KIC News
တစ်နိုင်ငံလုံး အပစ်ရပ်ကြောင်း ကြေညာပေးရန် အရပ်ဖက်အဖွဲ့အစည်း ၁၀၀ကျော် စုပေါင်းတောင်းဆို
ဩဂုတ် ၃၁ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) ဦးတည်ချက်အပေါ် အပြန်အလှန်ယုံကြည်မှုကို ပျက်ပြားစေမည့် တိုင်းရင်း သားနယ်မြေများတွင် ထိုးစစ်ဆင်နေမှုများကိုရပ်တန့်ပြီး နှစ်ဖက်တပ်များမှ ညီလာခံစသည့်နေ့တွင် တစ်နိုင်ငံလုံး တရားဝင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၁၄ဖွဲ့က ဩဂုတ်လ ၃ဝရက်နေ့တွင် သဘောထားကြေ ညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
အဆိုပါ...
အယ်ဒီတာ့အာဘော်
၂၁ရာစုပင်လုံနဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရောင်ခြည်
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း(EAO) ၈ဖွဲ့က တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ဦးသိန်းစိန်အစိုးရနှင့် လက်မှတ်ထိုးခဲ့ပြီးနောက်ပိုင်း စာချုပ်ပါ အတိုင်း နိုင်ငံရေးဆွေးနွေးပွဲဟု မှတ်ယူရသည့် ၂၁ရာစု ပင်လုံညီလာခံတစ်ဖြစ်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက ၂၀၁၆ခုနှစ်၊ ဩဂုတ်လ...
အခြေခံလူထုအတွင်းရှိ အမျိုးသမီးများတွေ့ဆုံပွဲ ဖားအံတွင် ကျင်းပ
ဩဂုတ် ၃ဝ ရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ
အောက်ခြေအမျိုးသမီးထု အသံများရရှိစေရန် အနယ်နယ်အရပ်ရပ်မှ အခြေခံလူထုအတွင်းရှိ အမျိုးသမီးများ တွေ့ဆုံပွဲတစ်ရပ်ကို ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အသင်းက ဦးဆောင်ကာ ကရင်ပြည်နယ်၊ ဖားအံမြို့ ကန်သာဦးခန်းမ၌ ဩဂုတ် ၂၉ မှ ၃ဝ ရက်အထိ ကျင်းပခဲ့သည်။
တွေ့ဆုံပွဲကို...
၂၁ ရာစုပင်လုံတွင် ပါဝင်ခွင့်ရ ကဏ္ဍ၌ ပူးပေါင်းလုပ်ဆောင်ရန် ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများဆွေးနွေး
ဩဂုတ် ၃ဝ ရက်၊ ၂၀၁၆ ခုနှစ်။ စောညွှန် ့သောင်း
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစု ပင်လုံ)တွင် ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှု အဖွဲ့ အစည်းများ ပါဝင်ခွင့်ရကဏ္ဍ၌ ပူပေါင်းပါဝင်ရေးအတွက် ပြည်နယ် အရပ်ဖက်အဖွဲ့အစည်း ၆ဝ ကျော်တို ့က ဩဂုတ် ၂၈မှ ၂၉...
ကေအဲန်ယူ တပ်ဖွဲ့ဝင်တစ်ဦး၏ နေအိမ်အတွင်း လက်နက်ကိုင်တစ်စု ဝင်ရောက်မှုဖြစ်ပွား
ဩဂုတ် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ် လှာကမြင်မြို့သစ်၌ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဒူးပလာယာခရိုင် တပ်ရင်း(၁၆)မှ တပ်ဖွဲ့ဝင်တစ်ဦးနေအိမ်အတွင်းသို့ လက်နက်ကိုင်တစ်စုမှ လက်နက်အပြည့်အစုံနှင့်အတူ ဩဂုတ်လ ၂၈ရက်နေ့၊ မွန်းလွဲ ၂နာရီနီးပါးတွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် ဝင်ရောက်ဝိုင်းရံမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကေအဲန်ယူ တပ်ဖွဲ့ဝင် အိမ်ပိုင်ရှင် စောသုခနောင့်က “သူတို့ဝင်လာတာ...
ကျိုက်ကမော့ သစ်တောကြိုးဝိုင်းအတွင်း ဘိန်းစာပင်ပေါင်း(၂၀၀)နီးပါး ကေအဲန်ယူ ခုတ်ထွင်ရှင်းလင်း
ဩဂုတ် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်နယ်စပ်ကြား ကျိုက်ကမော့ သစ်တောကြိုးဝိုင်းရှိ ရာဘာခြံများတွင် စိုက်ပျိုးထားသည့် ဒေသအခေါ် ဘိန်းစာပင် အပင် (၂၀၀)ကျော်ကို ဩဂုတ်လ ၂၆ရက်နေ့တွင် သွားရောက်ခုတ်ထွင်ရှင်းလင်းခဲ့သည်ဟု ကရင်အ မျိုးသားအစည်းအရုံး(ကေအဲန်ယူ) နယ်မြေလုံခြုံရေး တာဝန်ရှိသူထံများမှ သိရသည်။
ကေအဲန်ယူ ခလယ်-တံခွန်တိုင်တိုက်နယ် နယ်မြေလုံခြုံရေးအဖွဲ့မှ စောရွှေလှဝင်း...
နဘူးနယ် ဒေသခံရွာသားများအပိုင် အင်ပင်များကို စစ်တပ်က အကန့်အသတ်မရှိ ခုတ်ယူနေ
ဩဂုတ် ၂၇ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ကော့ကရိတ်ခရိုင်၊ နဘူးတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စုက ပျိုးထောင်စိုက်ထားခဲ့သော အင်ပင်တောမှ အင်ပင်များကို နဘူး အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ-၅၄၈) တပ်ဖွဲ့က အကန့်အသတ်မရှိ ခုတ်ယူနေသောကြောင့် ဒေသခံရွာသားများ နစ်နာဆုံးရှုံး မှုများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုသည်။
အဆိုပါတိုက်နယ်ရှိ ထီဖိုးဇံ၊ ကော့ဖန်ရပ်၊...
သျှမ်း(ရှမ်း)ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံးဟု ND-Burma ထုတ်ပြန်
ဩဂုတ် ၂၆ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
သျှမ်း(ရှမ်း)ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်အများဆုံးဖြစ်ပေါ်နေသည်ဟု လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်-မြန် မာနိုင်ငံ (ND-Burma)၏ ဩဂုတ် ၂၄ရက်နေ့ ထုတ်ပြန်သည့် ၂၀၁၆ခုနှစ် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ နှစ်ဝက် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယခင် ၂၀၁၅ ခုနှစ်...
လူငယ်တွေ ဦးဆောင်မှုစနစ်ကျင့်သုံးပြီး မိမိကိုယ်ကို ယုံကြည်မှုထားစေချင်တယ်
(ဩဂုတ် ၂၆၊ ၂၀၁၆)
ဝေးလံခေါင်ဖျားတဲ့ ကျေးနယ်တောရွာထဲမှာ ကြီးပြင်းလာတဲ့အတွက် ဦးဆောင်မှုကောင်းနဲ့ ကြုံတွေ့မှုမရှိတဲ့ လူငယ်ဘဝဟာ မြို့ ကြီးပြကြီးသို့ သွားတဲ့အခါမှာ သိမ်ငယ်မှုများနဲ့ ကြုံတွေ့ရပေမယ့်လည်း တစ်ချိန်ချိန်မှာ ဦးဆောင်နိုင်တဲ့ လူငယ်တစ်ယောက်ဖြစ် အောင် ကြိုးစားနေတယ်လို့ သူ့ရဲ့ ရင်တွင်းဖြစ်ခံစားချက်ကို ဖွင့်ဟ ပြောဆိုလာသူကတော့ ၂၅နှစ်အရွယ် စောငြိမ်းမိုးပါ။...
တဂေးလောင်းကျေးရွာ ပညာရေး လိုအပ်ချက်များဖြည့်ဆည်းမှု ထင်သာမြင်သာ ရှိဖို့လို
ရက်စွဲ။ ။ ဩဂုတ် ၂၂၊ ၂၀၁၆
ကျွန်ုပ်တို့ဟာ ကရင်ပြည်နယ် ဖားအံမြို့နယ်၊ နို့အောလာကျေးရွာအုပ်စု တဂေးလောင်းရွာက ဖြစ်ပါတယ်။ ရွာမှာ ပညာရေးနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ အများသိအောင် တင်ပြဖို့ ကရင်သတင်းဌာန-ကေအိုင်စီထံ ပေးစာတစ်စောင် ရေးသားပေးပို့ လိုက်ပါတယ်။
တဂေးလောင်းရွာကျောင်းဟာ အလက ကျောင်းခွဲဖြစ်ပြီး ကျောင်းသူကျောင်းသားပေါင်း ၄၈၀ကျော်ရှိပါတယ်။ ကျောင်းဆောင်...














