KIC News
ကရင်ပြည်နယ် လိုင်စင်မဲ့ယာဉ် အရေးယူနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြမည်
ဇွန် ၂၃ ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်ရှိ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးအရေးယူနိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လာမည့် ဇူလိုင်လ အတွင်း စီမံချက်များရေးဆွဲတင်ပြပြီး လမ်းညွန်ချက်များအတိုင်း ခံယူကာ အရေးယူမှုများ ပြုလုပ်သွားမည်ဟု ကရင်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး/သစ်တော/သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဌာန ဝန်ကြီး ဦးစောပြည်သာက ဇွန် ၂၁ရက်နေ့က...
ကြယ်ပွင့်များ ကြွေလေသော်
(လကင်္ာဒီပ)
ကရင့်တော်လှန်ရေးသက်တမ်း
အကြမ်းခံမှုတွေလည်း မနဲတော့ဘူး
ဘဝင်ရူးတွေလည်း သွေးထိုးခံရ
လိုင်စင်ရ အဓမ္မကျင့်ခြင်းတွေနဲ့
တို့ရဲ့ သမီးပျိုတွေကိုလေ
အမှည့်ခြွေ အနုခြွေရန်စ
ကာလတွေကို သက်ဆိုးရှည်စေနေတယ်။
တိုင်းပြည်မငြိ်မ်းချမ်းပါမှ
ထာဝရအာဏာမြဲနေမယ်ဆိုတဲ့
အတ္တနဲ့ တည်ဆောက်ထားသော မဟာတပ်မတော်
နံစော်ပုပ်ဆွေး လုပ်ရပ်များ
ဘာသာများ အချင်းချင်း ရန်တိုက်ပေး
လူမျိုးရေးအချင်းချင်း သွေးခွဲသပ်လျှို
ရန်လိုခြင်း ရန်စခြင်း နိုင်ကျင့်ခြင်း
မုန်းတီးခြင်းတွေကို ပြုလုပ်ဖန်တီးနေတယ်။
ဒီလိုကာလမျိုးမှာ
ကျရာနေရာက တာဝန်ထမ်းရင်း
လွတ်လမ်း ကျွတ်လမ်းကို ဖွေရှာရင်း
သက်ချင်းအပ်...
ဒုက္ခသည်ပြန်နိုင်မည့် အခြေအနေတစ်ရပ် နိုင်ငံတော်အတိုင်ပင်ခံမှ ဖန်တီးပေးရန် ဒုက္ခသည်အရေးဆောင်ရွက်သူများလိုလား
ဇွန်လ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ဒုက္ခသည်များ ပြန်နိုင်မည့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးရန် ဇွန်လ ၂၃ရက်နေ့တွင် စတင်တော့မည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်ပေါ် အခြေခံ၍ ဒုက္ခသည်အရေးဆောင်ရွက်ပေးနေသည့် ကရင်ဒုက္ခသည် ကော်မတီ(KRC)နှင့် ကရင်နီဒုက္ခသည်ကော်မတီ(KnRC)က လိုလားကြောင်း ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံအတွင်း နှစ်ပေါင်း(၃၀)ကျော်ကြာ နေထိုင်လာခဲ့သည့် မြန်မာတိုင်းရင်းသားဒုက္ခသည်အများစုမှာ...
ဖိုင်ဘာဆက်ကြောင်း တူးဖော်မြှုပ်နှံမှု ဖြေရှင်းပေးခြင်းကိစ္စ မကြန့်ကြာစေလိုဟု နောင်ကမြိုင် ဒေသခံများပြောဆို
ဇွန် ၂၂ရက်။ ၂၀၁၆ ခုနှစ်။ စောညွှန့်သောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် Telenor ဆက်သွယ်ရေး ဖိုင်ဘာဆက်ကြောင်း မြောင်းတူးဖော်မြှုပ်နှံမှုကြောင့် ဖားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာဒေသခံများ၏ လယ်ယာမြေများပေါ် ထိမှန်သည့်ကိစ္စများ ဖြေရှင်းပေးရာတွင် မကြန့်ကြာစေလိုကြောင်း ဒေသခံလယ်သမားများက ဇွန် ၂၁ရက်နေ့က ပြောဆိုသည်။
အဆိုပါ ဖိုင်ဘာဆက်ကြောင်း တူးဖော်ခြင်းနှင့်ပတ်သက်၍ အကောင်အထည်ဖော်လုပ်ဆောင်နေသော...
မြဝတီ ဂက်စ်ကားတားဆီးခဲ့ရမှုကိစ္စ ပြေလည်မှုရပြီ
ဇွန် ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
မြဝတီမြို့ တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် မင်းပြည့်စုံကုမ္ပဏီ၏ ဂက်စ်ကားများ တားဆီးခံရမှုနှင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲကိစ္စရပ်များကို ဇွန်လ ၂ဝရက်နေ့က မြဝတီနယ်စပ်ဒေသ ရေနံဓာတ်ငွေ့ ရည် (LPG)လုပ်ငန်းရှင်များ အသင်းဝင် အချင်းချင်း ညှိနှိုင်းမှုပြေလည်သွားပြီဖြစ်ကြောင်း သိရသည်။
မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး၊ အကောက်ခွန်ဦးစီးဋ္ဌာနတာဝန်ရှိသူများ၊ ရေနံဓာတ်ငွေ့ရည်...
တောင်ကိုရီးယား အလှူရှင်များ၏ အကူအညီဖြင့် ဖားအံခရိုင်တွင် ခြေတုအလုပ်ရုံစင်တာတစ်ခု ဖွင့်လှစ်
ဇွန် ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ပဋိပက္ခကာလအတွင်း မသန်စွမ်းဖြစ်သွားသူများအတွက် ရည်ရွယ်ကာ တောင်ကိုရီးယားနိုင်ငံမှ အလှူရှင်များ၏ အကူအညီဖြင့် ကော်သူးလေ ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဋ္ဌာန-KDHW၊ မယ်တော်ဆေးခန်းတို့ ကမကထပြု ပြီး ခြေတုအလုပ်ရုံစင်တာတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး-KNU ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကလို့ယောလေးကျေးရွာ၌ ဇွန် ၂ဝရက်နေ့က ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ခြေတုအလုပ်ရုံစင်တာကို ဖွင့်လှစ်နိုင်ရန်...
ကော့လုံကျွန်းပေါ် ကိုမောင်ရှမ်းစုတွင် ဆေးခန်းရွှေ့ပြောင်းမည့်ကိစ္စ ဒေသခံများ ရှင်းလင်းပွဲ ပြုလုပ်မည်
ဇွန် ၂၁ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
လှိုင်းဘွဲမြို့နယ်၊ ကော့လုံကျွန်းပေါ်ရှိ ကိုမောင်ကျေးရွာအုပ်စု ငှက်ပျောတောကျေးရွာတွင် တည်ဆောက်မည့် ကျေးလက်ကျန်း မာရေးဌာနအဆောက်အဦးကို ကိုမောင်ရှမ်းစု (တပ်စခန်း)တွင် နေရာပြောင်းရွှေ့ တည်ဆောက်ရန် ရှိသည့်အတွက် ဒေသခံများ က ဇွန်လ ၂၄ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဟု သိရသည်။
၎င်းသတင်းစာရှင်းလင်းပွဲကို ကျေးရွာ တာဝန်ရှိသူများနှင့်...
သတင်းအချက်အလက် ရရှိပို်င်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖားအံတွင် ပြုလုပ်
ဇွန် ၂ဝ ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာဖောင်
သတင်းအချက်များ လူတိုင်း ရယူခွင့်ရှိရန် ရည်ရွယ်၍ ပြည်တွင်းလူ့အဖွဲ့အစည်းများကွန်ရက်(3N)နှင့် ပြည်ကြီးခင်အဖွဲ့တို့ ပူး ပေါင်းကာ သတင်းအချက်အလက်များ ရရှိပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Right To Information(RIT)Workshop)ကို ဖားအံမြို့၊ အမှတ် ၄ရပ်ကွက်၊ ပိတောက်လမ်းနှင့်...
စစ်တပ်နှင့် ဝန်ကြီးဌာနများ သိမ်းယူထားသည့် မြေ ၂၃၂ဧကကျော် ယာယီလုပ်ပိုင်ခွင့်ဖြင့် ပြန်ပေးအပ်
ဇွန် ၂ဝရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်အတွင်း အမှတ်(၃၃၈)နှင့် (၃၃၉) ခြေမြန်တပ်ရင်း၊ ပြည်နယ်အကျဉ်းဦးစီးဌာနနှင့် ယခင် အမှတ်-၂ စက်မှုဝန်ကြီး ဌာနတို့ သိမ်းယူထားသည့် မြေ ၂၃၂.၄ဧကကို ပြည်နယ်အစိုးရ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က မူလပိုင်ရှင် လယ်သမားများထံ ဇွန်လ ၁၇ရက်နေ့တွင် ပြန်လည် ပေးအပ်လိုက်သည်။
အဆိုပါမြေများမှာ ကရင်ပြည်နယ်၊...
နေရပ်သို့အတင်းအကြပ် ပြန်မပို့ရန် မယ်လဒုက္ခသည်များ ထုတ်ဖော်ပြောဆို
ဇွန် ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
မြန်မာဒုက္ခသည်များအား လက်ခံထားရှိသည့် ထိုင်းအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့အနေဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခ သည်များကို နေရပ်သို့ အတင်းအကြပ်ပြန်မပို့ရန် ယနေ့ (ဇွန်လ၂ဝရက်နေ့)တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မယ်လဒုက္ခသည်စခန်းနေ ဒုက္ခသည်ပြည်သူများက ထုတ်ဖော်ပြောဆိုလိုက်သည်။
လက်ရှိအချိန်၌ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ဒုက္ခသည်များကို အတင်းအကြပ်ပြန်ပို့မည့် ဆုံးဖြတ်ချက်များ မရှိစေလိုဘဲ...















