Home COVID-19 ကိုဗစ် ကူးစက်မှုများသည့်‌နေရာမှ ဖားအံမြို့သို့လာပါက Quarantine ဝင်ရမည်

ကိုဗစ် ကူးစက်မှုများသည့်‌နေရာမှ ဖားအံမြို့သို့လာပါက Quarantine ဝင်ရမည်

3834

စက်တင်ဘာ ၄ ရက်၊ ၂၀၂ဝ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကိုဗစ်‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးအတွက် စက်တင်ဘာလ ၂ ရက်မှ၍ ကရင်ပြည်နယ် ဖားအံ မြို့အဝင် သံလွင်တံတားနှင့် ဂျိုင်းတံတား(ဇာသပြင်)မှ ဝင်လာသူများကို ကိုယ်‌ရေးအချက်အလက် ရယူမှုများပြုလုပ်ပြီး ‌ရောဂါကူးစက်မှုများသည့်‌နေရာမှ လာ‌ရောက်သူဖြစ်ပါက Quarantine ဝင်ရမည်ဟု ဖားအံမြို့ ‌ရောဂါကာ ကွယ်ထိန်းချုပ်‌ရေး‌ကော်မတီက ယ‌နေ့ အသိ‌ပေး‌ကြေညာချက် ထုတ်ပြန်လိုက်သည်။

ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ထုတ်ပြန်သည့် ၎င်းအသိ‌ပေး‌ကြေညာချက်အရ နံနက် ၈နာရီမှ ည ၈နာရီ အထိ အဆိုပါ တံတားအဝင်‌ပေါက်များတွင် အခြား‌ဒေသမှ ‌ရောက်လာ‌သော ခရီးသွားဧည့်သည်များ၏ ကိုယ် ‌ရေးအချက်အလက် ရယူခြင်းနှင့် အပူချိန်တိုင်းတာစစ်‌ဆေးခြင်းများပြုလုပ်သွားမည်ဖြစ်ရာ ရန်ကုန်တိုင်းရှိ Stay at Home အဖြစ် သတ်မှတ်ထား‌သော မြို့နယ် ၇မြို့နယ်နှင့် ရခိုင်ပြည်နယ်မှ ဝင်‌ရောက်လာသူများကို အစိုးရက သတ်မှတ်ထားသည့် Quarantine Center တွင် Quarantine ဝင်ရမည်ဖြစ်‌ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် မွန်ပြည်နယ်မှ လာ‌ရောက်သူများ/ ပြန်လည်ဝင်‌ရောက်လာသူများကိုလည်း စစ်‌ဆေးပြီး ပြန်လည် ‌စေ လွှတ်ခြင်း သို့မဟုတ် သက်ဆိုင်ရာ ရပ်ကွက်/‌ကျေးရွာအုပ်စု Quarantine Center တွင် ထားရှိ‌စောင့်ကြပ် ‌ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း အသိ‌ပေးထုတ်ပြန်ထားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် Covid -19 ကူးစက်မှု အများဆုံးဖြစ်လာပြီး ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင်လည်း ကူးစက်မှုပိုများလာသည့်အတွက်‌ကြောင့် သဃင်္န်းကျွန်း၊ အင်းစိန်၊ ‌မြောက်ဥက္ကလာပ၊ သာ‌ကေတ၊ လှှိုင်၊ ပုဇွန် ‌တောင်နှင့် မဂင်္လာဒုံမြို့နယ်မှ လာသူများကို Facility Quarantine Center တွင် ၁၄ ရက် ဝင်ရမည်ဟုလည်း မြို့နယ် Covid -19 ‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး‌ကော်မတီက အသိ‌ပေး‌ကြေညာချက်တွင် ပါရှိသည်။

ကျန်းမာ‌ရေးနှင့် အာကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၄ ရက်‌နေ့ ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 ‌ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၁၇၁) ဦးရှိပြီဖြစ်သည်။