Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

‌ကော့ကရိတ်မြို့နယ်တွင် အစိုးရတပ်ဖွဲ့ဝင်တစ်ဦး ‌မြေမြှုပ်မိုင်းထိမှန်

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ ‌ကော့ကရိတ်မြို့နယ်ရှိ အစိုးရတပ် စစ်ကွပ်ကဲ‌ရေးဋ္ဌာနချုပ်-စကခ (၁၂)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခလရ(၅၄၇)နှင့် နယ် ခြား‌စောင့်တပ်-BGF (၁၀၁၇)တပ်ရင်းတို့မှ စု‌ပေါင်းတပ်ခွဲနှစ်ခွဲသည် ပျားပင်ကုန်းရွာမှ ‌ကောင်းမှုရွာဘက်သို့ တက်သွားစဉ် ‌မြေ မြှုပ်မိုင်းနင်းမိရာ ခလရ(၅၄၇)မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွား‌ကြောင်း သိရသည်။ ၎င်း‌ဒေသဘက်သို့ တက်သွား‌သော အဆိုပါ...

ကာချုပ်မင်း‌အောင်လှိုင်၏ လက်နက်စွန့်လမ်းစဉ် နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းနိုင်မည်မဟုတ်ဟု တိုင်းရင်းသားအဖွဲ့‌ပြောဆို

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ဒီမိုက‌ရေစီစနစ်ကို လက်ခံလျှင် လက်နက်စွန့်ရမည်ဟု ‌ပြောကြားမှုအ‌ပေါ် ယင်းမှာ နိုင်ငံ‌ရေးပြဿနာများကို ‌ရှေ့ဆက် ‌ဖြေရှင်းနိုင်မည်မဟုတ်‌ကြောင်း တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ယ‌နေ့ တုံ့ပြန် ‌ပြောဆိုလိုက်သည်။ ‌ဖေ‌ဖော်ဝါရီ ၂၂ရက်‌နေ့က က‌လောတပ်နယ်၊ စစ်ဦးစီးတက္ကသိုလ်တွင်...

ရန်ကုန်တိုင်းအတွင်း ကရင်စာ‌ပေသင်ကြား‌ရေး ခက်ခဲမှုများစွာ ကြုံ‌တွေ့‌နေ

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင်စာ‌ပေသင်ကြား‌ရေး အခက်အခဲများစွာ ကြုံ‌တွေ့‌နေရသည်ဟု ‌ဖေ‌ဖော်ဝါရီ ၂၃ရက်‌နေ့တွင်၊ အင်းစိန်မြိုနယ်၊ ဟိုက်ပတ်၊ သာယာ‌အေး(၂)လမ်းရှိ မရာနာသာခန်းမ၌ ပြုလုပ်သည့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ် ‌ကျေးမှု‌ကော်မတီ အစည်းအ‌ဝေးတွင် မြို့နယ်အသီးသီးမှ စာယဉ်တာဝန် ရှိသူများက ထုတ်‌ဖော်‌ပြောဆိုခဲ့ကြသည်။ လက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီး၊ မြို့နယ်စာယဉ်အချို့မှ...

UNFC အ‌နေဖြင့် အစိုးရသစ်နှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ဆက်‌ဆွေး‌နွေးနိုင်ရန် UPWC ဆက်စပ်‌ပေး

‌ဖေ‌ဖော်ဝါရီ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ UNFC အ‌နေဖြင့် ‌နောက်တက်လာမည့် အစိုးရသစ်နှင့် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်များ ဆက်လက်‌ဆွေး‌နွေးသွားနိုင်ရန် ဝန်ကြီးဦး‌အောင်မင်း ဦး‌ဆောင်သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ-UPWC အဖွဲ့မှ ယမန်‌နေ့ ည‌နေ ၄နာရီတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌...

National Races Channel ဒုညွှန်ကြား‌ရေးမှူး ‌ဒေါ်သင်းသင်း‌ဆွေအား ‌တွေ့ဆုံ‌မေးမြန်းခြင်း

ရခိုင်ပြည်နယ်၊ ‌မြောက်ဦးမြို့တွင် ‌ဖေ‌ဖော်ဝါရီ ၁၄ရက်မှ ၁၆ရက်‌နေ့အထိ ကျင်းပသည့် စတုတ္ထအကြိမ်‌မြောက် တိုင်းရင်းမီဒီယာ ညီလာခံသို့ တက်‌ရောက်ခဲ့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ‌နေပြည်‌တော်(တပ်ကုန်း)မှ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း-National Races Channel (NRC) (လက်‌ထောက် ညွှန်ကြား‌ရေးမှူး) ‌ဒေါက်တာသင်းသင်း‌ဆွေအား ကရင်သတင်းဋ္ဌာန (‌ကေအိုင် စီ)သတင်း‌ထောက် ‌စောသိန်းမြင့်က...

တက္ကသိုလ်ဝင် တန်းစာ‌မေးပွဲ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၃‌ကျောင်းသာ ဝင်‌ရောက်‌ဖြေဆိုမည်

‌ဖေ‌ဖော်ဝါရီ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း မြန်မာနိုင်ငံရှိ စာစစ်ဌာနများတွင် မတ်လ ၉ရက်‌နေ့မှစတင်ကာ ကျင်းပမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲအတွက် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၃‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ ၁၀၅ဦးသာ ဝင် ‌ရောက်‌ဖြေဆို‌တော့မည်ဖြစ်‌ကြောင်း သိရသည်။ လက်ရှိ ပညာသင်နှစ်အတွက် ဝင်‌ရောက်‌ဖြေဆိုမည့် ‌ကျောင်းသားဦး‌ရေမှာ ၂၀၁၄-၂၀၁၅...

‌နေအိမ်တိုင်း သစ်ပင် ၃ပင်စီစိုက်ရန် ‌ကေအဲန်ယူ သစ်‌တောဋ္ဌာန ဆုံးဖြတ်

‌ဖေ‌ဖော်ဝါရီ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သည့်အ‌နေဖြင့် (‌ကေအဲန်ယူ)ကရင်အမျိုးသားအစည်းအရုံး သစ်‌တောဌာနမှ ဦးစီးကာ ‌ဒေသခံများနှင့် ပူး‌ပေါင်းပြီး လာမည့် ဇွန်လ ၅ရက်‌နေ့တွင် ‌ကေအဲန်ယူ၏ ခရိုင် ၇ခု၌ ‌နေအိမ်တစ်အိမ်လျှင် သစ်ပင် ၃ပင်စီ စိုက် ပျိုး‌ရေး အစီအစဉ်တစ်ခု ‌ဆောင်ရွက်သွားမည်ဟု သိရသည်။ ဖားအံမြို့နယ်...

၁၉ဝကြိမ်‌မြောက် ကရင်ရိုးရာ နယ်လုံးကျွတ် ကျုံဒိုးမီးပုံပွဲ ပါဝင်ဆင်နွှဲသူ ‌သောင်းချီ၍ရှိ

‌ဖေ‌ဖော်ဝါရီ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး ‌ကော့ကရိတ်ခရိုင်ရှိ ‌ဖေ‌ဖော်ဝါရီ ၁၉ရက်မှ ၂၄ရက်‌နေ့အထိ ပြုလုပ်ကျင်းပသည့် ၁၉ဝကြိမ်‌မြောက် ကျုံဒိုးမြို့၊ နယ်လုံးကျွတ် မီးပုံ ပွဲ‌တော်ကြီးသို့ ပွဲ‌တော်ရက်(လပြည့်‌နေ့၊ ‌ဖေ‌ဖော်ဝါရီ ၂၃)မတိုင်ခင် ပါဝင်ဆင်နွဲကြသူများမှာ ယခင်နှစ်များနှင့် နှိုင်းစာပါက တစ် ရက်လျှင် ပရိဿတ် ၃‌သောင်း‌ကျော်အထိရှိ‌ကြောင်း သိရသည်။ နှစ်စဉ်...

တိုက်မိုင်း‌ကြောင့် BGF တပ်ကြပ်တစ်ဦး ပြင်းထန်စွာဒဏ်ရာရ

‌ဖေ‌ဖော်ဝါရီ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း နယ်ခြား‌စောင့်တပ် BGF ၁၀၁၉ တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် ‌ကော့ကရိတ်မြို့နယ် ပျားပင်ရွာအနီးတွင် လုံခြုံ‌ရေးယူ‌နေစဉ် ‌ဖေ‌ဖော်ဝါရီလ ၂ဝရက်‌နေ့ နံနက် ၁၁နာရီ‌ကျော်အချိန်ခန့် က မိုင်းတစ်လုံး နင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့‌ကြောင်း တပ်ရင်းမှူး က ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။ နယ်ခြား‌စောင့်တပ်...

ချစ်သူလက်နဲ့ ‌ကြွေ‌သောပန်း

(လကင်္ာဒီပ) ပန်းတ‌နော်နယ်တစ်‌ကြော ‌တော‌ကျောင်း‌ကျေးရွာ‌လေး‌ရေ စနစ်‌တွေ အလွဲအမှား အရှိတရားကို ‌ထောက်လျှို ‌ထောက်ပြ ညွှန်‌ပေး ‌တော်လှန်‌ရေး မီးရှူးတန်‌ဆောင် ညသန်း‌ခေါင်လည်း မြင်တတ်သူ ‌နေပူ‌နေ့ခင်း လမ်းမ‌ပျောက်သူ ထိုလူသားမန်းရှာလို ‌ခေါင်း‌ဆောင်‌ကောင်း ‌ပေါင်းသင်‌ရေ‌လောင်း ‌မွေးထုတ်‌ပေးခဲ့တာ ‌ကျေနပ်ကာ ဂုဏ်ယူ‌နေလိုက်စမ်းပါဗျာ။ အင်ပါယာကြီး မလိုချင်ဘူး ထူးခြားခွဲထွက်ဖို့လည်း မရှိဘူး တို့စိတ်ကူး တို့‌မျှော်မှန်းချက် ‌ရှေ့ဆက်ရမယ့် လွတ်လပ်တဲ့ပန်းတိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တစ်မျိုးသားလုံး တန်းတူညီတူအခွင့်အ‌ရေး အိုး...‌ရွေးစရာလမ်းမရှိ‌တော့လို့ ကိုယ့်လက်နက်ကိုကိုင် တိုက်ပွဲဝင်ခဲ့ရတာ‌ပေါ့။ ကရင့်ရဲ့‌တော်လှန်‌ရေးကာလအကြား တစ်ဖဝါးမှ ထွက်မ‌ပြေး‌သွေးမ‌ကြောင် ‌တော‌တောင်ထဲ အ‌သေခံတင်းခံ ဇွဲမာန်နဲ့ မူ‌ပေါ်ရပ်တည်‌နေဆဲ သူရဲ‌ကောင်းအ‌ပေါင်းတို့‌ရေ မ‌သွေဖီ မ‌ပြောင်းလဲတရား ခင်ဗျားတို့ရဲ့ သံမဏိစိတ်ဓါတ်ကို ဟို...
Donate