KIC News
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ နာယကဩဝါဒ ခံယူပွဲကျင်းပ
ဒီဇင်ဘာ ၅ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
၂၇၅၆ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ နာယကကြီးများထံမှ နှစ်သစ်ကူး အကြို ဩဝါဒခံ ယူပွဲကို ဒီဇင်ဘာ ၄ရက်နေ့တွင် အင်းစိန်မြို့နယ်၊ မဟာဆေးဝကင်္ဘာ အာလိန်ငါးဆင့် ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ကရင်လူမျိုးများအနေဖြင့် နှစ်သစ်ကူးချိန်တွင် မိမိတို့ ဘိုးဘေးတို့၏ ဆုံးမ...
MGEU၏ ၂၀၁၆ခုနှစ် Humanitarian Award ဆုကို ကရင်လူငယ် စလုံ့ဖန်းအား ရွေးချယ်ချီးမြှင့်
ဒီဇင်ဘာ ၄ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
ကနေဒါနိုင်ငံ Manitoba (မနီတိုးဘား)ခရိုင်ရှိ အလုပ်သမားသမဂ္ဂတစ်ခုဖြစ်သည့် Manitoba Government and General Employee's Union MGEU မှ ၂၀၁၆ ခုနှစ်အတွက် လူသားချင်းစာနာမှု Humanitarian Awardဆုကို ကနေဒါနိုင်ငံတွင် ရောက်ရှိအခြေချနေထိုင်သည့် ကရင်လူငယ်တစ်ဦးဖြစ်သူ...
တိုက်ကြီးတွင် ကရင်စာသင် ဆရာ၊ ဆရာမ ၆၄ဦးရှိသော်လည်း ၄၃ဦးသာ ချီးမြှင့်ငွေရ
ဒီဇင်ဘာ ၃၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်းရှိ အစိုးရ အခြေခံပညာကျောင်းများတွင် ၂၀၁၆-၁၇ ပညာ သင်နှစ်အတွင်း မူလတန်းအောက်အဆင့် ကရင်စာသင် ဆရာ၊ ဆရာမ ၆၄ ဦးရှိသော်လည်း အစိုးရက ၄၃ ဦး ကိုသာ ချီးမြှင့်လစာငွေပေးသည့်အတွက် ဆရာ၊ ဆရာမ...
မြန်မာရွှေ့ပြောင်းစာသင်ကျောင်း (၃)ကျောင်းအတွက် ပထမအကြိမ် အလှမယ်နှင့် အလှမောင်ရွေးပွဲကျင်းပ
ဒီဇင်ဘာ ၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
အိုအေစစ်လူငယ်စင်တာက ကြီးမှူးပြီး ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်း (၃)ကျောင်း ပါဝင်သည့် အိုအေစစ် Miss Oasis 2016 (၂၀၁၆ မယ်နှင့်မောင်ရွေးပွဲ)ကို ပထမဦးဆုံးအကြိမ်အဖြစ် ယနေ့ ဒီဇင်ဘာလ ၂ရက်နေ့တွင် ကလေးများဖွံ့ဖြိုးရေးစင်တာ (Children Development Center...
အော်ရီဒူးဖုန်းတာဝါတိုင် မီးစက်သံနှင့်မိုးကြိုးစက်ကွင်းသင့်အန္တရာယ် အမြန်နေရာရွှေ့စေလို
ဒီဇင်ဘာ ၂ရက်၊ ၂၀၁၆ခုနှစ်။ ကဆောဝါး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အထက(၁)ကျောင်းအနီးရှိ အော်ရီဒူးတယ်လီဖုန်း တာဝါတိုင်၏ မီးစက်သံနှင့် မိုးကြိုးစက်ကွင်း သင့် အန္တရာယ်ကြောင့် ဒေသခံနှင့် ကျောင်းသားမိဘများ စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် ယင်း ကိစ္စအား အမြန်ဆုံး အရေးယူဖယ်ရှားပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်...
ခွင့်ပြုတန်လွန် တင်ဆောင်သည့် ဆောက်လုပ်ရေးပစ္စည်းတင်ကား တံတားပေါ်မှ ထိုးကျ
ဒီဇင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြုဇရပ်-ဘုရားသုံးဆူလမ်းမကြီးပေါ် မယ်ဇလီကျေးရွာအနီး ဘေလီတံတားပေါ် ဖြတ်သန်းမောင်း နှင်လာသော ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ကားတစ်စီးသည် နိုဝင်ဘာလ (၃၀)ရက်နေ့က တံတားပေါ်မှ ထိုးကျတိမ်းမှောက်သွားကြောင်း သိရသည်။
“ဆောက်လုပ်ရေးပစ္စည်းတင်တဲ့ ကားလို့တော့ သိရတယ်။ ဆောက်လုပ်ရေးပိုင်ကားလား၊ ငှားလာတဲ့ကားလား ကျနော် သေချာ မသိသေးဘူး။...
နေရပ်ပြန်လည်နေရာချထားရေးကိစ္စ မူဝါဒများ ရေးဆွဲထားဟု ကရင်နီဒုက္ခသည်ကော်မတီက ပြောဆို
ဒီဇင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် ကရင်နီဒုက္ခသည်စခန်းတွင် ခိုလှုံနေထိုင်နေသည့် ဒုက္ခသည်များအနေဖြင့် အစိုးရသစ်လက်ထက်တွင် နေရပ်ပြန်နိုင်ရေးအတွက် ရေရာသေချာမှု မရှိသေးသော်လည်း ၎င်းကိစ္စနှင့်ပတ်သက်သည့် မူဝါဒ များ၊ လုပ်ငန်းအစီအစဉ်များရေးဆွဲထားကြောင်း ကရင်နီဒုက္ခသည်ကော်မတီ-KnRC က ယနေ့(ဒီဇင်ဘာ ၁ရက်)တွင် ပြော သည်။
အိမ်နီးချင်းနိုင်ငံ၏ နယ်နိမိတ်အတွင်း နှစ်ပေါင်းများစွာ...
ပြည်တွင်းနှင့် နယ်စပ်အရပ်ဖက်ကျန်းမာရေးအဖွဲ့ (၁၅)ဖွဲ့ ကမ္ဘာ့ AIDS နေ့ ပူးပေါင်းလှုပ်ရှားမှု အစီအစဉ်ပြုလုပ်
ဒီဇင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
မြန်မာပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အရပ်ဖက်ကျန်းမာရေးနှင့် ပညာရေးအဖွဲ့ (၁၅)ဖွဲ့တို့ စုပေါင်း၍ ယနေ့ (ဒီဇင် ဘာလ ၁ရက်)တွင် ကျရောက်သည့် ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် ပူးပေါင်းလှုပ်ရှားမှု အစီအစဉ်တစ်ခုကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းအသစ်၌ ပြုလုပ်ကျင်းပခဲ့ကြသည်။
ကမ္ဘာ့...
နေပြည်တော်တွင် ပထမဦးဆုံးကြိမ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပမည်
ဒီဇင်ဘာ ၁ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကရင်သက္ကရာဇ်(၂၇၅၆)ခုနှစ်၊ ခရစ်နှစ်(၂၀၁၆)ခုနှစ်၊ ဒီဇင်ဘာ(၂၉)ရက်နေ့တွင် ကျရောက်သော (၇၉)ကြိမ်မြောက် ကရင်နှစ် သစ်ကူးနေ့ပွဲတော် အခမ်းအနားကို ပါတီပေါင်းစုံမှ ကရင်လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်၍ နေပြည်တော် (MCC-2) ခန်းမ၌ ပထမဦးဆုံးကြိမ် ကျင်းပသွားမည်ဟု နေပြည်တော်၊ ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီ တာဝန်ရှိများက ပြောသည်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာ...
ကရင် လက်နက်ကိုင်နှင့် နိုင်ငံရေးပါတီများ ပါဝင်သည့် ဖက်ဒရယ်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲပြီးစီး
နိုဝင်ဘာ ၃ဝရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၃ဖွဲ့နှင့် ကရင်နိုင်ငံရေးပါတီ ၄ပါတီ ပါဝင်သည့် ပထမဆုံးအကြိမ် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြဝတီမြို့နယ်အတွင်းရှိ လေးကေကော်မြို့သစ်တွင် နိုဝင်ဘာလ ၂၉ရက်မှ ၃ဝရက်နေ့အထိ နှစ်ရက်တာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
KNU ဥက္ကဌရုံး အတွင်းရေးမှူး စောတာမူလာက “အခုလို ငြိမ်းချမ်းဖြစ်စဉ်ဖော်ဆောင်နေတဲ့ကာလမှာ...














