Home ဆောင်းပါး ကရင်တိုု့၏ ရင်ထဲက နှစ် ၇၀

ကရင်တိုု့၏ ရင်ထဲက နှစ် ၇၀

3230

‌စောထွန်းလင်း (ဇန်နဝါရီ ၃၁၊ ၂ဝ၁၉ ခုနှစ်)

‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး (ဗဟို) ဌာနချုပ်၊ ကလို‌ယော်‌လေး‌ဒေသ နံနက်အာရုံဦးချိန်တွင် မြူ နှင်းများ ထူထပ်စွာကျ‌ရောက်‌နေသည်။ ထိုသို့ မြူနှင်းများ ကျ‌ရောက်‌နေ‌သော်လည်း နံနက် ၅ နာရီ ‌ကျော်အချိန် မှစ၍ ကလို‌ယော်‌လေး၌ ပြုလုပ်မည့် နှစ် ၇ဝ ပြည့် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားအတွက် ဂုဏ်ပြုလို သည့် ကရင်လူထုများ တဖွဲဖွဲလာ‌ရောက်လျက်ရှိသည်။ အခမ်းအနား ကျင်းပ‌ရေး‌ကော်မတီမှလည်း ပွဲ‌တော် အတွက် ဘက်စုံ‌ထောင့်စုံ ပြင်ဆင်‌နေကြသည်။

နှစ် ၇ဝ ပြည့် ကရင့်‌တော်လှန်‌ရေး‌နေ့ကို နံနက် ၇ နာရီတွင် စတင်မည် ဖြစ်‌သော်လည်း မြူနှင်းများက ကျ‌နေဆဲ။ မြူနှင်းများ‌ကြောင့် အခမ်းအနားစင်မြင့်ထက်သို့ စစ်‌ရေးပြကွင်း ပတ်ပတ်လည်တွင် ‌နေရာယူ‌ရောက်ရှိ‌နေသူများ အ‌နေဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းမရှိ‌သော်လည်း အခမ်းအနားမှူး ‌ပြောကြားသည့် အစီအစဉ်များကိုမူ ကြည်လင်စွာ ကြား‌နေရသည်။

နံနက် ၇ နာရီ အချိန်တွင် ကရင့်‌တော်လှန်‌ရေး‌နေ့ စစ်‌ရေးပြကွင်းထဲသို့ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ စစ်ချီ‌တေးများဖြင့် ချီတက်လာပြီး ဧည့်ပရိဿတ်များက မိမိတို့ ဖုန်းများဖြင့် ဓာတ်ပုံ အလုအယက်ရိုက်ယူ‌နေကြသည်။ ကလို ‌ယော်‌လေး စစ်‌ရေးပြကွင်း တစ်ဖက်‌တောင်‌ကျော‌ပေါ်ရှိ ကုန်းမြင့်ထက်တွင် ကရင့်‌တော်လှန်‌ရေး ဖခင်ကြီး ‌စော ဘဦးကြီး ရုပ်ပုံလွှာဆိုင်းဘုတ်‌ထောင်ထားပြီး သူက စစ်‌ရေးပြဂုဏ်ပြုတပ်ဖွဲ့ကို အ‌ပေါ်စီးမှ ငုံ့ကြည့်‌နေဟန် မြူနှင်းများကြားတွင် ‌တွေ့မြင်‌နေရသည်။

အဆိုပါ နှစ် ၇ဝ ပြည့် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကို ‌ကေအဲန်ယူအ‌နေဖြင့် နိုင်ငံ‌ရေးအဓိပ္ပါယ်ပြည့်ဝ မှုရရှိရန်၊
ကရင့်အမျိုးသားစည်းလုံးညီညွတ်‌ရေးရှိရန်နှင့် ကရင်အမျိုးသား‌ရေး စိတ်ဓါတ်မြှင့်တင်ရန်နှင့် တည် ‌ဆောက်မည့် အနာဂတ်ဖက်ဒရယ်ပြည်‌ထောင်စုအတွက် ‌ကေအဲန်ယူက သွား‌နေသည့် နိုင်ငံ‌ရေး ရပ်တည်ချက်၊ ကရင့်အမျိုးသား‌တွေအားလုံး စုစုစည်းစည်းနှင့် ပါဝင်လာပြီး အမျိုးသား‌ရေးဆန္ဒများနှင့် နိုင်ငံ‌ရေး‌မျှော်မှန်းချက် ‌တွေကို အတူတကွရယူသွားရန် ဆိုသည့် ဦးတည်ချက်‌လေးရပ်ထားရှိလုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး-၂ ပဒို‌စောလှထွန်းက ‌ပြောသည်။

နှစ် ၇ဝ ပြည့်နှစ် ‌တော်လှန်‌ရေး‌နေ့ အခမ်းအနားသို့ ပြည်နယ်အတွင်းမှ ကရင်လူထုများ အပြင် ဧရာဝတီ၊ ရန်ကုန်၊ ကရင်နီပြည်၊ ထိုင်းနိုင်ငံအတွင်းမှ ကရင်လူမျိုးများနှင့် နယ်စပ်‌ဒေသတစ်‌လျှောက်ရှိ ကရင်ပြည်သူများ အသီးသီး တက်‌ရောက်လာသည်ကို ‌တွေ့ရသည်။

ကလို‌ယော်‌လေး ‌ဒေသသည် ‌ကေအဲန်ယူ(ဗဟို)ဌာနချုပ်၊ တပ်မဟာ ၇ နယ်‌မြေအတွင်း တည်ရှိပြီး အခမ်းအနား လာ‌ရောက်သူများ အ‌နေဖြင့် လှိုင်းဘွဲမှတစ်ဆင့် ရှမ်းရွာသစ်သို့ လာရမည်ဖြစ်သည်။ ထို‌နောက်လမ်းကြမ်းသည့် ‌တောင်တက်လမ်းကို တစ်နာရီခွဲခန့် ကြိုပို့ယာဉ်များဖြင့် လာ‌ရောက်ရခြင်းဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံ နယ်စပ် လမ်း‌ကြောင်းမှ လာ‌ရောက်သူများလည်းရှိသည်။

ထိုသို့ ‌နေရာစုံမှလာ‌ရောက်သည့် ကရင်လူထုများအ‌နေဖြင့် လွယ်ကူသည့် ခရီးလမ်းမဟုတ်၊ သူတိုု့၏ ရင်ထဲတွင် ရှိသည့် ကရင့်‌တော်လှန်‌ရေးအတွက် ဂုဏ်ပြုလိုသည့်စိတ်ရင်းခံဖြင့် ခရီးကြမ်းကို ဖြတ်‌ကျော်လာကြသူများ ဖြစ် သည်။ အချို့ဆိုလျှင် ဇန်နဝါရီ ၃၁ ရက်‌နေ့တွင် ကျ‌ရောက်မည့် နှစ် ၇ဝ ပြည့်နှစ် ကရင့်‌တော်လှန်‌ရေး‌နေ့ အ တွက် နှစ်ရက်၊ သုံးရက်ခန့် ကြိုတင်လာ‌ရောက်ရခြင်းဖြစ်ပြီး ‌ကေအဲန်ယူ ဌာနချုပ်တခွင်တွင် ဧည့်ပရိဿတ် များဖြင့် ပြည့်ကြပ်‌နေသည်ကို ‌တွေ့ရသည်။

အလားတူ ကရင့်ရဲ‌ဘော်များအ‌နေဖြင့်လည်း တိကျ‌သေချာသည့် မည်သည့် ခံစားခွင့်မှမရှိဘဲ သူတို့၏ ရင်ထဲက ကရင်အမျိုးသားများလွတ်‌မြောက်‌ရေးအတွက် အရာရာကို စွန့်လွှတ်ပြီး ‌တော်လှန်‌ရေးရဲ‌ဘော်ဘဝကို ခံယူ‌နေကြ သူများဖြစ်သည်။ အခမ်းအနားမစတင်မှီနှင့် အခမ်းအနားပြီးချိန်တွင်လည်း ဧည့်ပရိဿတ်များက ‌တော်လှန် ‌ရေး ရဲ‌ဘော်များနှင့် အလုအယက် အမှတ်တရ ဓာတ်ပုံများ ရိုက်‌နေသည်ကို ‌တွေ့ရသည်။

အဆိုပါ အခမ်းအနားသို့ ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးဦး‌ဆောင်သည့် ဗဟို‌ကော်မတီဝင်များ၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA မှ အရာရှိ စစ်သည်များ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်ပြည်သူများ၊ မဟာမိတ်ဖွဲ့အစည်းများမှ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်‌တော်များအပါအဝင် လူဦး‌ရေ‌သောင်းချီ၍ တက်‌ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်ကလည်း “ ကျမ အခမ်းအနားကို တက်‌ရောက်စကား‌ပြောခွင့်ရတဲ့ အတွက် အထူး‌ကျေနပ်မိပါတယ်။ ဒီလိုပဲ ‌ခေါင်း‌ဆောင်‌တွေနဲ့ ရဲ‌ဘော်‌တွေလည်း ဝမ်းသာ‌ကျေနပ်မယ်လို့ ယုံကြည်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ အဖိနှိပ်ခံရတဲ့ အမည်နာမ‌တွေ‌ဖော်လိုက်ရင် နှလုံးသားရှိတဲ့ လူသားအားလုံး ဟာလည်း ဒီ‌နေ့ အခမ်းအနားမှာ ‌တွေ့ရတဲ့ မြင်ကွင်း‌ကြောင့် ‌ကောင်းချီး မဂင်္လာရှိ‌နေမယ်ဆိုတာ ယုံကြည်ပါတယ်” ဟု သူက အခမ်းအနားတွင် ‌ပြောသည်။

ရခိုင်ပြည် လွတ်‌မြောက်‌ရေးပါတီ ဒုဥက္ကဌ ဦးခိုင်စိုးနိုင်‌အောင်က ‌ကေအဲန်ယူ အ‌နေဖြင့် တန်းတူအခွင့်အ‌ရေး အတွက် ခုခံစစ်ကို ဆင်နွှဲရင်း‌တော်လှန်‌ရေး စတင်ခဲ့ခြင်းဖြစ်‌ကြောင်း၊ ‌တော်လှန်‌ရေးကာလအတွင်း တိုင်းရင်း သားများနှင့် အစိုးရတို့ တစ်ဖက်နှင့် တစ်ဖက် အပြတ်မတိုက်နိုင်ခဲ့သလို နိုင်ငံ‌ရေးပြဿနာကို စားပွဲဝိုုင်းတွင် ‌ဆွေး‌နွေးသည့်အခါ NCA လမ်း‌ကြောင်းအတိုင်း အ‌လေးထားလုပ်‌ဆောင်မည်ဆိုလျှင် ပြဿနာ မရှိနိုင်ဟု ယူဆ‌ကြောင်း ‌ပြောသည်။

ကရင့်‌တော်လှန်‌ရေးသည် အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နိုင်ငံ‌ရေးနည်းဖြင့် ‌တောင်းဆို ၍ မရခဲ့ဘဲ အကြမ်းဖက် တုန့်ပြန်ခံရသည့်အ‌ပေါ် ခုခံစစ်ဆင်နွှဲရာမှ ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်‌နေ့တွင် ‌တော်လှန်‌ရေး စတင်ခဲ့ခြင်း ဖြစ်သည်။ ယ‌နေ့ ဆိုလျှင် ကရင့်‌တော်လှန်‌ရေး နှစ် ၇ဝ ပြည့်ပြီးဖြစ်သည်။

အဆိုပါ နှစ် ၇ဝ အတွင်း မြစ်ဝကျွန်း‌ပေါ်‌ဒေသ၊ ပဲခူးရိုးမ ထိုမှတစ်ဆင့် ကရင်ပြည်နယ်အတွင်းသို့ ‌တော်လှန်‌ရေး ခရီးဆက်ခဲ့ရသည်။ ထို့အပြင် စစ်အာဏာရှင်များ အုပ်စိုးစဉ်က ‌တော်လှန်‌ရေးအ‌ပေါ် အများအမြင်‌စောင်း‌အောင် နည်းမျိုးစုံသုံး ဝါဒဖြန့်ခဲ့ကြသည်။ ‌တော်လှန်‌ရေးနှင့် ပတ်သက်လာလျှင် ပြည်တွင်း ကရင်လူထုအတွင်း အ ‌ကြောက်တရားဖြင့် ‌နေထိုင်ခဲ့ရသည့် အ‌ခြေအ‌နေဖြစ်ခဲ့ဖူးသလို စစ်ဒဏ်ခံရသည့် ကရင်ပြည်သူများလည်း ဒုက္ခများစုံနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့‌သော် ‌ကေအဲန်ယူအ‌နေဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်‌နေ့တွင် ပြည်နယ်အဆင့် အပစ်ရပ်ပြီး‌နောက်ပိုင်း ပြည်တွင်း ကရင်လူထုနှင့် ‌ကေအဲန်ယူတို့ ပြန်လည်ချိတ်ဆက်လာနိုင်ခဲ့သည်။ ထို့အတွက် ယခုလို နှစ် ၇ဝ ပြည့် ကရင့်‌တော်လှန်‌ရေး‌နေ့သို့ ပြည်တွင်း ကရင်လူထု အများအပြား လာ‌ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ မည်သို့‌သော အ‌ခြေအ‌နေမျိုးကြုံ‌တွေ့ခဲ့‌စေမူ ကရင်လူထု ရင်ထဲတွင်ရှိသည့် ကရင့်‌တော်လှန်‌ရေးအ‌ပေါ်ထားရှိသည့် အား‌ပေး၊ ‌ထောက်ခံမှုကိုမူ တားဆီး၍ မရခဲ့။

ကလို‌ယော်‌လေးတွင် နံနက် ၈ နာရီ ခန့်မှစ၍ နှင်းကွဲသွားပြီး ‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကိုမူ အစီအစဉ် တစ်ခုချင်းစီအလိုက် ဆက်ကျင်းပ‌နေသည်။ အခမ်းအနားတွင် ကရင့်‌တော်လှန်‌ရေးတွင် နှစ် ၇၀၊ ၅ဝ နှစ် အ ထက် ပါဝင်ခဲ့သည့် ‌တော်လှန်‌ရေးသမားများ၊ နှစ် ၄ဝ ၊ ၂၅ နှစ်ပါဝင် ခဲ့ကြသူများကို ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။ ထို‌နောက် နံနက် ၁ဝ နာရီ ၁၅တွင်မူ အခမ်းအနားပြီးဆုံးကာ မီးရှူးမီးပန်းများ ပစ်‌ဖောက်ခဲ့ပီး ကလို‌ယော်‌လေး ‌ဒေသတခွင် မီးရှုးမီးပန်းပစ်‌ဖောက်သံများ ဟိန်းထွက်သွားခဲ့သည်။

နှစ် ၇ဝ ပြည့် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားသည် ခမ်းခမ်းနားနား ‌အောင်‌အောင်မြင်မြင်ဖြင့် ပြီးဆုံးခဲ့ပြီး ဖြစ်သည်။ ကရင်တို့၏ ရင်ထဲက အနှစ် ၇ဝ သည် ‌ဖျောက်မရသည့် သမိုင်းအဖြစ် စွဲထင်‌နေဆဲ ဖြစ်‌ပေ‌တော့ သည်။
(‌စောထွန်းလင်း)