KIC News
အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အခမ်းအနား ကျင်းပပြီးစီး
ဩဂုတ် ၁၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီးကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဌာနေတိုင်းရင်းသားများ ကွန်ယက်၊ ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့နှင့် ကရုဏာလူမှုစည်း လုံးညီညွတ်ရေးအသင်းတို့မှကြီးမှူးပြီး ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဩဂုတ်လ(၁၀)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က အပြည်ပြည်ဆိုင်ရာဌာနေတိုင်း ရင်းသားများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီး နော်ပွယ် စေးက...
အာဇာနည်များ လိုလားချက် ပြည့်ဝရန် အမျိုးသားရေးကို တည့်မတ်စွာ လုပ်ဆောင်ဖို့လိုဟု ကေအဲန်ယူ အောက်ခြေတပ်မှူး ပြောဆို
ဩဂုတ်လ ၁၂ ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်ကို ပေးဆပ်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်များ၏ လိုလားချက်များ ပြည့်ဝစေရေးအတွက် အမျိုးသားရေးကို တည့်မတ်စွာ လုပ်ဆောင်ရန် လိုအပ်သည်ဟု ယနေ့ ဩဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်သည့် (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့တွင် ကေအဲန်ယူ အောက်ခြေတပ်မှူးအချို့က ပြောဆိုလိုက်သည်။
KNU-ကရင်အမျိုးသားအစည်းအရုံး၏ ဖားအံခရိုင်၊...
ဖားအံမြို့ ကရင်အာဇာနည်နေ့ တက်ရောက်ဂုဏ်ပြုသူ များပြား
ဩဂုတ် ၁၂ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်လူမျိုးတို့၏ နေ့ထူးနေ့မြတ် တစ်ခုဖြစ်သည့် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားကို ကရင်ပြည် နယ် ဖားအံမြို့ သုမေတာရာမကြားတောရကျောင်းတိုက်တွင် ယနေ့ (ဩဂုတ် ၁၂ရက်) ကျင်းပခဲ့ ကြရာ ယခင် နှစ်များကထက် ကရင်လူထုအများအပြား စိတ်ဝင်တစားဖြင့် တက်ရောက်ဂုဏ်ပြုခဲ့ကြသည်ဟု သိရသည်။
လူဦးရေ ရာဂဏန်းမျှသာတက်ရောက်သည့်...
ကရင်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ရေး အတူတကွ ရပ်တည်လုပ်ဆောင်သွားရန် KNU ဥက္ကဌ တိုက်တွန်း
ဩဂုတ် ၁၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်
ကရင်အမျိုးသားအာဇာနည်များ၏ မျှော်လင့်ချက်များနှင့် စွန့်လွှတ်ပေးဆပ်မှုများ အဓိပ္ပာယ်ပြီးပြည့်စုံရေးအ တွက် စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ ကရင်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်းချက်ရရှိအောင်မြင်ရန် အတူ တကွ ရပ်တည်လုပ်ဆောင်သွားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းလိုက်သည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်ရှိ...
သမိုင်းတွင်မယ့် ခြေရာ
မိုးထဲလေထဲမှာ
ဝမ်းနည်းမှုတွေနဲ့ ...
အလွမ်းတွေနဲ့ ...
ပန်းတွေနဲ့ ...
အရောင်အသွေးတွေ စုံစုံလင်လင်နဲ့ ...
ခံယူချက် ကိုယ်စီနဲ့ ...
ရှေ့သို့ ချီတက်ကြတယ်
နှလုံးရည်တိုက်ပွဲ ဆင်နွှဲကြတယ်။
တန်းတူရေးအတွက် တိုက်ပွဲဝင်ရင်း ...
ကျဆုံးသွားတဲ့
အာဇာနည်စောဘဦးကြီးနဲ့
တော်လှန်ရေးရဲဘော်များကို
အလေးပြုကြတယ်
လေထန် ရေဆန်ကြားက
ရင်ဘတ်တူရာ ခရီးဆက်ကြတယ်။
တိုက်ယူရမှ
တိုက်ပွဲမည်တယ်
တိုက်ပွဲအမျိုးမျိုး ရှိတယ်
ဆက်တိုက်ရဦးမယ်
ဆူးလေဘုရား
မဟာဗန္ဓုလ ပန်းခြံနားက
နှလုံးသွေးနဲ့ ခေါင်းခွတ်*ကို
အလေးပြုကြတယ်
ရင်ထဲက အာဇာနည်
ကမ္ဘာတည်သရွေ့ ရှိနေမယ် ။
ဆူးလေ ဘုရားနားဟာ
သမိုင်းမှာ ရဟန်းရှင်လူ
သွေးစွန်းရာမြေ ဖြစ်ခဲ့တယ်
ဒီနေ့...
လိပ်ပြာရဲ့အား
ဘယ်ရောက်နေလဲ ---
ဘယ်သွားနေလဲ ---
မျက်စိလည် လမ်းမှားလို့လား ---
သွေးဆောင်ဖြားယောင်းခံရတာလား ---
စိတ်နဲ့ကိုယ်တခြားစီဆိုတော့ ---
...
တားဆီး ပိတ်ပင်မှုများကြားမှ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနား ရန်ကုန်တွင် စတင်ကျင်းပ
ဩဂုတ် ၁၂ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
ဒေသအာဏာပိုင်များက အမျိုးမျိုးတားဆီးပိတ်ပင်မှုများကြားမှ ၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်း အနားကို ယနေ့ (ဩဂုတ် ၁၂) နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် စတင် ကျင်းပနေပြီးဖြစ်သည်။
အခမ်းအနားတွင် ကရင်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ အာဇာနည်ပုဂ္ဂိုလ်...
ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်ရန် လုပ်ငန်းစဉ်ပါ အစုအဖွဲ့များနှင့် ဆက်လက်ညှိနှိုင်းမည်ဟု KNU ထုတ်ပြန်
ဩဂုတ် ၁ဝရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး
ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှေ့ဆက်သွားရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA ပေါ်ရပ်တည်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း စသည့် အစုအဖွဲ့ များနှင့် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပြောဆိုလိုက်သည်။
ကေအဲန်ယူ၊ တပ်မဟာ (၇)နယ်မြေ၊...
ကရင်အာဇာနည်နေ့ ပိတ်ပင်မှု တိုင်းရင်းသားများ၏ အခွင့်အရေးတောင်းဆိုမှုအပေါ် ရိုက်ခတ်နိုင်ဟု KNU Concerned Group ပြော
ဩဂုတ်လ ၁ဝ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး
ဩဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့တွင် အာဇာနည်အသုံးအနှုန်းကို အသုံးမပြုရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြားမှုသည် ကရင်အပါအဝင် အခြားတိုင်းရင်းသားများ၏ အခွင့်အရေးတောင်းဆိုမှုအပေါ် ရိုက်ခတ်နိုင်သည်ဟု KNU Concerned Groupက ပြောသည်။
ကရင်အာဇာနည်နေ့တွင် အာဇာနည်အသုံးအနှုန်းကို...
မြဝတီနယ်စပ်ကုန်သွယ်လမ်းကြောင်းရှိ ကျုံဒိုး(ဂျိုင်း)တံတား ယာယီပိတ်ထားရ
ဩဂုတ် ၉ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်
ကရင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ မြင့်တက်လာခြင်းကြောင့် မြဝတီ နယ်စပ်ကုန်သွယ်လမ်းကြောင်းပေါ်ရှိ ကျုံဒိုး (ဂျိုင်း) မြစ်ကူးတံတားအား ယနေ့(ဩဂုတ်လ ၉ ရက်) နံနက်က ယာယီပိတ်ထားလိုက်ရကြောင်း သိရသည်။
ယနေ့ နံနက် ၉...














