Home သတင်း သံလွင်မြစ်‌ပေါ် ‌ရေကာတာတည်‌ဆောက်ခြင်းကို မြန်မာပညာရှင်အများစု လက်မခံ

သံလွင်မြစ်‌ပေါ် ‌ရေကာတာတည်‌ဆောက်ခြင်းကို မြန်မာပညာရှင်အများစု လက်မခံ

1744

မတ်လ၂၉ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာနိုင်ငံမြစ်‌ချောင်းများဆိုင်ရာကွန်ရက်(Burma Rivers Network) ကြီးမှူး၍ မတ်လ၂၇ရက်‌နေ့က ကရင် ပြည်နယ်၊ ဖားအံမြို့ ကန်သာဦးခမ်းမ၌ ပြုလုပ်သည့် သံလွင်မြစ်အလှနှင့် စကားဝိုင်းတွင် မြန်မာနိုင်ငံရှိ ပညာရှင်အများစုက သံလွင်မြစ်‌ပေါ်ရှိ ‌ရေကာ တာများ တည်‌ဆောက်ခြင်းကို လက်မခံနိုင်‌ကြောင်း ‌ပြောဆိုခဲ့ကြသည်။

စကားဝိုင်း၌ ပါဝင်သည့် သတ္တုတွင်းပညာရှင် ‌စောမိုးမြင့်က “ပညာရှင်‌တော်‌တော်များများက ဒီသံလွင်မြစ်ဟာ ငလျင်‌ကြောဇုန် ကျ‌ရောက်တယ်လို့ ‌ပြောကြတယ်။ အဲဒါ‌တွေ အန္တရာယ်ဖြစ်နိုင်လို့ မလုပ်သင့်ဘူးလို့ ထင်တယ်။ လုပ်ဖြစ်ရင်‌တော့ ကန့်ကွက်မှာ ပဲ။ ကန့်ကွက်တာက အခုလုပ်မယ့်ဆည်က အကြီး‌တွေ၊ ပြီး‌တော့ ကိုယ်ရမယ့် ဓါတ်အား‌တွေက ၁ဝရာခိုင်နှုန်းပဲ။ ကျန်တာ သူများ ယူသွားမယ်။ ဗမာပြည်မှာလည်း လိုအပ်တဲ့ လျှပ်စစ်ဓါတ်အား အပြည့်မရဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းစကားဝိုင်းတွင် မြန်မာ့ပြန်ပြည့်မြဲ စွမ်းအားအသင်း၊ အမှတ်-၂ သတ္တုတွင်း ဝန်ကြီးဌာန၊ မြန်မာ့အစိမ်း‌ရောင်ကွန်ရက်၊ လယ် ယာစိုက်ပျိုး‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ အမျိုးသား ‌ရေအရင်းအမြစ် ‌ကော်မတီပညာရှင်များအဖွဲ့၊ မြန်မာနိုင်ငံ ငလျင်‌ကော်မ တီ၊ ‌မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ကထိကနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး ပညာရှင်များအပြင် ကချင်၊ ကယား၊ ရှမ်း(သျှမ်း)၊ မွန်၊ ကရင် စသည့် ဆည်တည်‌ဆောက်မည့်‌နေရာမှ ‌ဒေသခံကိုယ်စားလှယ်များ စုစု‌ပေါင်း ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

စကားဝိုင်းဖြစ်‌မြောက်‌ရေးစီစဉ်သူတစ်ဦးဖြစ်သည့် ‌စောသာဘိုးက “စကားဝိုင်းလုပ်ခြင်းအားဖြင့် စကားဝိုင်းမှာ ပညာရှင်‌တွေ ‌ပြော ကြားခြင်းက ကျ‌နော်တို့ သိထားနားလည်ထားတာ‌တွေထက် ပညာရှင်ရှု‌ထောင့်က‌နေ မြင်တဲ့အရာ‌တွေ ‌ပြောသွားတာ ‌ကောင်း တယ်။ ကျ‌နော်တို့ကလည်း ‌ရေကာတာတည်‌ဆောက်ရင် ဘယ်လိုအန္တရာယ် ရှိလာနိုင်မလဲဆိုတာ ပိုနားလည်လာဖို့ ရည်ရွယ်ပြီး ဒီစကားဝိုင်းကို လုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သံလွင်မြစ်‌ချောင်းတစ်‌လျှောက်တွင် အထက်သံလွင်၊ တာဆန်း၊ ရွာသစ်၊ ဒါးဂွင်၊ ဝဲကြီး၊ ဟတ်ကြီး စသည့် ဆည်၊ ‌ရေကာတာများ တည်‌ဆောက်ရန် စီစဉ်လျှက်ရှိပြီး ယင်းတည်‌ဆောက်မည့်အခါ တရုတ်နှင့် ထိုင်းနိုင်ငံတို့က နည်းပညာ၊ ကုန်ကျစရိတ်‌ငွေ အများ ဆုံး ကုန်ကျခံမည်ဖြစ်သည့်အတွက် ထွက်ရှိမည့် လျှပ်စစ်ပမာဏ ၁၅၀၀ဝ မဂ္ဂါဝပ်အနက် ၁ဝရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံက အကျိုးခံစားခွင့် ရရှိမည်ဟု သိရသည်။

ယခုု မတ်လ ၁၄ရက်‌နေ့၌ ကျ‌ရောက်သည့် အပြည်ပြည်ဆိုုင်ရာမြစ်‌ချောင်းများ ထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ မှာလည်း ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ သံလွင်မြစ်‌ချောင်း‌ပေါ်တွင် တည်‌ဆောက်မည့် ဟတ်ကြီး‌ရေကာတာ တည်‌ဆောက် မည့်‌နေရာတွင် ‌ဒေသခံများနှင့် ကရင်မြစ်‌ချောင်းကွန်ရက်တို့က စီမံကိန်းကို ကန့်ကွက်‌သောအားဖြင့် ဆန္ဒထုတ်‌ဖော်ပွဲတစ်ရပ် ပြု လုပ်ခဲ့‌သေးသည်။

BRN ကို မြန်မာနိုင်ငံရှိ ဆည်တာတမံများ တည်‌ဆောက်မှု‌ကြောင့် ဆိုးကျိုးသင့်ခံရသည့် ‌ဒေသများရှိ တိုင်းရင်းသား လူမှုအဖွဲ့အ စည်း‌ပေါင်း ၁၅ဖွဲ့က မြစ်များ၏ ‌ဂေဟစနစ် ကျန်းမာသန်စွမ်း‌စေ‌ရေးနှင့် ဇီဝမျိုးကွဲများ တည်ရှိမှု ကာကွယ်ထိန်းသိမ်း‌ပေးနိုင်‌ရေး၊ မြစ်များ‌ပေါ် တွင် အကြီးစား တည်‌ဆောက်‌ရေး ဖွံ့ဖြိုး‌ရေးစီမံချက်များ‌ကြောင့် ဆိုးကျိုးဒုက္ခ‌တွေ့ကြုံရမည့် ရပ်ရွာများ၊ လူမှုအဖွဲ့အ စည်းများ၏ အခွင့်အ‌ရေးကို ကာကွယ်‌ပေးရန် ရည်ရွယ်၍ ၂၀၀၄ခုနှစ်က ဖွဲ့စည်းခဲ့သည်။