KIC News
လော်ခီးလာလက်ဆောင်
အတက်ကြမ်းကြမ်း
အဆင်းခက်ခက်
လှိုင်းဘွဲ့မှလေးဝါး
လေးဝါးမှလှိုင်းဘွဲ့
တောင်လှိုင်း၊ မြေလှိုင်း၊ လေလှိုင်း၊ ရေလှိုင်း
အရိုင်းတို့ရဲ့ ရက်စက်မှုကိုရင်ဆိုင်
ဘဝကိုမေ့ အသက်ကိုမေ့
ဇရာ၊ အနာ မငြီးငြူအား
ပျောက်ဆုံးသွားတဲ့ အခွင့်အရေး
နောင်မျိုးဆက်တို့အရေး
မသေသေးသရွေ့
မေ့ထားလို့မရ
ရင်ဝယ်ပိုက်ထားတဲ့သောက
စားမရ. အိပ်မရ
လူမှန်းသိတတ်စက
စခဲ့တဲ့ဇာတ်လမ်း
မပြီးလေ လုပ်လေ
လုပ်လေ မပြီးလေလား...
မရွေ့နိုင်သောကျောက်တုံးကို တွန်းမိလေသလား...
တွန်းခဲ့တာလေးကပဲ သမိုင်းမှတ်တမ်းလား...
ငါသေသွားလည်း
ဖြစ်ချင်ရာဖြစ် ပြောချင်ရာပြော
ငါ့ခြေရာတွေကပျောက်မှာမဟုတ်
မြေမှာ လေမှာ ရေမှာ
နှလုံးသားမှာ အသည်းမှာ ဦးနှောက်မှာ
ခြေရာချင်းထပ်နေမှာပဲ...
တို့မှာ...စိုက်စရာအပြည့်
တို့မှာ...စားစရာအပြည့်
တို့မှာ...နေစရာအပြည့်
အဲဒီကနေ
တို့မှာ...သူခိုးမရှိ
တို့မှာ...ဓားပြမရှိ
တို့မှာ...သူပုန်မရှိ
(မကောင်းသောအစိုးရသည် သူပုန်ဖြစ်သည်)
ဒီလို
သဘာဝအရှိ ပကတိဖြစ်အောင်
ဖိုးခွားတို့ ဖိုးမူတို့ရေ
အဖူးတို့လက်ဆောင်ကို
လက်ဆင့်ကမ်းလိုက်ပါလေ....။
မန်းမင်းရဲထွေး
ရေကြီးမှုကြောင့် ကရင်ပြည်နယ်အတွင်း လူ ၂ဝ သေဆုံး
စက်တင်ဘာ ၁ရက်၊ ၂ဝ၁၈ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်အတွင်း ဇူလိုင်လ ၂၂ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဖားအံမြို့ နယ်တွင် ၁၄ဦး၊ လှိုင်းဘွဲမြို့နယ်တွင် ၆ဦး စုစုပေါင်း ၂ဝဦး သေဆုံးခဲ့သည်ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးလင်းထွဋ်က ဩဂုတ် ၃၁ရက်နေ့တွင်...
ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဥပဒေ ပြင်ဆင်မွမ်းမံနိုင်ရေး လေးပွင့်ဆိုင် ဆွေးနွေး
စက်တင်ဘာ ၁ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
ထိုင်းအခြေစိုက် Migrant Working Group- MWG မှဦးဆောင်၍ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အလုပ်သမားကြီးကြပ် ကာကွယ်ရေး ဌာန၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)၊ မြန်မာလူမှုအဖွဲ့အစည်းများ ပါဝင်သည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ လေးပွင့်ဆိုင် အလုပ်ရုံဆွေးနွေးပွဲကို မဲဆောက်မြို့၊ Queen Palace...
မြန်မာပြည်ကို ICC တင်ရန် UN အစီရင်ခံစာ၏အဆိုပြုမှုကို Karen Community Worldwide ထောက်ခံကြိုဆို
စက်တင်ဘာ ၁ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
နိုင်ငံတွင်း လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားဖြစ်တည်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုနှင့် မြန်မာတိုင်းရင်သားလူမျိုးတို့အပေါ် ကျူး လွန်သော စစ်ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(International Criminal Court)ကိုတင် ရန် UN ၏အဆိုပြုချက်ကို ထောက်ခံကြိုဆိုကြောင်း ကမ္ဘာလုံးဆိုင်ရာကရင်အဖွဲ့(Karen Community Worldwide)မှ...
ဖားအံမြို့ တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်ပတ်သက်သော အသေးစားစစ်တမ်း ကောက်ယူမည်
ဩဂုတ် ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်
ကရင်ပြည်နယ်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများကွန်ယက် (KSCN) မှ ဖားအံမြို့ ရပ်ကွက် ၉ ခုအတွင်း မူးယစ်ဆေးဝါး နှင့် ပတ်သက်သည့် အကြိုဆန်းစစ်လေ့လာမှုများကိုပြုလုပ်ကာ အသေးစားသုတေသန စစ်တမ်းများ ပြုလုပ်သွားမည်ဟု သိရသည်။
ပြည်နယ်အတွင်း အဓိက...
ကရင်လူငယ်နှင့်ကျောင်းသားများ အသိအမြင်ဖလှယ်ခြင်းဆိုင်ရာ တွေ့ဆုံပွဲတစ်ခုပြုလုပ်
ဩဂုတ် ၃၁ ရက်၊ ၂၀၁၈ ခုနှစ်။ စအိုင်ဆူး
လတ်တလောဖော်ဆောင်နေဆဲ ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် နိုင်ငံရေး၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာအသိ ပညာများကို ကရင်ကျောင်းသားနှင့် လူငယ်များအကြား ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ပြီး ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ထီးကဟောကျေးရွာ သူးမွဲကိုယ်ထူကိုယ်ထအထက်တန်းကျောင်း၌ အသိအမြင်ဖလှယ်မှုဆိုင်ရာ တွေ့ဆုံပွဲ တစ်ခုကို ဩဂုတ်လ၂၈ မှ၃ဝ...
အဖွဲ့ဝင်သစ်များအတွက် လမ်းဖွင့်ပြီး တိုုင်းရင်းမီဒီယာ ဖွံ့ဖြိုးရေးအတွက် တိုုးချဲ့မှု BNI ကြိုးပမ်းမည်
ဩဂုတ် ၃ဝ ရက်၊ ၂ဝ၁၈ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာ မြန်မာ့သတင်း (Burma News International- BNI) က အဖွဲ့ဝင် သတ်မှတ်ချက်များ ကို ပြင်ဆင်လိုုက်ခြင်းဖြင့် အဖွဲ့ဝင် အဖွဲ့အစည်းသစ်များအတွက် လမ်းဖွင့်ပေးပြီး တိုင်းရင်းမီဒီယာ အခန်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တိုးချဲ့မှုကို ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ထိုင်း-မြန်မာနယ်စပ်...
ပြည်နယ်ရှိ ကိုယ်ဝန်ဆောင်များနှင့် (၃)နှစ်အောက်ကလေးငယ်များကို အစိုးရ ထောက်ပံ့မည်
ဩဂုတ် ၃ဝ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ရက် ၁,၀၀ဝ အောက် ( ၃ နှစ် အောက်) ကလေးငယ်များကို လာမည့် အောက်တိုဘာလမှ စတင်၍ ထောက်ပံ့ငွေများပေးသွားမည်ဖြစ် ကြောင်း ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန...
KNLA နှင့် အစိုးရစစ်တပ် တိုက်ပွဲကြောင့် မြိုင်ကြီးငူတွင် စစ်ဘေးရှောင် ၂၀၀ကျော် ထပ်မံရောက်ရှိ
ဩဂုတ် ၃ဝရက်၊ ၂၀၁၈ခုနှစ်။ နန်းဝေဖြိုးဇာ
ဖာပွန်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ ၅ တပ်ဖွဲ့နှင့် အစိုးရတပ်မတော်တို့ကြားတွင် ယခုလ ၂၈ ရက်နေ့က တစ်ကျော့ ပြန် ပစ်ခတ်မှုဖြစ်ပွားသောကြောင့် ဩဂုတ်လ ၂၉ရက် (ယမန်နေ့)က မြိုင်ကြီးငူစခန်း၌ ဒေသခံရွာသား ၂၀ဝ...
ငြိမ်းချမ်းရေးဖြစ်စဉ် ပါဝင်ခဲ့သူနှင့် KNU တို့ လုပ်ငန်းစဉ် အလုပ်ရုံဆွေးနွေးပွဲ စတင်ပြုလုပ်
ဩဂုတ် ၃ဝ ရက်၊ ၂ဝ၁၈ခုနှစ်။ ကေအိုင်စီ
ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်အတွင်း ထဲထဲဝင်ဝင်ပါဝင်သူများနှင့် KNU -ကရင် အမျိုးသားအစည်းအရုံးတို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောစာချုပ် (NCA) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည် သုံးသပ်မှု အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ဖားအံခရိုင်၊ လော်ခီးလာ(လေးဝါး)၌ ဩဂုတ် ၃ဝရက်(ယနေ့)မှ...














