Home သတင်း မြန်မာ-ထိုင်း ဗဟိုဘဏ်နှစ်ခု MoU အရ လုပ်ငန်းအ‌ကောင်အထည်‌ပေါ်လျှင် မြဝတီနယ်စပ်ကုန်သည်များ လုပ်ငန်းအဆင်‌ပြေလာနိုင်

မြန်မာ-ထိုင်း ဗဟိုဘဏ်နှစ်ခု MoU အရ လုပ်ငန်းအ‌ကောင်အထည်‌ပေါ်လျှင် မြဝတီနယ်စပ်ကုန်သည်များ လုပ်ငန်းအဆင်‌ပြေလာနိုင်

2183

‌အောက်တိုဘာ ၂၃ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်‌ရေးတွင် ‌ငွေ‌ပေး‌ချေမှုအပိုင်း၌ ထိုင်းဘတ်‌ငွေနှင့် မြန်မာကျပ်‌ငွေကို အသုံးပြုရန် ထိုင်း-မြန်မာနှစ်နိုင်ငံ ဗဟိုဘဏ်နှစ်ခု နားလည်မှုစာချွန်လွှာအရ လုပ်ငန်းစဉ်အ‌ကောင်အထည်‌ပေါ်လာပါက မြဝတီနယ်စပ်ကုန်သည်များအ‌နေဖြင့် လုပ်ငန်းလုပ်ကို်င်ရာတွင် ပိုမိုအဆင်‌ပြေလာမည်ဖြစ်‌ကြောင်း မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်းဝင် Mother Land ကုမ္ပဏီ မန်‌နေဂျင်းဒါရိုက်တာ ဦးစိုင်းထွန်း‌ဝေက ယ‌နေ့ ‌ပြောသည်။

ထိုင်းဘတ်နှင့် မြန်မာကျပ်‌ငွေတို့ကို နှစ်နိုင်ငံလုံးတွင် အသုံးပြုခွင့်အတွက် ဗဟိုဘဏ်ဥက္ကဋ္ဌ နှစ်ဦးဖြစ်‌သော မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ ဦး‌ကျော်‌ကျော်‌မောင်နှင့် ထိုင်းဗဟိုဘဏ်ဥက္ကဋ္ဌ မစ္စတာ ဗီရာထိုင်းဆန်သီပရာ‌ဟော့ တို့ သည် အ‌မေရိကန်ပြည်‌ထောင်စုတွင်ပြုလုပ်‌သော နိုင်ငံတကာ‌ငွေ‌ကြေးရံပုံ‌ငွေအဖွဲ့ -IMF နှင့် ကမ္ဘာ့ဘဏ် -World Bank အစည်းအ‌ဝေးတွင် ‌အောက်တိုဘာလ ၁၈ ရက်‌နေ့က နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU ‌ရေးထိုးခဲ့ကြရာ၌ ထိုင်းဘတ်‌ငွေနှင့် မြန်မာကျပ်‌ငွေတို့ကို နှစ်ဖက်လုံးတွင် အသုံးပြုခွင့်၊ ‌ငွေ‌ပေး‌ချေခွင့် ပါဝင်‌ကြောင်း သိရသည်။

Mother Land ကုမ္ပဏီ မန်‌နေဂျင်းဒါရိုက် ဦးစိုင်းထွန်း‌ဝေက “လက်ရှိ ရန်ကုန်ကုမ္ပဏီ‌တွေက ထိုင်းကုန်ပစ္စည်း မှာယူလိုတဲ့အခါ ဘဏ်က‌နေတဆင့် မြဝတီမြို့ကို ‌ငွေလွှဲရပါတယ်။ အဲ့ဒီ မြန်မာကျပ်‌ငွေ‌တွေကို တရားမဝင်လမ်း‌ဘေး‌ငွေလဲခုံ‌တွေမှာ ထိုင်းဘတ်‌ငွေနဲ့ပြန်လဲပြီး ထိုင်းဘက်ခြမ်းမှာ ကုန်ပစ္စည်းသွားဝယ်ရပါတယ်။ အမှတ်(၁) တံ တား‌ပေါ်က သွားတဲ့အခါ ထိုင်းဘတ်‌ငွေ(၅)သိန်းသာ ယူ‌ဆောင်သွားခွင့်ရှိလို့ တရားဝင်ကုန်စည်ဝယ်တဲ့‌နေရာမှာ ခိုး‌ကြောင်ခိုးဝှက်နဲ့ ‌ငွေ‌ကြေးကို သယ်‌ဆောင်‌နေရပါတယ်။ အခုလို အဲ့ဒီအခက်အခဲ‌တွေကို ‌ကျော်လွန်ပြီး မြန်ကျပ်‌ငွေ‌ရော၊ ထိုင်းဘတ်‌ငွေပါ လွတ်လပ်စွာသုံးစွဲသယ်ယူခွင့်ရှိလာမယ်။ ထိုင်းနှင့်မြန်မာဘဏ်အချင်းချင်း money change လုပ်လာနိုင်မယ်ဆိုရင် နယ်စပ်ကုန်သည်များအတွက်များစွာ အကျိုးရှိလာမည်ဖြစ်ပါတယ်”ဟု ‌ပြော သည်။

လက်ရှိ ထိုင်းနိုင်ငံနှင့် အဓိက ကုန်သွယ်မှုများပြုလုပ်‌နေသည့် မြဝတီနယ်စပ်ကုန်သွယ်‌ရေး‌ငွေ‌ပေး‌ချေမှုမှာ ထိုင်း ဘတ်‌ငွေဖြင့်သာ အဓိကလုပ်‌ဆောင်‌နေပြီး ပို့ကုန်များနှင့် သွင်းကုန်များအတွက် ထိုင်းဘတ်‌ငွေကိုသာ အဓိကထား သုံးစွဲ‌နေရသည်ဟု မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဖြစ်သူ ‌ဒေါ်သင်းသင်းမြတ်က ‌ပြောသည်။

မြဝတီမြို့မှ ဘဏ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကမူ လတ်‌လောတွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU ‌ရေးထိုး ခြင်းသာရှိ‌သေး၍ ဆက်လက်အ‌ကောင်အထည်‌ဖော်မည့်ကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်သွားမည်ဖြစ်ပြီး လက်ရှိအချိန်ထိဘဏ်သို့ တစ်စုံတစ်ရာ ညွှန်ကြားထားခြင်းမရှိ‌သေး‌ကြောင်း ‌ပြောသည်။

အဆိုပါ ထိုင်း-မြန်မာ ဗဟိုဘဏ်နှစ်ခု၏ နားလည်မှုစာချွန်လွှာတွင် အဓိက ပါဝင်သည့် အချက်နှစ်ချက်မှာ နှစ်နိုင်ငံနယ်စပ် ‌ငွေ‌ပေး‌ချေမှုများနှင့် ‌ငွေလွှဲဘဏ်လုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် ထိုင်းဘတ်‌ငွေနှင့် မြန်မာကျပ်‌ငွေတို့ ကို ပိုမိုသုံးစွဲရန်နှင့် ထိုင်း-မြန်မာနှစ်နိုင်ငံအကြား ဘဏ္ဍာ‌ရေးလုပ်ငန်းများနှင့် ‌ငွေ‌ပေး‌ချေမှုစနစ်များ တိုးတက်‌အောင်နှစ်နိုင်ငံပူး‌ပေါင်းလုပ်‌ဆောင်သွားရန်ဟု သိရသည်။