KIC News
မူတြော်ခရိုင်ထဲရှိ စစ်ရှောင်ဒုက္ခသည်များ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ
မေလ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ရှောင်ဒုက္ခသည်များထဲတွင် ယခုရက်ပိုင်း အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များလျက်ရှိသည်ဟု သိရသည်။
စစ်ရှောင်ဒုက္ခများသည် သန့်ရှင်းသော သောက်သုံးရေမရရှိသည့်အတွက် ကလေး၊ လူကြီးအားလုံး...
ဖာပွန်ဒေသပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် ၂၀ဝ နီးပါး သေဆုံးခဲ့ဟု KNU ပြော
မေလ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ(၅) နယ်မြေ၌ မတ်လနှောင်းပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိပ်တိုက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်ဖွဲ့ ဝင် ၂၀ဝနီးပါး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ တပ်မဟာ ၅ က ပြောသည်။
ပြီးခဲ့သည့်...
KNU တပ်မဟာ(၅)နှင့် ထိတွေ့မှု၌ စစ်ကောင်စီ ကားတစ်စီးတိမ်းမှောက်၊ ကားပေါ်ပါ (၇) ဦးစလုံး သေဆုံး
မေလ ၅ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အကြား ယမန်နေ့ (မေလ ၄ရက်)က ဖာပွန်မြို့အနီး ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၇)ဦးစလုံး...
တရားမဝင်ဂြိုလ်တုစလောင်းများ တပ်ဆင်အသုံးပြုပါက ထောင်ဒဏ် ၁ နှစ် နှင့် ဒဏ်ငွေ ၅ သိန်း ကျခံရမည်ဟု စစ်ကောင်စီထုတ်ပြန်
မေလ ၅ ရက် ၂၀၂၁ခုနှစ်။ ကေအိုင်စီ
တရားမဝင်ဂြိုလ်တုစလောင်း ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြုကြည့်ရှုမှုများပြုလုပ်ပါက ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ၅ သိန်းကျခံရမည်ဟု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ယမန်နေ့ ဧပြီ ၄ ရက်တွင် ၎င်းတို့၏ ဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ အသိပေးကြေငြာချက်တွင် တရားမဝင်အဖွဲ့အစည်းနှင့်...
ဖာပွန်မြို့နှင့်အနီးနားရှိရွာများတွင် တိုက်ပွဲကြောင့် ဒေသခံများပိတ်မိနေ
မေလ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဖာပွန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားတပ်မတော်-KNLA တပ်မဟာ(၅)တို့အကြားတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် ဖာပွန်မြို့နှင့်အနီးနားရှိ ကျေးရွာများတွင် ဒေသခံများ ပိတ်မိနေပြီး စာနပ်ရိက္ခာများလည်း ပြတ်လုနီးပါးရှိနေပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ဖာပွန်မြို့ တွင်နေထိုင်သည့် ဒေသခံလူထုများသည် တိုက်ပွဲကြောင့် ပြီးခဲ့သည့် မတ်လကုန်ကတည်းက...
တပ်မဟာ (၅)နယ်မြေဘက်သို့ နယ်ခြားစောင့်တပ်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေကြောင်း KNU ဆို
မေ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ရိက္ခာကူညီပို့ဆောင်ပေးရန် KNU- ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၅) နယ်မြေဘက်သို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေကြောင်း တပ်မဟာ (၅) ဘက်က ပြောသည်။
တပ်အင်အားမလုံလောက်မှုနှင့် ရိက္ခာလမ်းကြောင်းများ...
လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်
မေ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီးတွင် ယနေ့(မေ ၄ ရက်)နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “ညက ၂ နာရီခွဲခါနီးမှာ လှိုင်းဘွဲဈေးရှေ့က ပညာရေးမှူးရုံးရဲ့...
KNU တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့နှင့် မေးမြန်းခြင်း
KNU တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့နှင့် မေးမြန်းခြင်း
"ကိုယ့်လူမျိုးအချင်းချင်းထိတွေ့ပစ်ခတ်မှုနဲ့ရင်ဆိုင်ရမှာကို မလိုလားတာတော့ အမှန်ပဲ။ ဒါပေမဲ့ စစ်အာဏာရှင်ရဲ့ အမိန့်ကို နာခံရပြီး နယ်မြေလုံခြုံရေးနဲ့ ပြည်သူလူထုတွေကို ထိပါးလာခဲ့ရင်တော့ လက်ပိုက်ကြည့်မနေနိုင်ဘူး။"
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၅)မှ သောလယ်ထာ့ အခြေစိုက် စစ်ကောင်စီ တပ်စခန်းကို...














