KIC News
KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန် ရန်ကုန် ကရင်နှစ်သစ်ကူးပွဲတော်များသို့ တက်ရောက်ခဲ့
ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်နှင့်အဖွဲ့သည် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်မြို့အနီးတဝိုက်ရှိ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ပွဲတော်များသို့ ပထမဆုံးအကြိမ် တက်ရောက်အားပေး ဆင်နွှဲခဲ့သည်။
ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ နှစ်သစ်ကူးပွဲတော်များကို ပဒိုနော်စီဖိုးရာစိန်အနေဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁ဝရက်နေ့၊...
သမ္မတ ဦးသိန်းစိန် ဒေသခံများနှင့်အတူ ဖားအံ ကရင်နှစ်သစ်ကူးနေ့ပွဲတော် တက်ရောက်ဆင်နွှဲ
ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၆ခုနှစ်။ စောညွှန့်သောင်း
မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်သည် ကရင်သက္ကရာဇ် ၂၇၅၅ခုနှစ်၊ ကရင်ပြည်နယ် ဖားအံမြို့ရှိ သီရိကွင်း၌ ဇန်နဝါရီ ၁ဝရက်နေ့၊ နံနက် ၉နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက်ကာ ကရင်ကောက် သစ်စားပွဲတော်ကိုလည်း ဒေသခံများနဲ့အတူ ပါဝင်ဆင်နွှဲခဲ့သည်။
သမ္မတ ဦးသိန်းစိန်သည် ၎င်း၏...
ကရင်ကျောင်းသူကျောင်းသား ၁၄ဝဦး ရန်ကုန်၊ အာလိန်ငါးဆင့် နှစ်သစ်ကူးပွဲတော်တွင် ထူးချွန်ဆုများချီးမြှင့်
ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
၂၇၅၅ ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) မှ ဇန်နဝါရီလ ၁ဝရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မဟာဆေးဝဂင်္ဘာ၊ အာလိန်ငါးဆင့်ကျောင်းတိုက်၌ ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူး ပွဲတော်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကရင်ကျောင်းသူကျောင်းသား ၁၄ဝဦးကို...
နှစ်သစ်တွင် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူခွင့်များပြည့်ဝရေး ကြိုးစားကြရန် ကရင်စစ်ဦးစီးချုပ် ပြောဆို
ဇန်နဝါရီ ၁ဝရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားများ လိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ အခွင့်အရေးများ မရရှိသေးသည့်အပေါ် နှစ်သစ်မှစ၍ တက်ညီ လက်ညီ ကြိုးစားသွားကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီက ကရင်ပြည်သူလူထုထံသို့ ယနေ့ ကျရောက်သော ကရင်သက္ကရာဇ် ၂၇၅၅ခုပြည့်နှစ်တွင် တိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ ဇန်နဝါရီလ ၁ဝရက်နေ့တွင်...
ကောက်သစ်စားရင်း ထာဝရငြိမ်းချမ်းမှု အတူတကွ ရှာဖွေကြရန် ကရင်နှစ်သစ်ကူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဇန်နဝါရီ ၁ဝရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများ စိုက်ပျိုးခဲ့ကြသည့် ကောက်သစ်များကို တိုင်းရင်းသားလူမျိုးတိုင်း မျှဝေစား သောက်ရင်း စည်းလုံးညီညွှတ်မှုကို ပြသကြရန်နှင့် ကောက်သစ်စားရင်း ပြည်ထောင်စုကြီး၏ ထာဝရငြိမ်းချမ်းမှုကို အတူတကွ ရှာဖွေသွားကြရန် ဒေါ်အောင်ဆန်းစုကြည်က ကရင်နှစ်သစ်ကူးနေ့သို့ ယနေ့(ဇန်နဝါရီလ ၁ဝရက်)တွင် ပေးပို့သော သဝဏ်လွှာ...
သျှမ်းပြည် စစ်ဘေးရှောင်များအတွက် ကရင်ပြည်နယ်တွင် ဂစ်တာဖျော်ဖြေမှု လှုပ်ရှားဆောင်ရွက်
ဇန်နဝါရီ ၉ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
ဖားအံဒေသခံလူငယ်များနှင့် ရန်ကုန်လူငယ်များ စုပေါင်းကာ သျှမ်းပြည်နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ငြိမ်းချမ်းရေး ရှိုက်သံခေါင်းစဉ်နှင့် ဂစ်တာဖျော်ဖြေသည့် လှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်ကာ ကရင်ပြည်နယ်အတွင်း အလှူငွေများ လိုက်လံ ကောက်ခံနေကြသည်။
ထိုလှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးက စစ်ပွဲများအား ဆန့်ကျင်သည့်အနေဖြင့် ဒီဇင်ဘာလ ၂၈ရက်နေ့မှစ၍ ပြည်မ၊...
လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမည့်ကိစ္စ ဆိုင်းငံ့ထားရန် လွှတ်တော်အမတ် ၃ဦး စာတင်
ဇန်နဝါရီ ၆ရက်၊ ၂၀၁၅ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးသွားမည့် ကိစ္စအပေါ် ဆိုင်းငံ့ထားပေးရန် လွှတ်တော်အမတ် ၃ဦးတို့က ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ဇန်နဝါရီ ၂ရက်နေ့တွင် မေတ္တာရပ်ခံစာ တင်ပြထားသည်ဟု သိရသည်။
လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းအောင်တင်မြင့်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြသော နန်းစေအွာ၊ စောသိန်းအောင်တို့က ယင်းသို့ အဓိက ဆိုင်းငံ့စာတင်ကြခြင်းဖြစ်ပြီး...
အဆင့်မြင့်ပညာသင် ကရင်ကျောင်းသူကျောင်းသား ၁၈ဦးကို KOFA ပညာသင်ဆုပေး
ဇန်နဝါရီ ၂ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ အသီးသီးတွင် အဆင့်မြင့်ပညာ သင်ကြားနေကြသော ကရင်ကျောင်းသူကျောင်းသား ၁၈ဦးကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ ပညာသင်ဆု ချီးမြှင့်ထားသည်ဟု ကရင်ဝန်ထမ်းဟောင်းမိသားစု လူမှုရေးအသင်း(KOFA) ဥက္ကဌ မန်းစိုးဟန်က ဇန်နဝါရီလ ၁ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းယား...
နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်စေလိုသည့် ဒေသဆိုင်ရာ အခွင့်အရေးများကို ကြိုတင်ပြုစုအကြံပြုရန် KNU ပြောဆို
ဇန်နဝါရီ ၁ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အစိုးရတို ့ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် မိမိဒေသ ရသင့်ရထိုက် သည့် အခွင့်အရေးများ မဆုံးရှုံးစေရး ဆွေးနွေးစေလိုသည့် အချက်များကို ကြိုတင်ပြုစုပေးပို့ထားရန် သံတောင်မြို့နယ်၊ လိပ်သို မြို့နယ်ခွဲတွင် ဒီဇင်ဘာလ ၂၉ရက်နေ့က ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲ၌ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တောင်ငူ...
လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနှိမ်နင်းရေးကော်မတီတွင် အဖွဲ့ပေါင်းစုံ ပါဝင်မည်
ဇန်နဝါရီ ၁ရက်၊ ၂၀၁၆ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မောင်းနှင်နေသည့် မည်သည့်ယာဉ်မျိုးကိုမဆို မကြာခင် ဖမ်းဆီးသွားမည်ဖြစ်ပြီး ယင်းသို့ လုပ် ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းသွားမည့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးနှိမ်နင်းရေးကော်မတီတွင် ဌာနဆိုင်ရာများမှ အဖွဲ့ပေါင်းစုံနှင့် ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ပါဝင်ကြမည်ဟု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး စောခင်မောင်မြင့်က...














