KIC News
ကရင်ကျောင်းသားကွန်ယက်အဖွဲ့ ညီလာခံ ပြည်တွင်း၌ ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့
ဇန်နဝါရီ ၆ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
အပစ်အခတ် ရပ်စဲရေးကာလ ကရင်ပြည်နယ်အတွင်း သွားလာမှုများ အနည်းငယ် လွတ်လပ်လာသည့်အပေါ် ထိုင်း-မြန်မာနယ် စပ်အခြေစိုက် ကရင်ကျောင်းသားကွန်ယက်အဖွဲ့(KSNG)၏ (၂)နှစ်တစ်ကြိမ် ညီလာခံကို ကရင်ပြည်နယ်၊ ပိုင်ကျုြံမို့နယ် ထီးက ဟောကျေးရွာ၌ ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂ရက်မှ ၄ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သည်။
KSNG ဥက္ကဌအသစ်...
သမ္မတနှင့် ကာချုပ်တို့နှင့် တွေ့ဆုံရန် KNU ခရီးစဉ်စတင်
ဇန်နဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၁ဝဦးကျော်သည် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့နှင့် သွားရောက်တွေ့ဆုံဆွေးနွေးရန် ယနေ့ညနေ ၄နာရီကျော်တွင် ထိုင်း-မြန်မာနယ်စပ်မှ ထွက်ခွါသွားပြီဖြစ်သည်။
KNU တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက “အခုခရီးစဉ်မှာ KNU...
ဒုံသမိချောင်းတစ်လျှောက်ရှိ လယ်ခင်းများ စပါးထွက်နှုန်း လျှော့နည်း
ဇန်နဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စပ်ရှိ ဒုံသမိချောင်း၏ အရှေ့အနောက် မြစ်ကမ်းတစ်လျှောက်ရှိ လယ်ခင်းများ၌ ယခုနှစ်တွင် စပါးထွက်နှုန်း အလွန်လျှော့ကျသည့်အတွက် စားသုံးရန် ဆန်လုံလောက်မှု မရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ဖားအံမြို့နယ်ဘက်ခြမ်း ဒုံသမိချောင်းအရှေ့ဘက် ကြသောင်းဆိပ်ရွာသူ နော်ယားပူက “ဒီနှစ် စပါးရာသီကတော့...
အိမ်ပြန်ချင်လျက် အပြန်ခက်နေ
ခေါင်ဆူလိုင့်
၂၀၁ဝ နိုဝင်ဘာ ၇ရက် ရွေးကောက်ပွဲနဲ့ ၂၀၁၁ ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီး ဗမာပြည်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးတွေကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်လို့ အနိုင်ရ ကြံ့ဖွံ့ပါတီ အစိုးရအဖွဲ့က ပြောဆိုနေပါတယ်။ ဒီလိုပြုပြင်ရာ မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲသံစဲမဲ့ အပစ်အခတ်ရပ်စဲရေး...
နှစ်သစ်ကူးနေ့သည် စည်းလုံးညီညွှတ်မှုနေ့ဟု ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ပြောကြား
ဇန်နဝါရီ ၂ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ် နှစ်သစ်ကူးနေ့သည် ကရင်တမျိုးသားလုံး၏ စည်းလုံးညီညွှတ်မှုကို ပြသသည့်နေ့ဖြစ်ကြောင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင်ကျေးရွာ၌ ယမန်နေ့က ပြုလုပ်သည့် စုပေါင်းနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနား တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ်က ပြောကြားလိုက်သည်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက “ဒီနှစ် ပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးနေ့ထူးနေ့မြတ်မှာ...
ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)တွင် မီးလောင်၍ လူသေဆုံးဒဏ်ရာရမှုရှိ
ဒီဇင်ဘာ ၃ဝရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)၊ ရပ်ကွက်(၂)တွင် ဒီဇင်ဘာ ၂၈ရက်နေ့ မွန်းလွဲ တစ်နာရီတွင် မီးလောင်မှုဖြစ်ပွား၍ အဖွားအိုတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
လူနေအိမ် ၃လုံး မီးလောင်ကျွမ်းပြီး မီးထပ်မံမကူးရန် အိမ်(၁၇)လုံးကို ဖျက်ခဲ့ရသည့် ၎င်းမီးလောင်မှုဖြစ်စဉ်၌...
လုပ်ငန်းခွင်တွင် ဒဏ်ရာရသူ မြန်မာအလုပ်သမားတစ်ဦး နေ့စားခ လိုလား
ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဂျာကွာစတီးလ်စက်ရုံ၌ အလုပ်လုပ်နေသူ မြန်မာအလုပ်သမားတစ်ဦးမှာ ဒီဇင်ဘာ ၁၁ရက် နေ့က လုပ်ငန်းခွင်တွင် အလုပ်လုပ်ရင်း စက်ချွတ်ယွင်းမှုကြောင့် ညာဘက်လက်မ ပြတ်သွားသည်ကို အလုပ်ရှင်က နေ့စားခ မပေးဘဲ ထားရှိသည်ဟု သိရသည်။
ကိုပြည့်ဖြိုးအောင်က “အခုလို ကျနော့်လက်မပြတ်သွားတာ အလုပ်ရှင်ဘက်က...
မဲပြာပုဆိုး ချုပ်ရိုးမတင်စေချင်
(စကိုင့်မီး)
အစိုးရသစ်တက်ပြီးနောက်ပိုင်း (၁၇/၁)ပုဒ်မ မတရားအသင်းအက်ဥပဒေနဲ့ အဖမ်းအဆီးခံရသူများမှာ ကချင်ဒေသမှ အများဆုံး ဖြစ်နေသည်ဟု သိရှိရသည်။ ဝန်ကြီးဦးအောင်မင်းသည် ၂၀၁၂ စက်တင်ဘာ(၄)ရက်နေ့တွင် ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ပြု လုပ်ခဲ့သော ကေအဲန်ယူနှင့် အစိုးရ ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့၏ နှစ်ဖက်ကိုယ်စားလှယ်များ သတင်းစာရှင်း လင်းပွဲတွင်(၁၇/၁)ပုဒ်မဆိုတာ နိုင်ငံတော်ကချမှတ်ထားတဲ့ ပြစ်ဒဏ်ပုဒ်မဖြစ်၍...
ပဲခူးတိုင်းကိုယ်စားပြု ကရင်နှစ်သစ်ကူးပွဲတော် သာယာဝတီတွင် ကျင်းပမည်
ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ပထမဦးဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲတော်ကို ပဲခူးတိုင်းအနောက်ခြမ်းရှိ သာယာဝတီမြို့၊ လိပ်အင်းကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး၏ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဂျူးဗလီစံလှက ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်လူမျိုးများအနေဖြင့် နှစ်သစ်ကူးပွဲတော်ကို မိမိတို့နေထိုင်ရာ အနီးဝန်းကျင်တွင် နှစ်စဉ် ကျင်းပလေ့ရှိကြသော်လည်း ယခုလို တိုင်းဒေသကြီးအဆင့် စုစည်းကျင်းပခြင်း မရှိခဲ့သေးကြောင်း...
ကလို့ထူးဘော DKBA ဗိုလ်ချုပ်စောလားပွယ် ရန်ကုန်တွင် ဆေးကုသမှု ခံနေရ
ဒီဇင်ဘာ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ် ခမ်းမွှေးသည် လည်ပင်းနှင့်ဆိုင်သော ရောဂါဝေဒနာ ခံစားနေရသောကြောင့် ရန်ကုန်မြို့ မြောက်ဒဂုံရှိ ပင်လုံ ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။
ဗိုလ်ချုပ်စောလားပွယ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်...














