KIC News
ကရင်လူငယ်ကွန်ယက် အမှတ်တံဆိပ်နှင့် လက်စွဲစာအုပ်မူကြမ်း အတည်ပြု
ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ စောညွန့်သောင်း
ကရင်လူငယ်ကွန်ယက်က ၎င်းတို့၏ အမှတ်တံဆိပ်နှင့် လက်စွဲစာအုပ်မူကြမ်းကို အတည်ပြု သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ရက်နေ့(ယနေ့)တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
ဇန်နဝါရီ ၂၈ရက်မှ ၃ဝရက်နေ့အထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကောင်းမှုကျေးရွာတွင် ကရင်လူငယ်ကွန်ယက်၏ နိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ၏ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့ရာ၌ ယင်းသို့...
အုန်းဖျန်ဒုက္ခသည်စခန်း နေအိမ်(၁၁)လုံး မီးလောင်ပျက်စီး
ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း ရပ်ကွက်(၅)တွင် ယနေ့မွန်းလွဲ ၁နာရီ ကျော်အချိန်၌ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၁၁လုံး မီးထဲပါသွားပြီး နေအိမ်အလုံး ၅ဝခန့်မှာ အိမ်ခေါင်မိုး များ ဖြိုဖျက်ခဲ့ရသည်ဟု အုန်းဖျန်စခန်းဥက္ကဌ စောဝါးထီးက ကေအိုင်စီသို့ ပြောသည်။
“ကလေးငယ်တစ်ဦးရဲ့...
ကေအဲန်ယူ တပ်မဟာ(၇) စစ်ဆင်ရေးမှူး ကွယ်လွန်
ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ တပ်မဟာ(၇)တွင် စစ်ဆင်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက် (၇၀)နှစ်အရွယ် ဗိုလ်မှူးကြီးစောဂရင်းကိုသည် ဇန်နဝါရီ ၃၁ရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။
၎င်းကွယ်လွန်သွားပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီ ၂ရက်နေ့၊ ညနေ ၂နာရီကျော်၌ ၎င်း၏ဈာပနကို ထိုင်း-မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်း သခင်္ျိုင်းတွင်...
၂၀၁၃ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု နော်ကညောဖောနီမရိုအား ရွေးချယ်ချီးမြှင့်
ဖေဖော်ဝါရီ ၁ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ဖန်းဖောင်ဒေးရှင်းက ပေးအပ်သော ၂၀၁၃ခုနှစ်၊ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကရင်အမျိုးသမီးအစည်းအရုံး (KWO)၏ အထွေထွေ အတွင်းရေးမှူး နော်ကညောဖောနီမရို (Naw K'nyaw Paw Nimrod) အား ဇန်နဝါရီလ ၃၁ရက်နေ့က ချီးမြှင့်လိုက် သည်။
အဆိုပါဆုကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ဖာပွန်ခရိုင်ဒေသ ဒေးပူနိုကျေးရွာ၌...
လူငယ်တွေ့ဆုံပွဲနှင့် ကရင့်သမိုင်း စာတမ်းဖတ်ပွဲ ရန်ကုန်၌ ပြုလုပ်
ဖေဖော်ဝါရီ ၁ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းဘေးရှိ ယုဒသန်ခမ်းမတွင် ယမန်နေ့က ၆၅နှစ်မြောက် ကရင့်တော်လှန်းရေးနေ့၌ အထိမ်း အမှတ်အဖြစ် ကရင်လူငယ်များတွေ့ဆုံပွဲနှင့် ကရင့်သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ရပ်ကို ကရင်လူငယ်များကွန်ယက်က ဦးဆောင်ကျင်းပခဲ့သည်။
ကရင့်အမျိုးသားတော်လှန်ရေးနေ့နှင့်အတူ ပူးတွဲကျင်းပခဲ့သည့် အဆိုပါပွဲမှာ ကရင်လူငယ်များ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ကာ စည်းလုံးညီညွတ်မူရှိစေရန်၊ မျက်မှောက်နိုင်ငံရေး...
တော်လှန်ရေးနေ့တွင် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲစစ်ရေးပြ
ဖေဖော်ဝါရီ ၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)ဌာနချုပ်တွင် ပြုလုပ်သော ၆၅နှစ်မြောက် ကရင့်တော်လှန်ရေးနေ့၌ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များက စစ်သည်အင် အား ၁၀၀ကျော်ဖြင့် ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးပြခဲ့ကြသည်။
ဇန်နဝါရီလ ၃၁ရက်နေ့ မနက် ၈နာရီမှ ၁၁နာရီခွဲအထိ ပြုလုပ်ကျင်းပသည့် ၎င်းအခမ်းအနားတွင် KNDO...
စည်းလုံးညီညွှတ်ရေး ပြန်လုပ်ဆောင်ရန်လိုဟု တော်လှန်ရေးနေ့၌ ကေအဲန်ယူ ပြောဆို
ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ယနေ့ကျရောက်သော ၆၅နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တပ်မ ဟာ(၇)ဌာနချုပ်၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ကရင်အမျိုးသားများ စည်းလုံးညီညွှတ်ရေးအတွက် ပြန်လည်လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်။
“စည်းလုံးညီညွှတ်မှုဟာ ကျနော်တို့ ပြန်ပြီးတော့ လုပ်ဆောင်ဖို့လိုတယ်။ ကျနော်တို့ ရည်ရွယ်၊...
လူငယ်စကားလက်ဆောင်
နော်ကလယ်စိုး ၁၈နှစ်
ဝါသနာ နိုင်ငံရေး
ပညာအရည်အချင်း ဆယ်တန်းလွန်ကျောင်း (Post Ten)
ကျမမှာ မွေးချင်းမောင်နှမ နှစ်ယောက်ရှိတယ်။ မိန်းကလေးနှစ်ယောက်စလုံး ဖြစ်တယ်။ ကျမကတော့ အကြီးဆုံးဖြစ်တယ်။ မိဘတွေက မြန်မာပြည် တောင်ငူမှာ ရှိတယ်။ သူတို့(မိဘ)က ဥယျာဉ်ခြံလုပ်ကိုင် စားသောက်ကြတယ်။ မြန်မာပြည်မှာ တောင်ငူ အ-ထ-က (၅)ကျောင်းမှာ ကိုးတန်းအထိ တက်ပြီးတယ်။ ပြီးတော့ ဆယ်တန်းကို...
ပြည်တွင်းစစ်အဆုံးသတ်ရေး ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
ဇန်နဝါရီ ၃ဝရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၆၀)ကျော်ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်အဆုံးသတ်ရေးကို ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် အဖြေ ရှာရန် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ယခု ဇန်နဝါရီ ၃၁ရက်နေ့တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေးနေ့အတွက် ပေးပို့သည့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။
“ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး...
မယ်လအူးစခန်းတွင် အမေရိကန်နိုင်ငံ ခိုလှုံမှု လျှောက်တင်ခွင့် ရပ်နားလိုက်ပြီ
ဇန်နဝါရီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ရှိ မယ်လအူးဒုက္ခသည်စခန်းမှ ဒုက္ခသည်များအတွက် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင် ခွင့် ခေါ်ယူမှုအစီအစဉ်ကို ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးထား၍ ရပ်နားသွားမည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးရုံး(UNHCR)က တရားဝင် ပြောဆိုထားသော်လည်း ယခု ဇန်နဝါရီ ၂၃ရက်နေ့က...