KIC News
ထန်းပင်အစုစု အရင်းပြုရာဝယ်
နန်းဖော့ဂေ
(ဇန်နဝါရီလ၊ ၂၀၁၉)
“ထန်းသီးရောင်းတာက တစ်ရက်ကို ကျမ တစ်သောင်း(ကျပ်)လောက်တော့ ရတယ်။ ထန်းသီးတုံးတဲ့အထိဆိုရင်တော့ ကျမတို့ အတွက် တစ်သိန်း၊ နှစ်သိန်းလောက်တော့ ကျန်နေတာပေါ့။”လို့ ပြောသူက ထန်းသီးနုနုလေးတွေ ရောင်းနေတဲ့ ရိုးမဟာရွာသူ အသက် ၅ဝအရွယ်ရှိ နန်းဖောင် (အမည်ရင်းမဟုတ်) ဖြစ်ပါတယ်။
ရိုးမဟာရွာလေးဟာ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ထဲက ကျုံဒိုး-ကော့ကရိတ်ဘက်သွား...
ဖားစည်သံ ပဒိုး မှုတ်သံတွေ တစ်ပြည်လုံး ချိုမြစေမယ့် ငြိမ်းချမ်းရေးသို့
မောင်ကျော်စွာ
(၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၇ရက်)
ဒီနှစ် (၂၀၁၉)ခုနှစ်၊ နှစ်ဆန်းဟာ ယခင့် ယခင်နှစ်များထက် မဂင်္လာရှိတဲ့ ဖားစည်သံနဲ့ ပဒိုး(ကျွဲချို) မှုတ်သံတွေ ဝေစည် နေတဲ့ နှစ်ဆန်းလို့ပြောရမယ် ထင်ပါတယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုတော့ ဟိုးယခင်တုန်းက “ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်”ဆိုတာ ချုပ်ခြယ်မှုအမျိုးမျိုး၊...
အမျိုးသားခေါင်းဆောင် စောဘဦးကြီးဇာတိ ဘဲဂယက်ရွာတွင် လမ်းခင်းပေးရန် KNU ပန္နက်စတင်ရိုက်
ဇန်နဝါရီ ၇ ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးဇာတိရွာဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ဘဲဂယက် ရွာသွားသည့် လမ်းပိုင်းကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ လမ်းခင်းပေးရန် ယမန်နေ့(ဇန်နဝါရီလ ၆ ရက်)တွင် KNU ဥက္ကဌ စောမူတူးစေးဖိုး ဦးဆောင်သောအဖွဲ့က စတင်ပန္နက်ရိုက်လိုက်သည်ဟု သိရသည်။
KNUဥက္ကဌ စောမူတူးစေးဖိုးဦးဆောင်သည့်အဖွဲ့သည်...
အရေးကြီးချိန် သွေးနီးကြရန် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ တိုက်တွန်း
ဇန်နဝါရီ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး
အရေးကြီးချိန် သွေးနီးကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ယနေ့ (ဇန်နဝါရီလ ၆ ရက်) ပိုင်ကျုံမြို့နယ်(လှိုင်းဘွဲမြို့နယ်-ခွဲ)၊ ကစိုကျေးရွာ၌ ပြုလုပ်ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် တိုက်တွန်းပြောဆိုလိုက်သည်။
ဗိုလ်ချုပ်ကြီး စောဂျော်နီက “အခု ဘယ်သူ့ကိုမှ...
ဗဟိုကော်မတီနှစ်သစ်ကူးပွဲတော် ယဉ်ကျေးမှုပြခန်း စတင်ဖွင့်လှစ်
ဇန်နဝါရီ ၅ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
၂၇၅၈ ခု ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ၏ ယဉ်ကျေးမှု၊ သတင်းနှင့်ပြန်ကြားရေးပြခန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ ရက်(ယနေ့)၊ နံနက် ၁ဝ နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့် (မဟာဆေးဝဂင်္ဘာ) ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
နှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ...
တရားဝင်ဆွေးနွေးပွဲတွင်း ပါဝင်မှုရပ်ဆိုင်းထားခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တည့်မတ်ရန်ဖြစ်သည်ဟု KNU ပြော
ဇန်နဝါရီ ၄ ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
တရားဝင် အစည်းအဝေးပွဲများတွင် ပါဝင်မှုခေတ္တရပ်ဆိုင်းထားမှုသည် တိမ်းစောင်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်တည့်မတ်ရန်ဖြစ်သည်ဟု ကရင်နှစ်၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။
“လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၏ တရားဝင်အစည်းအဝေးပွဲများတွင် ပါဝင်မှုခေတ္တရပ်ဆိုင်းထားပြီး အလွတ်သဘောဆွေးနွေး ပွဲများမှတစ်ဆင့် နှစ်ဘက်ကွာဟမှုများကို ဆက်လက်အဖြေရှာရသည့်...
ကွင်းလုံးကျွတ်လွတ်ချင်သည်ဟု ငွေစက္ကူအတု အမှု ရင်ဆိုင်နေရသူ နော်သောသွဲ့ထူးပြော
ဇန်နဝါရီ ၄ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ကိုင်ဆောင်သည့်အမှုဖြင့် ရင်ဆိုင်နေရသည့် နော်သောသွဲ့ထူးက မိမိတွင် အပြစ်မရှိ သောကြောင့် အမှုမှကွင်းလုံးကျွတ်၊ အလုံးစုံလွတ်မြောက်ချင်သည်ဟု ယနေ့(ဇန်နဝါရီ ၄ ရက်) ကေအိုင်စီသို့ သီးသန့်ပြော သည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း၌ တစ်သောင်းတန် ငွေစက္ကူအတုကိုင်ဆောင်မှုဖြင့်...
တပ်မတော်၏ သတင်းထုတ်ပြန်မှု တစ်ဖက်သတ်လုပ်ကြံပြောဆိုမှုသာဖြစ်ဟု DKBA ပြော
ဇန်နဝါရီ ၃ ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ရှမ်းရွာသစ် အနောက်မြောက်ဘက် မဲ့သဝေါဒေသတွင် အုပ်ချုပ်မှုကိစ္စဆောင်ရွက်နေသည့် တပ်မတော် သားများကို ယခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က KKO (ခွဲထွက်)အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုသည် တစ်ဖက်သတ်လုပ်ကြံပြောဆိုမှုသာဖြစ်သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ...
ဖလုံပညာတဝေါင့်၏ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် မဂင်္လာဆင်ရုပ် ဖွင့်လှစ်
ဇန်နဝါရီ ၃ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
ဖားအံမြို့နယ်၊ ဖလုံပညာတဝေါင့်၏ (၂၇) ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်၊ မဂင်္လာဆင်ရုပ် ဖွင့်ပွဲကို တောင်ကလေးနှစ်သစ်ကူးကွင်း၌ ယနေ့ (ဇန်နဝါရီ ၃ ရက်) အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ကြသည်။
နှစ်သစ်ကူးကွင်း၏ အလယ်ဗဟိုတွင် ပြုလုပ်ထားသော မဂင်္လာဆင်ရုပ်ကြီး ဖွင့်လှစ်ရခြင်းနှင့်...
What’s Local, Leader and Activist’s opinion on VFV law
https://www.youtube.com/watch?v=EYX1P-LK1XA














