KIC News
ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့်ပတ်သက်၍ ကရင်ကျောင်းသားများကွန်ရက် ရပ်တည်ချက်ထုတ်ပြန်
ဇွန် ၂ဝရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်များနှင့် ပြည်တွင်းစစ်ပြေးရှောင် (IDPs)များ နေရပ်ပြန်လည်နေထိုင်ရေးနှင့် ပတ်သက်၍ ကရင် ကျောင်းသားကွန်ရက်အဖွဲ့(KSNG)မှ အချက် ၂ဝချက်ပါ ၎င်းတို့၏ သဘာထားရပ်တည်ချက်တစ်စောင်ကို ယနေ့ (ဇွန်လ ၂ဝ ရက်)တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ (World Refugee Day)တွင်...
သစ်တောဆိုင်ရာ အရပ်ဖက်အဖွဲ့များပါဝင်သည့် FLEGT ၏ လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့ကို ကရင်ပြည်နယ်တွင် ဖွဲ့စည်း
ဇွန်လ ၁၉ရက်၊ ၂၀၁၇ခုနှစ်။ ကေအိုင်စီ
တရားဝင် သစ်တောထွက်ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကောင်းမွန်သော သစ်တောစီမံအုပ် ချုပ် လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်းအဖွဲ့ Forest Law Enforcement Governance and Trade (LEGT) အနေဖြင့် ၎င်းတို့ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်...
အစိုးရက ပိုင်ရှင်ထံပြန်ပေးသည့် လယ်မြေအချို့ တစ်နှစ်ကျော်ကြာချိန်ထိ လုပ်ခွင့်မရသေး
ဇွန် ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း တပ်မတော်က သိမ်းယူထားသည့် လယ်မြေများကို ပြည်နယ်လယ်ယာ မြေ စီမံခန့်ခွဲမှုကော်မတီက မူလပိုင်ရှင်များထံ၂၀၁၆ ခုနှစ်၊ ဇွန်လကတည်းက ပြန်ပေးလိုက်ပြီးဖြစ်သော်လည်း လက်ရှိ တစ်နှစ်ကျော်ကြာချိန်ထိ တစ်ချို့လယ်မြေများ ပြန်လည်လုပ်ပိုင်ခွင့် မရရှိသေးကြောင်း လယ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ...
နယ်စပ်ရှိမြန်မာရွှေ့ပြောင်းကျောင်းများ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် အနည်းငယ် ကျဆင်း
ဇွန် ၁၉ရက်၊ ၂၀၁၇ခုနှစ်။ စောရှား
၂၀၁၆-၂၀၁၇ပညာသင်နှစ် မြန်မာနိုင်ငံ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသည့် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်းကျောင်း၏ အောင်ချက်မှာ ယခင်နှစ်ထက် အနည်းငယ် ကျဆင်းသွားကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ပညာရေးကော်မတီ-BMWEC ထံမှ သိရသည်။
မြဝတီမြို့နယ်၊ မြဝတီမြို့ အထက(၁) စာစစ်ဌာနတွင် မြန်မာရွှေ့ပြောင်းကျောင်းနှစ်ကျောင်းဖြစ်သည့် ဆာသူးလေနှင့်...
ဆင်းရဲဒုက္ခ နှစ်မျိုး အကြောင်း
(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ ဇွန်လ ၁၉ရက်)
“ဒုက္ခ” ဆိုတဲ့ စကားလုံးကို ဦးထွန်းမြင့်ရဲ့ ပါဠိသက် ဝေါဟာရအဘိဓာန်က ၁။ဆင်းရဲခြင်း ၂။ဆင်းရဲသူလို့ ဖွင့်ဆိုထားပါတယ်။
မြန်မာအဘိဓာန်မှာတော့ ဒုက္ခ = ဆင်းရဲမှုလို့ တိုတိုရှင်းရှင်း အနက်ပေးပါတယ်။ “ဒုက္ခသည် (အသံထွက် - ဒုတ်ခါ့ သှယ်)”ဆိုတာကိုတော့...
ဆက်ဆံရေးရုံးများ၏ တာဝန်နှင့်ဝတ္တရားများ (ToR) မူကြမ်း ပြန်လည်ပြင်ဆင်ရေးဆွဲပြီးစီး
ဇွန် ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၁၇ရက်နှင့် ၁၈ရက်နေ့က ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးထားပြီး ဆက်ဆံရေးရုံးများဖွင့်ထားကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်း ၁၁ဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆက်ဆံရေးရုံးများ၏...
ကရင်ပါတီများ ပေါင်းစည်းရေး အလေးထား ဆောင်ရွက်နေကြောင်း KPP ပြောဆို
ဇွန် ၁၈ ရက်၊ ၂၀၁၇ခုနှစ်။ စောထွန်းလင်း
ကရင်နိုင်ငံရေးပါတီများ ပေါင်းစည်းရေးအတွက် အလေးထား လုပ်ဆောင်နေသည်ဟု ဇွန်လ ၁၇ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်း ကုန်းမြို့နယ်၊ မြန်မာနိုင်ငံခရစ်ယာန် မျက်မမြင်ကျောင်းခန်းမ၌ ပြုလုပ်သည့် ကရင်ပြည်သူ့ပါတီ၏ ၇ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီဥက္ကဌ စောထွန်းအောင်မြင့်က...
အိုဘယ့် ကေအိုင်စီ (သို့) မနှင်းဆီ
(လကင်္ာဒီပ)
ကောက်ရိုးမီးတွေ မဟုတ်ကြဘူး
ဆူးကြားက ဆူးများနဲ့
ဖူးပွင့်ခဲ့တဲ့ ပန်းလေးပေါ့
ကမော့ယှိူးရယ် ခွဲကဘောင်ရယ်
သူးမွဲထရယ် နောင်ခလာရယ်
ရှင်သန်မယ်လေ အတူတူပဲကွယ်
တို့နယ် တို့မြေ တို့ရေက
စတုတ္ထမဏ္ဍိုင်မှာ
ဝိုင်းရံကာ အားဖြည့်ကြမယ်။
ထောင်ရာဇာ လက်နက်ရာဇာ
တဏှာရာဇာ မူးယစ်ရာဇာတွေ မှိုလို
မှောင်ခိုရာဇာ ဂိုင်းဂဏရာဇာတွေကြားမှာ
စွန့်စားကာ သတင်းတွေရယူ
ပြည်သူရှေ့ ချပြရတဲ့အလုပ်
သက်ဖက်ထုတ် လူတန်းစားနှယ်
အန္တရာယ်အသွယ်သွယ် ဘေးအသွယ်သွယ်။
လူ့အခွင့်အရေးများ
တိုင်းရင်းသားအခွင့်အရေး
ဒီမိုကရေစီအရေးတွင် ရပ်တည်ရင်း
အလျဉ်း...တစုံတဦး အသင်းအဖွဲ့တို့ရဲ့
ဦးနှိမ်တဲ့ ဩဇာခံမဟုတ်သော
ဘယ်သောအခါမှ နယ်စည်းမခြားသော
ဘယ်သောခါမှ ဆန္ဒရင်းစွဲ
လူမျိုး ဘာသာ...
ပြည်နယ်အဆင့် တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံး ကြာအင်းဆိပ်ကြီး ကြခတ်ချောင်းကျောင်း ၅ နှစ်ဆက် တိုက်ရပ်တည်
ဇွန် ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
၂၀၁၆-၂၀၁၇ ပညာသင်နှစ် မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မှုစာရင်းကို ယနေ့(ဇွန်လ ၁၇ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကရင်ပြည်နယ်အနေဖြင့် ကြာအင်းဆိပ်ကြီး၊ ကြခတ်ချောင်း အ.ထ.က ကျောင်းမှ ၅ နှစ်ဆက် တိုက် အောင်ချက်အကောင်းဆုံးရရှိသည်ဟု...
ကွဲပြားမူများကြားထဲမှ ညီညွတ်ရေးကို လုပ်ဆောင်သွားနိုင်ရေး UNFC၏ ညီလာခံတွင် ဆွေးနွေးသွားမည်
ဇွန် ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ၌ ယခုလ ၂ဝရက်နေ့တွင် စတင်ကျင်းပမည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ-UNFC၏ ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား သဘောထားအမြင်များ၊ ကွဲပြားမှုများကြားထဲမှ ညီညွတ်ရေးကို ဖော်ဆောင်သွားရန် ဆွေးနွေးသွားမည်ဟု (UNFC) အတွင်းရေးမှူး (၁)...














