Home သတင်း လက်နက်ကိုင်များအကြား စည်းလုံးညီညွတ်မှုမရှိ၍ ‌တော်လှန်‌ရေးသက်တမ်းရှည်ကြာရဟု KNLA စစ်ဦးစီချုပ်‌ပြော

လက်နက်ကိုင်များအကြား စည်းလုံးညီညွတ်မှုမရှိ၍ ‌တော်လှန်‌ရေးသက်တမ်းရှည်ကြာရဟု KNLA စစ်ဦးစီချုပ်‌ပြော

2624

ဇန်နဝါရီ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

တိုင်းရင်းသား လက်နက်ကိုင်များအကြား စည်းလုံးညီညွတ်မှုမရှိ၍ ‌တော်လှန်‌ရေးသက်တမ်းရှည်ကြာ ရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ယ‌နေ့(ဇန်နဝါရီလ ၃၁ရက်)တွင် ကျ‌ရောက်သည့် နှစ် (၇၀)ပြည့် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားတွင် ‌ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက “ယ‌နေ့အချိန်ထိ ‌တော်လှန်‌ရေး သက်တမ်းရှည်ကြာရတာက ကျ‌နော်တို့ လူမျိုး‌တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း‌တွေ စည်းလုံးညီညွတ်မှုမရှိလို့ လက်တွဲလုပ် ‌ဆောင်တာမျိုးအားနည်းတာ‌ကြောင့် တစ်မျိုးကို ၂ဖွဲ့ ၃ဖွဲ့၊ ကျန်တစ်မျိုးက ၂ဖွဲ့ ၃ဖွဲ့နဲ့ ရှိ‌နေ‌တော့ အခုဆိုရင် နှစ် (၇၀)ပြည့်တဲ့အထိရှိ‌နေပြီး”ဟု KNU တပ်မဟာ(၇)ဌာနချုပ်၊ ကလို့‌ယော်‌လေး၌ ပြုလုပ်သည့် ‌တော်လှန်‌ရေး‌နေ့တွင် ထိုသို့ ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နှစ်ဖက်သ‌ဘောတူလက်မှတ်‌ရေးထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) ၏ စည်းမျဉ်းစည်းကမ်းအ‌ပေါ်တွင် တစ်ဘက်က လိုက်နာမှုမရှိသလို နှစ်ဖက် လိုက်နာမှုလည်း အားနည်း‌နေ‌ကြောင်း၊ အပစ်ရပ်သ‌ဘောတူညီမှု ပြဿနာများကို ‌ဖြေရှင်းရှာ တွင်လည်း ငြိမ်းချမ်းစွာ‌ဖြေရှင်းသင့်‌ကြောင်းလည်း ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီက ဆက်‌ပြောသည်။

အစိုးရတပ်မ‌တော်နှင့် ‌ကေအဲန်ယူအကြား NCA စာချုပ် လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း မကြာခဏ ဆို သလို စစ်‌ရေးတင်းမာမှုများနှင့် ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုများသည် အစိုးရ တပ်မ ‌တော်ဘက်မှ သတ်မှတ်နယ်‌မြေအတွင်းသို့ သ‌ဘောတူညီချက်မရှိဘဲ ဝင်‌ရောက်လာခြင်း‌ကြောင့် ဖြစ် ပွားရခြင်းဖြစ်သလို NCA အဓိပ္ပာယ်ဖွင့်ဆိုချက်အ‌ပေါ် နှစ်ဖက်နားလည်မှုအားနည်း‌နေ‌သေးခြင်း‌ကြောင့် ဖြစ်သည်ဟု ‌ကေအဲန်ယူဘက်မှ တစိုက်မတ်မတ်‌ပြောဆိုခဲ့သည်။

လတ်တ‌လောတွင်လည်း အင်းအားကြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုဖြစ်သည့် ‌ကေအဲန်ယူ နှင့် သျှမ်း(ရှမ်း)ပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/သျှမ်းပြည်တပ်မ‌တော်(RCSS/SSA)မှ လက်ရှိ‌ဖော် ‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏ တစ်ဆို့မှုများအ‌ပေါ် တရားဝင်‌တွေ့ဆုံမှုနှင့် JMC အတွင်းပါဝင်မှု များကို ယာယီ ရပ်ဆိုင်းထားခြင်း‌ကြောင့် ကျန်အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းများ အ‌နေဖြင့် ‌ရှေ့ဆက်မသွားနိုင်သလို ‌မြောက်ပိုင်း ‌ဒေသရှိ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလည်း အပစ်ရပ်‌ဆွေး‌နွေးမှုတွင် ယ‌နေ့အချိန်ထိ ပါဝင်နိုင်ခြင်းမရှိ‌သေး‌ကြောင်း ‌တွေ့ရသည်။

ထို့အပြင် လက်ရှိတွင်လည်း NCA အပစ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုအဖွဲ့နှင့် ‌မြောက် ပိုင်းမဟာ မိတ်အဖွဲ့ဟူ၍ ကွဲပြား‌နေသလို ယခင်၂၀၁၁ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC တပ်‌ပေါင်း စုအဖွဲ့ ဝင်များလည်း လက်ရှိတွင် ၄ဖွဲ့သာကျန်ရှိပြီး အပစ်ရပ်‌နောက်ပိုင်း NCA အပစ်ရပ်ထားသည့် တိုင်း ရင်းသားလက်နက်ကိုင်များနှင့် အပစ်မရပ် နိုင်‌သေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တင်းမာမှုအချို့နှင့် ပစ်ခတ်မှုများလည်း ဖြစ်ပွားမှုရှိ‌နေသည်။

ယ‌နေ့ပြုလုပ်သည့် ကရင့်‌တော်လှန်‌ရေး‌နေ့အခမ်းအနားသို့ ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီအပါအဝင် ‌ကေအဲန်ယူ ထိပ်သီး‌ခေါင်း ‌ဆောင်အားလုံးနီးပါး တက်‌ရောက်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် ၊ ပြည်‌ထောင် စုဝန်ကြီး‌ဟောင်း ဦး‌အောင်မင်း၊ အထူးဖိတ်ကြားထားသည့် တိုင်းရင်းသား မဟာမိတ်‌ခေါင်း‌ဆောင်များ၊ နိုင်ငံ‌ရေးပါတီ‌ခေါင်း‌ဆောင်များ၊ ကရင့်လက်နက်ကိုင် အင်အားစုများ၊ ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်‌ဒေသရှိ အလွှာစုံလူထု တစ်‌သောင်း‌ကျော် ပါဝင်တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီ၊ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်တို့မှ နှုတ်ခွန်းဆက်စကားနှင့် အမှာစကား‌ပြော ကြားခြင်း၊ အဖွဲ့အစည်း အသီးသီးမှ‌ပေးပို့သည့် သဝဏ်လွှာအချို့ကို ဖတ်ကြားခြင်းနှင့် နှစ်(၇၀)၊ နှစ်(၅၀)‌တော် လှန်‌ရေး သက်တမ်းရှိ ‌တော်လှန်‌ရေးပုဂ္ဂိုလ် (၂ဝဝ)‌ကျော်ကို ဂုဏ်ပြုဆုများ အသီးသီး‌ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်လာသည့် သျှမ်းပြည်ပြန်လည်ထူး‌ထောင်‌ရေး‌ကော်စီ-RCSS၏ အကြံ‌ပေး ဦးခွန်ဆိုင်းက “ကရင့်‌တော်လှန်‌ရေးက ကရင်‌တွေအတွက်ပဲ မှတ်လိုက်မယ်ဆိုရင် မရဘူး။ ကရင်က ဘာ ကို ‌တော်လှန်တာလဲ ဘာကိုရချင်တာလဲဆိုတာ အ‌ရေးကြီးဆုံးဖြစ်တယ်။ ဥက္ကဌ‌ဟောင်းကြီး မန်းဘဇန် ချမှတ်ခဲ့တဲ့ ဖက်ဒရယ် လမ်းစဉ်ဟာ ကရင်အတွက်ပဲမဟုတ်ဘူး။ ဗမာအပါအဝင် တိုင်းရင်းသားအားလုံး အတွက်ဖြစ်တယ်။ ဒါ‌ကြောင့်မို့ ကရင့်‌တော်လှန်‌ရေးကို ကရင်‌တော်လှန်‌ရေး ‌လောက်ပဲမှတ်ထားလို့မရ ဘူး။ အားလုံး ငါတို့ပါတယ်ဆိုတာကို အကုန်လုံး ဝိုင်းပံ့ပိုးမှ ဒီကိစ္စက ‌အောင်နိုင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖဆပလ အစိုးရလက်ထက် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်‌နေ့တွင် ကရင်အမျိုးသားကာကွယ်‌ရေး အဖွဲ့ (‌ကေအဲန်ဒီအို)ကို တရားမဝင်အဖွဲ့အဖြစ် ‌ကြေညာလိုက်ပြီး‌နောက် အစိုးရတပ်နှင့် ‌ကေအဲန်ဒီအိုတို့ အကြား တိုက်ပွဲ များစတင်ဖြစ်‌ပေါ်ပြီး တပြည်လုံးရှိ ကရင်များက ခုခံ‌တော်လှန်သည့်‌နေ့ကို အစွဲပြု၍ ကရင့်‌တော်လှန်‌ရေး‌နေ့အဖြစ် သတ်မှတ်ခဲ့သည်။

မြန်မာအစိုးရ အဆက်ဆက်ကို နှစ်‌ပေါင်း ၆ဝ ‌ကျော်ကြာ လက်နက်စွဲကိုင် ခုခံ‌တော်လှန်ခဲ့သည့် ‌ကေ အဲန်ယူသည် ၂ဝ၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် အခြား‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ၇ ဖွဲ့နှင့်အတူ NCAစာချုပ်ကို သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့သည်။