Home သတင်း ပဲခူးတိုင်း JMC-S တွင် အရပ်သားကိုယ်စားလှယ်များကို နှစ်ဖက်အဖွဲ့နှင့် နီးစပ်သူများအား ‌ရွေးချယ်တာဝန်‌ပေး

ပဲခူးတိုင်း JMC-S တွင် အရပ်သားကိုယ်စားလှယ်များကို နှစ်ဖက်အဖွဲ့နှင့် နီးစပ်သူများအား ‌ရွေးချယ်တာဝန်‌ပေး

2139

‌အောက်တိုဘာ ၁၇ရက်။ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ပဲခူးတိုင်း‌ဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC-S)ကို ‌အောက်တိုဘာ ၁၄ရက်‌နေ့က ‌တောင်ငူမြို့ရှိ ‌တောင်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ရုံး၊ ခန်းမ၌ ဖွဲ့စည်းခဲ့ရာတွင် နှစ်ဖက်အဖွဲ့အစည်းနှင့် နီးစပ်သူများကို သာ ‌ရွေးချယ်တာဝန်‌ပေးအပ်ခဲ့ကြသည်။

ပဲခူးတိုင်း‌ဒေသကြီးအဆင့် JMC-S ‌ကော်မတီတွင် အစိုးရဘက်မှ အဖွဲ့ဝင် ၅ဦး၊ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ဘက်က အဖွဲ့ဝင်ငါးဦးနှင့် နှစ်ဖက်အဖွဲ့မှ အဆိုပြုထားသည့် အရပ်သား ၄ဦး အပါအဝင် စုစု‌ပေါင်း ကိုယ်စားလှယ် ၁၄ဦးတို့ဖြင့် ‌ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၎င်းအရပ်သားကိုယ်စားလှယ်များမှာ အစိုးရဘက်မှ ဦး‌ကျော်မင်းနိုင်၊ ‌စောထူးဘလပ်တို့ကို ကိုယ် စားပြု ‌ရွေးချယ်ခဲ့ပြီး ‌ကေအဲန်ယူ၊ တပ်မဟာ(၃)အတွက် ‌စောလင်း‌အောင်၊ တပ်မဟာ(၂)နှင့် တပ်မဟာ(၃) ကိုယ်စားအတွက် ‌စောဒီးတူးတို့ကို ‌ရွေးချယ်ခဲ့ကြသည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဋ္ဌ ပဒို‌စောအယ်ဝါးက “အရပ်သားထည့်ဖို့က JMC စလုပ်ကတည်းက ထည့်ဖို့က ‌ပြောထားပြီး သားပါပဲ။ ကုိုယ့်အဖွဲ့အစည်းအတွက် သဟဇာတဖြစ်မယ်။ လူထုအတွက်လည်း တကယ်ရပ်တည်နိုင်‌လောက်တဲ့၊ ယုံကြည်ရနိုင် ‌လောက်တဲ့သူ‌တွေကိုပဲ ဦးစား‌ပေး ‌ရွေးရတယ်‌ပေါ့။ ကိုယ်‌ရွေးတဲ့လူ‌တွေကလည်း လူမှုအ‌ခြေပြုလုပ်ငန်းမှာ လုပ်တယ်ဆို‌တော့ ကျ‌နော်တို့ ‌ရွေးချယ်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဖွဲ့စည်းရာတွင် JMC-S ဖွဲ့စည်းပုံအရ အဖွဲ့ဥက္ကဋ္ဌအဖြစ် ‌တောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်မြတ်‌ကျော်၊ ဒုဥက္ကဋ္ဌ များအဖြစ် ‌ကေအဲန်ယူ၊ တပ်မဟာ(၃)မှူး၊ ဗိုလ်မှူးချုပ်‌စောအယ်ကလူသိန်း၊ အရပ်သားကိုယ်စားလှယ် ‌စောထူးဘလပ်၊ အတွင်း ‌ရေးမှူးအဖြစ် ‌ကေအဲန်ယူ တပ်မဟာ(၂) စစ်ဆင်‌ရေးမှူး၊ ဗိုလ်မှူးကြီး‌စောဒဲဖိုးနှင့် ဒုဗိုလ်မှူးကြီးသိန်းထိုက်ဦး၊ စစ်ဦးစီး ပထမတန်း (တပခ)တို့ ပါဝင်သည်။

၎င်း‌ကော်မတီတွင် ‌ကေအဲန်ယူ တပ်မဟာ-၃ အရပ်သားကိုယ်စားလှယ်အဖြစ် တာဝန်‌ပေးခံရသူ ‌စောလင်း‌အောင်က “အခုက ၁၄ရက်‌နေ့မှာ အဖွဲ့ဖွဲ့ပြီးသွားပြီ‌ပေါ့‌နော်။ ၁၅ရက်‌နေ့ကျရင် ပဲခူးတိုင်း JMC ‌ကော်မတီဝင်‌တွေ သီးသန့် အစည်းအ‌ဝေးလုပ်မယ် ‌ပြောတယ်။ ဒါ‌ပေမဲ့ အဲ့‌နေ့ တိုင်းမှူးမအားလို့ ဖွဲ့ပြီး တခါတည်း အစည်းအ‌ဝေး လုပ်တယ်။ မိတ်ဆက်တဲ့သ‌ဘောပါ။ ‌ရှေ့လုပ်ငန်း စဉ်‌တွေကို စည်းစည်းလုံးလုံးနဲ့ လက်တွဲလုပ်ကြမယ်‌ပေါ့‌နော်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပဲခူးတိုင်း‌ဒေသကြီး JMC-S ‌ကော်မတီဝင်များကို လာမည့် ‌အောက်တိုဘာလ ၂၇ရက်မှ ၂၉ရက်‌နေ့ထိ အပစ်ရပ် ပူးတွဲ ‌စောင့်ကြည့်‌ရေးနှင့် သက်ဆိုင်သည့် သင်တန်းတစ်ခု ပို့ချ‌ပေးသွားရန်ရှိသည်ဟုလည်း ‌စောလင်း‌အောင်က ဆက်‌ပြောသည်။

ပဲခူးတို်င်း‌ဒေသကြီး JMC-S ဖွဲ့စည်းခြင်း အခမ်းအနားသို့ ပြည်‌ထောင်စုအဆင့် JMC-U ‌ကော်မတီဝင်များဖြစ်ကြသည့် ဒုဗိုလ်ချုပ် ကြီးရာပြည့်၊ ဒုဗိုလ်ချုပ်ကြီးမင်း‌နောင်၊ ဦးကိုကိုကြီး၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး စစ်‌ထောက်ချုပ် ဗိုလ်ချုပ်အိုင်း ဇက်ဖိုးနှင့် ဗဟို‌ကော်မတီဝင် ပဒို‌စောတာဒို့မူးတို့ တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာ ၁၅ရက်‌နေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့တို့ ‌နေပြည်‌တော်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီး‌နောက် စာချုပ်ပါ သ‌ဘောတူညီချက်များအရ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း‌ဒေသကြီး၊ ပဲခူးတိုင်း‌ဒေသကြီးတို့တွင် ယခုလို JMC-S ‌ကော်မတီများ ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။