Home တွေ့ဆုံမေးမြန်းခန်း ဒုဝန်ကြီး ‌နော်ထူး‌ဖောနှင့် ‌မေးမြန်းခြင်း

ဒုဝန်ကြီး ‌နော်ထူး‌ဖောနှင့် ‌မေးမြန်းခြင်း

2453

ဒုဝန်ကြီး ‌နော်ထူး‌ဖောနှင့် ‌မေးမြန်းခြင်း

ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု‌ကော်မတီ (CRPH)က ဧပြီ ၁၆ ရက်‌နေ့တွင် ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)၏ လူသားချင်းစာနာ‌ထောက်ထား‌ရေးနှင့် ‌ဘေးအန္တ ရာယ်စီမံ ခန့်ခွဲ‌ရေးဝန်ကြီးဌာန ဒုဝန်ကြီး ‌နော်ထူး‌ဖောအား ‌ကေအိုင်စီ -ကရင်သတင်းဌာနက ‌မေးမြန်းထားသည် ။

‌မေး ။ ။ အခုလို တာဝန်‌ပေးခံရလာမှုအ‌ပေါ် ဘယ်လို ခံယူပါသလဲ။
မြန်မာနိုုင်ငံမှာ‌ခေတ်အဆက်ဆက်က စစ်အာဏာရှင်‌တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှု‌ကြောင့် နှစ်‌ပေါင်း (၇၀) ‌ကျော် တိုင်းရင်းသား‌ဒေသ‌တွေမှာ ပြည်တွင်းဒုက္ခသည်အဖြစ်နဲ့သာမကပဲ အိမ်နီးချင်းနုိုင်ငံ‌တွေမှာ ဒုုက္ခသည်အဖြစ်နဲ့ ခိုုလှုံ‌နေရတယ်။ အခုအချိန်မှာလည်း စစ်‌ကောင်စီအုပ်စုုက ပြည်တွင်း၊ မြို့ရွာ‌တွေမှာ‌ရော၊ စစ်ပဋိပက္ခဖြစ်တဲ့ တိုုင်းရင်းသား‌ဒေသ‌တွေမှာပါ လူသားမဆန်တဲ့ ရာဇဝတ်မှု‌တွေ၊ စစ်ရာဇဝတ်မှု‌တွေကိုု လွတ်လွတ်လပ်လပ် အထိန်းအချုပ်မဲ့ ကျူးလွန်‌နေတဲ့အတွက် ‌ထောင်‌ပေါင်း များစွာရှိတဲ့ လူထုု‌တွေက လူသားချင်းဆိုင်ရာ ကူညီ‌ထောက်ပံ့မှု‌တွေ အ‌ရေးတကြီးလို အပ်‌နေပါတယ်။ အဲလိုလိုအပ်‌နေတဲ့ အကူအညီ‌တွေကိုု ကျမတိုု့ NUG အစုိုးရရဲ့ လူသားချင်းစာနာ‌ထောက်ထား‌ရေးနဲ့ ‌ဘေးအန္တရာယ်စီမံခန့်ခွဲ‌ရေးဝန်ကြီးဌာနက လုုပ်‌ဆောင်ရမှာဖြစ်တယ်။ အဲဒီ‌တော့အခုလိုနိုုင်ငံအတွက်အ‌ရေးကြီးတဲ့အချိန်မှာ ဒီဝန်ကြီးဌာနမှာ တာဝန်‌ပေးခံရတဲ့အတွက် အများကြီးဝမ်းသာဂုဏ်ယူမိပါတယ်။

‌မေး။ ။ လက်ရှိအ‌ခြေအ‌နေအရ မိမိအ‌နေနဲ့‌ရော ဌာနအ‌နေနဲ့ပါ ဘာ‌တွေလုပ်‌ဆောင်‌နေပြီလဲ။ ပြီး‌တော့ ဘာ‌တွေ ဆက်လက်လုပ်‌ဆောင်သွားဖို့ရှိလဲ။
ကျမတိုု့အ‌နေနဲ့လူသားချင်းဆိုုင်ရာလိုုအပ်‌နေတဲ့အကူအညီ‌တွေကိုုကဏ္ဍအလိုက်ကူညီ‌ထောက်ပံ့နိုင်ဖို့ပြင်ဆင်ထားပါတယ်။ အဲဒီထဲမှာ ပြည်တွင်းစစ်‌ဘေး‌ရှောင်နဲ့ဒုုက္ခသည်၊ CDM လုုပ်‌ဆောင်‌နေတဲ့ဝန်ထမ်း‌တွေ၊ မတရားဖမ်းဆီးချုပ်‌နှောင်ခြင်းခံရတဲ့သူ၊ လက်ရှိဆန္ဒပြတဲ့သူ‌တွေ၊ သာမန်ပြည်သူလက်လုုပ်စားအ‌တွေအတွက်ပါမယ်။

‌မေး။ ။ ကရင်အပါအဝင် တိုင်းရင်းသား‌ဒေသ‌တွေမှာ လူသားချင်း စာနာ‌ထောက်ထားမှုအပိုင်း‌တွေနဲ့ ပတ်သက်ပြီး ဘယ်လိုုချိတ်ဆက်လုုပ်‌ဆောင်သွားဖိုု့ရှိလဲ။ ဘယ်လိုုအစီအစဉ်‌တွေရှိလဲ။
တိုင်းရင်းသား‌ဒေသအသီးသီး‌တွေမှာ အုုပ်ချုပ်‌ရေးယန္တရားရှိထားတဲ့ တိုုင်းရင်းသား လက်နက်ကိုုင်းအဖွဲ့အစည်း‌တွေနဲ့‌ရော၊ အရပ်ဖက်အဖွဲ့ (CBOs/CSOs) Women (အမျိုးသမီး)၊Youth (လူငယ်) အဖွဲ့‌တွေနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်ပြီး International Humanitarian Law (နိုင်ငံတကာ လူသားချင်းစာနာ‌ထောက်ထားမှု ဥပ‌ဒေ) စံချိန်စံနှုန်း‌တွေနဲ့အညီ လူထုု‌တွေဆီ ကူညီ‌ထောက်ပံ့မှု‌တွေကိုု ‌ပေးနိုုင်ဖိုု့အတွက် အစွမ်းကုုန်ကြိုးစားပါမယ်။ အဲလိုု လုုပ်‌ဆောင်တဲ့‌နေရာ Do No Harm (ထိခိုက်နစ်နာမှုကင်းစွာ) မူကိုု လက်ကိုုင်ပြီး Participatory Approach (ပူး‌ပေါင်းပါဝင်ခြင်း ချဉ်းကပ်မှုပုံစံ) နဲ့ထိထိ‌ရောက်လုုပ်‌ဆောင်သွားဖိုု့ အစီအစဉ်ရှိပါတယ်။

အဲဒီ ချဉ်းကပ်မှုအတိုင်း အခုုကျမတုို့ တလအတွင်း လုုပ်‌ဆောင်မယ့်လုုပ်ငန်းစဉ်ထဲမှာ တိုင်းရင်းသား‌ဒေသအသီးသီးနဲ့ နယ်စပ်‌ဒေသအသီးသီး‌တွေမှာ လူသားချင်း စာနာ‌ထောက်ထားမှုအကူအညီအ‌ထောက်အပံ့‌ပေး‌နေတဲ့အဖွဲ့အစည်း‌တွေနဲ့‌တွေ့ဆုံမှုပြုလုုပ်ဖုို့ရှိပါတယ်။ သူတုို့နဲ့တိုုင်ပင်‌ဆွေး‌နွေးပြီး အတူတကွ ပူး‌ပေါင်း‌ဆောင်ရွက်နိုုင်မယ့်နည်းလမ်း‌တွေကိုု ‌ဆွေး‌နွေးပါမယ်။ အဲဒီကမှတဆင့် လူထုု‌တွေဆီကိုု ထိထိ‌ရောက်‌ရောက်အကူအညီ‌ပေးနိုုင်ဖိုု့ စီစဉ်ထားပါတယ်။

‌မေး။ ။ NUG အစိုးရက ကြားဖြတ်အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် စိန်‌ခေါ်မှုနဲ့ကန့်သတ်မှု‌တွေက ဘာ‌တွေရှိမလဲ။
အကြီးမားဆုုံးအခက်အခဲက‌တော့ လုံခြုံ‌ရေးဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်‌ဘေး‌ရှောင်‌တွေကိုု သွားပြီးအကူအညီ‌ပေးဖုို့အတွက် လုံခြုံ‌ရေးအရ ထိုုး‌ဖောက်လိုု့မရတဲ့စိန်‌ခေါ်မှု‌တွေရှိတယ်။ စစ်‌ဘေး‌ရှောင်‌တွေက နယ်စပ်ကိုုဖြတ်‌ကျော်ဖိုု့အတွက်လည်း သက်ဆိုုင်ရာ အိမ်နီးချင်း အစိုုးရ‌တွေက ခွင့်မပြုတဲ့အတွက် နယ်စပ်ဖြတ်လိုု့မရပါဘူး။ အဲဒါ‌တွေက ‌တော့ စစ်‌ဘေး‌ရှောင်‌တွေအတွက် အကြီးမားဆုုံးစိန်‌ခေါ်မှု‌တွေပါ။ ‌နောက်ပြီး ပြည်တွင်းမှာ CDM လုုပ်‌နေတဲ့သူ‌တွေအတွက်‌ရော၊ ဆန္ဒပြတဲ့သူ‌တွေအတွက်‌ရော၊ ဖမ်းဆီးခံရတဲ့သူ‌တွေအတွက် အကူအညီ‌ပေးဖုို့ကျ‌တော့ ‌ငွေလွဲဖိုု့အခက်အခဲအကြီးမားဆုုံးစိန်‌ခေါ်မှုဖြစ်ပါတယ်။

‌မေး ။ ။ လူသားချင်းစာနာ‌ထောက်ထား‌ရေးနှင့် ‌ဘေးအန္တရာယ်စီမံခန့်ခွဲ‌ရေးဝန်ကြီးဌာန ရဲ့ ဌာန လုုပ်ငန်းနဲ့ပတ်သက်ပြီး‌တော့ နိုုင်ငံတကာ‌တွေနဲ့ ဘယ်လိုချိတ်ဆက်လုုပ်‌ဆောင်သွားမလဲ။
ကျမတိုု့အ‌နေနဲ့အဓိက‌တော့ UN အဖွဲ့အစည်း‌တွေအပါဝင်၊ မြန်မာနိုုင်ငံကိုု အကူအညီ‌ပေးအပ်‌နေတဲ့ သက်ဆိုုင်ရာအစိုုးရအဖွဲ့‌တွေ‌ရော၊ အစိုုးရမဟုုတ်တဲ့အဖွဲ့အစည်း‌တွေ ‌ရော စစ်‌ကောင်စီအုုပ်စုုနဲ့ အသိအမှတ်မပြုဖုို့နဲ့ လူသားချင်းဆိုုင် ရာစာနာ‌ထောက်ထားမှုအပါအဝင် မည်သည့် ပူး‌ပေါင်းပါဝင်မှုမှမလုုပ်ဖုို့ကိုု စည်းရုုံးလှုံ့‌ဆော်ပါမယ်။

သက်ဆိုုင်ရာနိုင်ငံတကာအစုိုးရနဲ့ ရံပုံ‌ငွေ‌ထောက်ပံ့တဲ့အဖွဲ့အစည်း‌တွေက Cross Border Humanitarian Assistance ( နယ်စပ်ဖြတ်‌ကျော် လူသားချင်းစာနာ‌ထောက်မှုအကူအညီ) ‌ပေးဖုု့ိ ဆက်လက်စည်းရုုံးလုုပ်‌ဆောင်ဖိုု့ ပြင်ဆင်ထားပါတယ်။ လက်ရှိမှာ Cross Border Humanitarian Assistance ‌ပေးထားပြီးသားအစုိုးရ‌တွေရှိတယ်။ Cross Border Humanitarian Assistance မ‌ပေး‌သေးတဲ့အစိုုးရ‌တွေလည်းရှိတယ်။ အဲဒီ‌တော့ Cross Border Humanitarian ကိုုလက်ရှိပြီး‌ပေး‌နေတဲ့အစိုုးရ‌တွေက ဆက်လက်‌ပေးဖိုု့နဲ့ မ‌ပေးရ‌သေးတဲ့ အစုိုးရ‌တွေကလည်း‌ပေးဖိုု့အတွက် စည်းရုုံး လှုံ့‌ဆော်မှု‌တွေပြုလုုပ်ဖိုု့ စီစဉ်ထားပါတယ်။ နိုုင်ငံတကာအစုိုးရ၊ အသုိုင်း‌တွေအ‌နေနဲ့ စစ်‌ကောင်စီကိုုအသိအမှတ်မပြုဖိုု့နဲ့ လူသားချင်းစာနာ‌ထောက်ထား‌ရေးအပါအဝင် မည်သည့် ပူး‌ပေါင်း‌ဆောင်ရွက်မှုမလုုပ်ဖိုု့ အတွက် စည်းရုံးလှုံ့‌ဆော်သွားပါမယ်။

‌မေး။ ။ လတ်တ‌လောအ‌ခြေအ‌နေအရ လူသားချင်းစာနာ‌ထောက်ထားမှု‌ရော၊ သဘာ ဝ‌ဘေးအန္တရာယ်ဆိုင်ရာ‌ရောကြည့်ရင် ဆန္ဒပြ ပြည်သူ၊ စစ်‌ဘေး‌ရှောင်အပြင် ကိုဗစ်ကပ်‌ရောဂါ ကလည်း ရှိ‌နေတဲ့အ‌ပေါ် ဘယ်လိုုဦးစားလုုပ်‌ဆောင်မှု‌တွေ လုုပ်သွားမလဲ။
အားလုုံးက ချက်ချင်းအ‌လေးထား‌ဆောင်ရွက်ရမယ့်အ‌ရေးကြီးကိစ္စ‌တွေပဲဖြစ်တယ်။ ဆန္̔ဒပြည် သူ‌တွေ‌ရော၊ စစ်‌ဘေး‌ရှောင်အတွက်‌ရော၊ ကိုုဗစ်အတွက်‌ရော အတတ်နိုုင်ဆုုံး နည်းလမ်း‌တွေရှာပြီး အထိ‌ရောက်ဆုုံးကူညီ‌ထောက်ပံ့နိုင်ဖုို့ ကြိုးစားလုုပ်‌ဆောင်‌နေပါတယ်။