KIC News
ငြိမ်းချမ်းရေးဖြစ်စဉ်၏ နိုင်ငံရေးဆွေးနွေးပွဲအပေါ်မျှော်လင့်ချက်များများမရှိဟုUNA ပြောဆို
ဒီဇင်ဘာ၃၁ရက်၊၂၀၁၅ခုနှစ်။စောထွန်းလင်း
တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်အရပြုလုပ်မည့်နိုင်ငံရေးဆွေးနွေးပွဲ (အစိုးရအခေါ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) မှတဆင့်စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်လာရန်မျှော်လင့်ချက်သိပ်မထားရှိကြောင်းညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူဦးအေးသာအောင်ကကေအိုင်စီသို့ယမန်နေ့ က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ဒီဇင်ဘာ၂၉မှ၃ဝရက်ထိရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊၉မိုင်ရှိသျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံး၌ပြုလုပ်သည့် UNA အဖွဲ့ဝင်များစုံညီအစည်းအဝေးတွင်နိုင်ငံရေးဆွေးနွေးပွဲအပေါ်ဆွေးနွေးရာတွင်ယခုကဲ့သို့ အမြင်သဘောထားရှိခြင်းဖြစ်သည်ဟုဦးအေးသာအောင်ကကေအိုင်စီသို့ပြောသည်။
“UNA က NCA မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်ပေးဖို့သဘောထားရှိတယ်။အခု၈ဖွဲ့ပဲပါတယ်။လက်မှတ်မထိုးတဲ့အဖွဲ့တွေကိုအထူးဧည့်သည်အနေနဲ့ဖိတ်မယ်ဆွေးနွေးခွင့်တော့မရဘူး။ဒါဆိုရင်တိုင်းရင်းသားအားလုံးမျှော်လင့်တဲ့ပြည်နယ်တွေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့အမျိုးသားပြည်နယ်များနဲ့ဖွဲ့စည်းမဲ့ပြည်ထောင်စုကိုဒီညီလာခံကဖော်ဆောင်ပေးနိုင်ပါ့မလားစဉ်းစားစရာတွေဖြစ်လာပြီး”ဟုပြောသည်။
ထို့အပြင်နိုင်ငံရေးဆွေးနွေးပွဲကို UNA ကိုယ်စားလှယ်နှင့်အဖွဲ့ဝင်ပါတီများမှကိုယ်စားလှယ်များတက်ရောက်မည်ဟုဆုံးဖြတ်ထားပြီး UNA အနေဖြင့်ပြည်ထောင်စုရေးရာအဆင့်တိုင်းတွင်ပါဝင်ကာပြောဆိုဆွေးနွေးသင့်သည့်များကိုပြောဆိုရန်ရည်ရွယ်တက်ရောက်မည်ဖြစ်သော်လည်းနိုင်ငံရေးဆွေးနွေးပွဲအပေါ်မျှော်လင့်ချက်သိပ်မထားကြောင်း၎င်းကဆက်ပြောသည်။
နှစ်ရက်တာပြုလုပ်ခဲ့သည့် UNA စုံညီအစည်းအဝေးသို့အဖွဲ့ဝင်သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊မွန်အမျိုးသားပါတီ၊ရခိုင်အမျိုးသားပါတီ၊ကရင်အမျိုးသားပါတီ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ကယန်းအမျိုးသားပါတီနှင့်ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီတို့တက်ရောက်ခဲ့ပြီးအဖွဲ့ဝင်ကိုးကန့်ဒီမိုကရက်တစ်ပါတီမှတက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း UNA ထံမှသိရသည်။
ယင်းအစည်းဝေးတွင်အမျိုးသားပြည်နယ်များဖြင့်ဖွဲ့စည်းသည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်ပေါ်ရေးမူပါဝင်သည့် UNA ဖွဲ့စည်းပုံမူဝါဒများကိုအတည်ပြုခဲ့သလိုနိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ရေးကိစ္စ၊ NLD...
အယ်ဒီတာ့အာဘော်
ဖက်ဒရယ်ဒီမိုကရေစီအတွက် ညီညီညွတ်ညွတ် ဖြတ်သန်းရမည့် ၂၀၁၆
Time pass slowly ဆိုသည့်အတိုင်း ခရစ်နှစ် ၂၀၁၅ ကုန်ဆုံးကာ ၂၀၁၆ သို့ ရောက်ရှိလာပြီးဖြစ်သလို ကရင်အမျိုးသားများ ကောက်သစ်စားချိန် ကရင်သက္ကရာဇ် ၂၇၅၄ခုနှစ်ကုန်ဆုံးကာ ၂၇၅၅ခုနှစ်သို့ တရွေ့ရွေ့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ကုန်လွန်ခဲ့ သည့် ၂၀၁၅ခုနှစ်ကို ပြန်ငဲ့ကြည့်လျှင်...
ကရင်ပြည်နယ်အတွင်း လတ်တလော မြေမြှုပ်မိုင်းအခြေအနေနှင့် ပတ်သက်၍ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ပြောရေးဆိုခွင့် ရှိသူ စောဝေလေးနှင့် တွေ့ဆုံမေးမြန်းခြင်း
ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၁၅ ခုနှစ်။ ကေအိုင်စီ
“ကရင်ပြည်နယ်မှာဆိုရင် မြေမြှုပ်မိုင်း ထောင်တဲ့နေရာမှာ မြေပုံအတိအကျ မလုပ်ထားတဲ့အတွက် မြေမြှုပ်မိုင်းရှင်းလင်းမှုတွေ လုပ်ဆောင်ရင်တောင် လွယ်ကူမှာ မဟုတ်လို့ ရွာသားတွေအတွက် ကြီးမားတဲ့ အန္တရာယ်ရှိနေတုန်းပါပဲ။”
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအချို့ကြား ၂၀၁၂ခုနှစ်မှစ၍ အပစ်အခတ်ရပ်စဲမှု သဘောတူ ညီမှုများ ရယူပြီးနောက်ပိုင်း...
ကော့ကရိတ်ဘက်တွင် ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ
ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကော့ကရိတ်မြို့နယ် ပျားပင်(တနေမူး)ကျေးရွာရှိ ကရင်နယ်ခြားစောင့်တပ် BGF တပ်ရင်း(၁၀၁၉)တပ်ဖွဲ့ဝင်များကို ယနေ့မနက် ပိုင်းက အမည်မသိ လက်နက်ကိုင်တစ်စုမှ လာရောက်ပစ်ခတ်ခဲ့သည့်အတွက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်မှ ဒုတပ်ကြပ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း (၁၀၁၉)တပ်ရင်းမှူး ဗိုလ်မှူးစောလိုက်သိမ့်က ယခုလို ပြောသည်။
“ပျားပင်ရွာမှာရှိတဲ့ ကျနော်တို့အဖွဲ့ကို...
လူငယ့်ကဏ္ဍ
“ကျက်ဖြေစနစ်ထက် ပိုအကျိုးရှိစေနိုင်မယ့် စနစ်တစ်ခုဆီကို အတူတူ လျှောက်လှမ်းစေချင်ပါတယ်”
အသက် ၂၈နှစ်အရွယ် ကရင်လူငယ် စောကျော်ဝေဟင်ကိုကိုဟာ မင်းဘူးမန်း ဓာတ်အားပေးစက်ရုံမှာ အငယ်တန်း အင်ဂျင်နီယာ(၂) ရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ သူဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာ ဇာတိဖြစ်ပြီး မိဘတွေကတော့ စောမြဝင်းနဲ့ ဒေါ်ငွေသိန်းတို့ပဲ ဖြစ်ပါတယ်။ မောင်နှမလေးယောက်မှာ...
ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးရန် ကြီးကြပ်ရေးကော်မတီကို အများဆန္ဒဖြင့် ပြန်ဖွဲ့စည်းခဲ့
ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စောညွန့်သောင်း
ဖားအံမြို့၊ အမှတ်(၆)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ကြီးကြပ်ရေးကော်မတီကို အများဆန္ဒမပါဘဲ ဖွဲ့စည်းခဲ့ခြင်းအပေါ် ကန့်ကွက်မှုများ ရှိသည့်အတွက် အများဆန္ဒနဲ့အညီ ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု ၎င်းရပ်ကွက်အတွင်း နေ ထိုင်ကြသူများက ကေအိုင်စီသို့ ပြောသည်။
အဆိုပါရပ်ကွက်၏ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရေးအတွက် လက်ရှိအုပ်ချုပ်ရေးမှူးက မိမိသဘောဖြင့် ကြီးကြပ်ရေးကော်မတီ...
ကိုယ်ထူကိုယ်ထ စုပေါင်းကျောင်းသားအားကစားပွဲတော်တွင် ကျေးရွာ ၇ရွာမှ စာသင်ကျောင်းများပါဝင်
ဒီဇင်ဘာ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ကျောင်းသူကျောင်းသားများ အချင်းချင်း ချစ်ခင်ရင်းနှီးစေရန် ရည်ရွယ်၍ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် စုပေါင်း ကျောင်းသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၂၁ရက်မှ ၂၇ရက်နေ့အထိ ကြိတ်ကျေးရွာ အ.လ.က ကျောင်းခွဲ၌ ပြုလုပ်ကျင်းပရာ ကျေးရွာ ၇ရွာမှ စာသင်ကျောင်းများ ပါဝင်ခဲ့ကြသည်။
ပွဲတော်စီစဉ်သူ...
ကော့ကရိတ်ခရိုင်မှ ဟောင်သရောမြစ်ကူးတံတားကို နှစ်ဆန်းပိုင်းတွင် သွားလာနိုင်တော့မည်
ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ကဆောဝါး
ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းကျေးရွာနှင့် မြောက်ကြာအင်းကျေးရွာသွား ဟောင်သရော မြစ်ကူးတံ တားကို ၂၀၁၆ ဇန်နဝါရီလ ၁၄ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ဒေသခံများလွယ်ကူစွာ ဖြတ်သန်းသွားလာခွင့် ရရှိတော့မည် ဖြစ်ကြောင်း တံတားဆောက်လုပ်ရေးတွင် ပါဝင်သည့် အငယ်တန်းအင်ဂျင်နီယာတစ်ဦးက ပြောသည်။
SAE အငယ်တန်းအင်ဂျင်နီယာ ကိုထွန်းထွန်းခိုင်က...
ပန်းတနော်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဒေါက်တာမန်းခင်မောင်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
“လူမျိုးတစ်မျိုးကို စာပေ ဘာသာစကား ဝတ်စားဆင်ယင်မှု ဓလေ့ထုံးတမ်း အနုသုခုမ စတဲ့အဂင်္ါရပ်တွေနဲ့
ဖွဲ့စည်းထားတဲ့အတွက် ဒါတွေပျောက်သွားရင်တော့ လူမျိုးပျောက်သွားမှာပဲ״
ကေအိုင်စီ - ပန်းတနော်စာပေနှင့် ယဉ်ကျေးမှုကော်မတီကို နှစ်ပေါင်း(၅၀)တိုင် အဆင့်ဆင့် ဖွဲ့စည်းလှုပ်ရှားဆောင်ရွက်ခဲ့မှုကို ပြော ပြပေးပါ။
ပန်းတနော်စာ/ယဉ်ကော်မတီကို ၁၉၆၅ခုနှစ် စက်တင်ဘာ ၂၂ရက်နေ့မှာ စတင်ဖွဲ့စည်းတယ်။ ဖွဲ့စည်းတဲ့နေရာမှာ စတင် ဖွဲ့စည်းစဉ်က...
ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု ကရင်အရပ်ဖက်အဖွဲ့များကွန်ရက်ပြောဆို
ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်(KSCN) အနေဖြင့် ပြည်နယ်အတွင်း ဒေသခံ ပြည်သူလူထု အကျိုးစီးပွားနှင့် အခွင့်အရေးကို အာမခံချက်အပြည့် အဝရရှိစေရန်အတွက် ဒေသတွင်း အာဏာပိုင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင် သွားမည်ဟု ကွန်ရက်တာဝန်ရှိသူများက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်...















