KIC News
ပြည်နယ်နေ့ ဒုံးပြိုင်ပွဲ၏ ဘက်စုံဒုုံး ပထမဆု မုက္ကဒိကျေးရွာ ဒုံးအဖွဲ့ ဆွတ်ခူး
နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့၊ ဒုံးအကပြိုင်ပွဲကို အကဲဖြတ်ဒိုင်အဖွဲ့မှ ဆန်ကာတင် ရွေးချယ်ထားခဲ့သည့် ပြိုင်ပွဲဝင် ဒုံးအက အဖွဲ့ ၉ဖွဲ့ နိုဝင်ဘာလ ၁ဝရက် ညပိုင်းတွင် ထပ်မံ ယှဉ်ပြိုင် တင်ဆက်ကပြရာ၌ ဘက်စုံ ပထမဆုကို မုက္ကဒိကျေးရွာယဉ်ကျေးမှု ဒုံးအဖွဲ့(ဃှီ့လာအဲဟှိက် ဘုံးကု်တိက်)က...
တစ်ဆို့မှုအစ Stakeholder က – တစ်ဆို့မှုအစ (NCA) က
မောင်ကျော်စွာ
(၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၁၁ရက်)
နိုဝင်ဘာလ ၁ဝရက်၊ နေ့စွဲနဲ့ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ (၆)ကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီ အရေးပေါ်အစည်းဝေးမှ သဘောထားထုတ်ပြန်ချက် ထွက်လာပါပြီ။ ဒီသဘောထားထုတ်ပြန်ချက်ကို လေ့လာသုံး သပ်ပြီး တင်ပြပါ့မယ်။
ဒီအရေးပေါ်အစည်းအဝေး သဘောထားထုတ်ပြန်ချက် တန်းခနဲမြင်နိုင်တဲ့၊ ချက်ချင်းသတိပြုမိနိုင်တဲ့ အချက်ကတော့...
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အလွတ်သဘောတွေ့ဆုံမှုဖြင့် အချိန်ယူအဖြေရှာသွားရန် KNUဆုံးဖြတ်
နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တရားဝင်ဆွေးနွေးပွဲအစည်းအဝေးများထက် အလွတ်သဘောတွေ့ဆုံမှုဖြင့် အချိန်ယူဆွေး နွေးအဖြေရှာသွားရန် ယမန်နေ့ (နိုဝင်ဘာလ ၁ဝ ရက်)က ပြီးဆုံးသွားခဲ့သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၆) ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ၏ အရေးပေါ်အစည်းအဝေးတွင်
သဘောတူဆုံးဖြတ်ခဲ့ကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်းတို့အဖွဲ့အစည်းတစ်ခုလုံး တညီတညွတ်တည်း ပါဝင်ရန်နှင့် အဓိပ္ပာယ်ပြည့်ဝစွာ...
၆လကြာ အရပ်ဖက်ကျန်းမာရေးမှူးသင်တန်း ပြီးစီး
နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
နယ်စပ်အခြေစိုက် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့(BPHWT)က ကြီးမှူး၍ အရပ်ဖက်ကျန်းမာရေးလုပ် သားများသင်တန်း(Community Health Workers training)ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင် ဘီး လင်းမြို့နယ်၊ တာအုနီကျေးရွာတွင် ယခုနှစ် မေလမှ နိုဝင်ဘာလအထိ ၆လကြာ ပြုလုပ်ခဲ့ပြီး ယနေ့ သင်တန်းဆင်းပွဲ...
ကရင်စာပေသင်ယူမှု ပီပြင်စွာရရှိရေး တွန်းအားပေးသွားရန် စာပေနှင့် ယဉ်ကျေးမ ှုတိုးတက်ပြန့်ပွားရေးအသင်း ဆုံးဖြတ်
နိုုဝင်ဘာ ၉ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
အစိုးရစာသင်ကျောင်းများတွင် ကရင်စာပေသင်ကြားသင်ယူမှု ပီပြင်စွာရရှိရန်အတွက် တွန်းအားပေးလုပ် ဆောင်သွားမည်ဟု ဖားအံမြို့၊ ကရင်ကျောင်းသားများ ရိပ်သာ (KSC)၌ ယနေ့(နိုဝင်ဘာ ၉ ရက်) ပြုလုပ်သည့် ကရင်ပြည်နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း၏ တွေ့ဆုံဆွေးနွေးပွဲတွင် ဆုံးဖြတ်လိုက်သည်။
ကရင်ပြည်နယ်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း...
(၆၃) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုဥက္ကဌနှင့် ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ကြ
နိုဝင်ဘာ ၇ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ယနေ့ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပ ပြုလုပ် ခဲ့ရာ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ ဦးအေးသာအောင်နှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး နိုင်သက်လွင်တို့ တက်ရောက်ခဲ့ကြသည်။
ပြည်နယ်အစိုးရရုံးဝင်းအတွင်း၌ ပြုလုပ်ခဲ့သည့် အဆိုပါ...
လာမည့်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကရင်ပါတီ ၄ ခု ညှိနှိုင်းရေးကော်မတီဖွဲ့စည်း
နိုဝင်ဘာ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
လာမည့် ရွေးကောက်ပွဲတွင် ကရင်နိုင်ငံရေးပါတီများ အောင်နိုင်ရေးအတွက် ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ်ကို နိုဝင်ဘာ ၅ ရက်မှ ၆ ရက်နေ့ထိ ကျိုက်ထိုမြို့နယ်၊ စိမ်းလဲ့တင် ရီဆော့၌ ပြုလုပ်သည့် ကရင်နိုင်ငံရေးပါတီ ၄ ခု...
တစ်ဆို့နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဖြေရှာရန် ကေအဲန်ယူ အစည်းအဝေးစတင်
နိုဝင်ဘာ ၆ ရက်၊ ၂ဝ၁၈ခုနှစ်။ ကေအိုင်စီ
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတို့အကြား လုပ်ဆောင်နေသည့် ငြိမ်း ချမ်းရေးဆွေးနွေးမှုတွင် တစ်ဆို့နေသည့်အရာများကို အဖြေရှာသွားရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ (၁၆)ကြိမ်မြောက် ကွန်ဂရက်အပြီး (၆)ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအရေးပေါ် အစည်းအဝေးကို ဖားအံခရိုင်၊ လေးဝါး(လော်ခီးလာ)တွင် ယနေ့(နိုဝင်ဘာ ၆ရက်) စတင်ကျင်းပလျက်ရှိသည်။
နိုဝင်ဘာ...
ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားများ အနိုင်ရခြင်းမှာ အလားအလာကောင်းဖြစ်ဟု ကရင်ပါတီများ ပြော
နိုဝင်ဘာ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားနယ်မြေများ၌ တိုင်း ရင်းသားပါတီများ အနိုင်ရခြင်းမှာ ကောင်းမွန်သည့် အလားအလာကောင်းများ ဖြစ်သည်ဟု ရန်ကုန်မြို့ အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်အမျိုးသားပါတီ(KNP)တာဝန်ရှိသူများက ကေအိုင်စီသို့...
ကရင်ပါတီ လေးခု ညှိနှိုင်း အစည်းအဝေး စတင်ကျင်းပ
နိုဝင်ဘာ ၅ ရက်၊ ၂၀၁၈ ခုနှစ်။ စောထွန်းလင်း
တရားဝင် ကရင်နိုင်ငံရေး ပါတီများ ဖြစ်သည့် ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP)နှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရန်ကုန်မြို့အခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင်အမျိုး သားပါတီ (KNP)တို့ ညှိ နှိုင်း...















