကျင်းပရန် ပွဲကျင်းပရေးကော်မတီအဖွဲ့တစ်ဖွဲ့ကို ဧပြီ ၆ရက်နေ့က ဖွဲ့စည်းလိုက်သည်။
ဖားအံမြို့၊...
ညောင်လေးပင် ကရင်စာသင် ကျောင်းဆရာမများ အစိုးရတရားဝင်ချီးမြှင့်ငွေ ရရှိ
ဧပြီ ၇ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ပြီးခဲ့သည့် ၂၀၁၃-၁၄ ပညာသင်နှစ်အတွင်း ညောင်လေးပင်မြို့နယ်တွင် စကောကရင်စာပေ သင်ကြားပေးခဲ့ သည့် ဆရာမများကို အစိုးရက တရားဝင်သတ်မှတ်ထားသည့် ချီးမြှင့်ငွေများ စတင်ရရှိပြီးဖြစ်ကြောင်း ညောင်လေးပင်မြို့နယ်၊ ပညာရေးမှူး ဆရာမကြီး နော်ချစ်မေက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ အစိုးရမှ စာသင်ကျောင်းများတွင်တိုင်းရင်းစာပေ သင်ကြားပေးသည့်...













