Home သတင်း ၂၁ပင်လုံသည် ဖက်ဒရယ်ဒီမိုပြည်‌ထောင်စု တည်‌ဆောက်‌ရေး အစပျိုးသည့်‌နေ့ဟု တိုင်းရင်းသား‌ခေါင်း‌ဆောင်များ‌ပြော

၂၁ပင်လုံသည် ဖက်ဒရယ်ဒီမိုပြည်‌ထောင်စု တည်‌ဆောက်‌ရေး အစပျိုးသည့်‌နေ့ဟု တိုင်းရင်းသား‌ခေါင်း‌ဆောင်များ‌ပြော

1850

ဩဂုတ် ၃၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

‌နေပြည်‌တော်၊ MICC 2 ခန်းမတွင် ယ‌နေ့ စတင်ကျင်းပသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ၊ ၂၁ရာစုပင်လုံ ပထမအကြိမ် အစည်းအ‌ဝေးသည် ပြည်သူလူထုုတစ်ရပ်လုံး ‌မျှော်လင့်‌တောင်းတ ‌တောင်းဆိုသည့် ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု တည် ‌ဆောက်‌ရေးအတွက် အစပျိုးသည့်‌နေ့တစ်‌နေ့ဖြစ်သည်ဟု လက်နက်ကိုင်တိုင်းရင်းသား‌ခေါင်း‌ဆောင်အချို့က ‌ပြောဆိုလိုက် သည်။

ကချင်လွတ်လပ်‌ရေးအဖွဲ့ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက“ဒီ‌နေ့ဟာဖြင့် ကျ‌နော်တို့ တိုင်းပြည်အတွက် ရှည်လျားလှပြီ ဖြစ်တဲ့ စစ်ရဲ့အနိဌာရုံ‌တွေကိုသင်ပုန်းကားချပြီး ပြည်သူလူထုုတစ်ရပ်လုံး ‌မျှော်လင့်‌တောင်းတ ‌တောင်းဆို‌နေကြတဲ့ ဖက်ဒရယ် ဒီမိုက‌ရေစီ ပြည်‌ထောင်စုတည်‌ဆောက်‌ရေးအတွက် အတူတကွ လက်တွဲပူး‌ပေါင်း‌ဆောင်ရွက်နိုင်ဖို့အတွက် ရည်သန်ပြီး ငြိမ်း ချမ်း‌ရေးကို အစပျိုးဖို့ စုစည်းကြတဲ့‌နေ့တစ်‌နေ့လို့ ‌ပြောရပါမယ်”ဟု နှုတ်ခွန်းဆက်မိန့်ခွန်းတွင် ထည့်သွင်း‌ပြောကြားသည်။

၎င်းအပြင် တန်းတူညီမျှမှုနှင့် တရားမျှတမှုများ၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံ‌ဆောင်ကျဉ်း‌ပေးမယ့် ဖက်ဒရယ် ဒီမိုက‌ရေစီ ပြည်‌ထောင်စု‌ပေါ်ထွန်းရန် ၂၁ပင်လုံညီလာခံမှ ‌ရှေ့ဆက်ညီလာခံများတွင် ပင်လုံစိတ်ဓာတ်၊ ကတိကဝတ်နှင့် သ‌ဘောတူညီ ချက်များကို တိမ်း‌စောင်း‌မှေးမှိန်‌စေခြင်းမရှိ‌စေဘဲ အထူးသတိထား ‌ဆွေး‌နွေးညှိနှိုင်းဆုံးဖြတ်ချက် ချမှတ် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ရန် အလွန်အ‌ရေးကြီး‌ကြောင်းလည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ဖြည့်စွက်‌ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးကလည်း ယခုကျင်းပသည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ၊ ၂၁ရာစုပင်လုံ အစည်းအ‌ဝေးသည် ငြိမ်းချမ်း‌ရေး၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကိုသွားရန်အတွက် အစပထမ ‌ခြေလှမ်းဖြစ်သည်ဟုလည်း သူ၏အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း‌ပြောကြားခဲ့သည်။
IMG_9593
ညီလာခံသို့ တက်‌ရောက်သူ ဥပ‌ဒေနှင့် အထူးကိစ္စရပ်များ‌လေ့လာသုံးသပ် ဆန်းစစ်‌ရေး‌ကော်မတီ ဥက္ကဋ္ဌ ဦးသူရ‌ရွှေမန်းက “ငြိမ်း ချမ်း‌ရေးနဲ့ပတ်သက်ပြီး‌တော့ ‌ဆောင်ရွက်တဲ့‌နေရာမှာ အခက်အခဲ‌တော့ရှိတာ‌ပေါ့။ ဒီငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲအတွင်း ပါဝင်ကြတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ ‌ခေါင်း‌ဆောင်များရဲ့ ‌စေတနာဟာ အ‌ရေးကြီးပါတယ်။ သူတို့ရဲ့လုပ်နည်းလုပ်ဟန်‌တွေလည်း အ‌ရေးကြီး ပါတယ်။ တစ်ဦးကိုတစ်ဦး ‌လေး‌လေးစားစား၊ ယုံယုံကြည်ကြည် နားလည်မှုအပြည့်ရှိမယ်ဆိုလို့ရှိရင် ငြိမ်းချမ်း‌ရေးလမ်းစအတွက် အင်မတန်မှ ‌ကောင်းပါတယ်။”ဟု ‌ပြောသည်။

စက်တင်ဘာလ ၄ရက်‌နေ့အထိ ကျင်းပမည့် ညီလာခံ၏ ပထမ‌နေ့ အစည်းအ‌ဝေး၊ မွန်းလွဲပိုင်းအစီအစဉ်တွင် နှစ်ဘက်ပြုစုထား သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ(UPDJC)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ‌လေ့လာ‌စောင့်ကြည့်‌ရေး ပူးတွဲ‌ကော်မတီ(JMC) အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်မှုများအား အစီရင်ခံတင်ပြခြင်း၊ နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင်‌ဆွေး‌နွေးချက်များနှင့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာကိစ္စရပ်များကို အစီရင်ခံဖတ် ကြားခဲ့ကြသည်။

ထို့အပြင် ကုလသမဂ္ဂ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဧည့်‌တော်အဖြစ် တက်‌ရောက်ခဲ့ပြီး နှုတ်ခွန်း ဆက်စကား ‌ပြောကြားခဲ့သည်။ အဆိုပါ အစည်းအ‌ဝေးသို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများမှ တာဝန်ရှိသူများနှင့် အရပ် ဘက်အဖွဲ့အစည်းများ အပါအဝင် လူ‌ပေါင်း ၁၈၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ညီလာခံသို့ အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးစာချုပ် (NCA) လက်မှတ်‌ရေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့၊ လက်မှတ်‌ရေးထိုးထားခြင်းမရှိ‌သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစု‌ပေါင်း ၁၈ဖွဲ့ တို့ တက်‌ရောက်ခဲ့ကြ‌သော်လည်း လက်မှတ်မ‌ရေးထိုး‌သေးသည့် ရခိုင်တပ်မ‌တော်(AA)၊ တအာင်းအမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (TNLA)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မ‌တော်(MNDAA)တို့ကမူ တက်‌ရောက်ခြင်းမရှိ‌ပေ။