KIC News
ကရင်ပြည်နယ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု ကြုံနေရ
ဇူလိုင် ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကိုဗစ်ကပ်ရောဂါ ကူးစက်မှု မြင့်မားလာသည်နှင့်အမျှ ကရင်ပြည်နယ်ရှိ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များတွင် ဇူလိုင်လ ၁၅ရက်နေ့မှစ၍ ယနေ့အချိန်အထိ ဆေးဝါးပြတ်လပ်မှုများနှင့် ကြုံတွေ့လျက်ရှိသည်ဟု ဆေးဝါးရောင်းချသူ များထံမှ သိရှိရသည်။
Covid-19 တတိယလိုင်းကူးစက်မှု မြင့်မားမှုကို ကြုံတွေ့နေရသည့် ပြည်သူများအနေဖြင့် ဆေးဆိုင်များပိတ်မည်ကို စိုးရိမ်ကြ၍ မလိုအပ်ဘဲ...
ဖားအံမြို့တွင် Stay at home သတ်မှတ်ပြီး ရပ်ကွက်ရုံး ထုတ်ပေးသည့်လက်မှတ်ဖြင့် အပြင်ထွက်ရ
ဇူလိုင် ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာသောကြောင့် ရောဂါထိန်းချုပ်ကာကွယ်သည့်အနေဖြင့် ကရင်ပြည်နယ် ဖားအံမြို့ တွင် Stay at Home အဖြစ် သတ်မှတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးသည့် နေအိမ်ပြင်ထွက်ခွင့်လက်မှတ်ပါရှိမှသာ အပြင်ထွက်ခွင့်ပေးသည်ဟု သိရသည်။
ဖားအံမြို့တွင် ဇူလိုင်လ...
ကိုဗစ်ရောဂါကုသမှု ခံယူနေသည့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး ကွယ်လွန်
ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ရန်ကုန်မြို့တွင် ကိုဗစ် ရောဂါ ကုသမှု ခံယူနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း DKBA နှင့် နီးစပ်သူတစ်ဦးထံမှ...
ကန့်ကွက်မှုများရှိနေသော်လည်း ကိုဗစ်ကာကွယ်တားဆီးရေးကို ဆက်လက်လုပ်ဆောင်မည်ဟု KNU ကျန်းမာရေးဌာန ပြော
ဇူလိုင် ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကိုဗစ်ရောဂါကာကွယ်တားဆီးရေးအတွက် KNU-ကရင်အမျိုးသားအစည်းအရုံးက ၎င်းတို့ အုပ်ချုပ်နယ်မြေများ အ တွင်း ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်တချို့နှင့် ဝင်ထွက်သွားလာမှု ကန့်သတ်ချက်များကို ကရင် ပြည်နယ် စစ်ကောင်စီမှ ကန့်ကွက်မှုများရှိသော်လည်း ကိုဗစ်ကာကွယ်တားဆီးရေးလုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဟု KNU ကျန်းမာရေးဌာနဘက်က...
လေးကေကော် မြို့သစ်အနီးအနားရွာများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများလာ
ဇူလိုင် ၂ဝ ရက်၊ ၂၀၂၁ခုနှစ်၊ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်နှင့်အနီးအနားရွာများမှ ဒေသခံများ ကိုဗစ်တတိယလှိုင်း ကူးစက် ခံရသူ၊ ကိုဗစ်ရောဂါ လက္ခဏာဖြစ်သည့် အနံ့ပျောက်သူများရှိနေသည့် လူနာများ တိုးပွားလာနေကြောင်း သိရသည်။
လေးကေကော်မြို့သစ် အနီးအနားရှိ ဖလူးကျေးရွာ ၊ မယ်ထော်သလေး ကျေးရွာ ၊...
ပြည်နယ်ကောင်စီကို ငွေလှူခြင်းမဟုတ်ဘဲ အောက်ဆီဂျင်အိုး ဝယ်ယူခြင်းဖြစ်သည်ဟု ဖားအံ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ပြောဆို
ဇူလိုင် ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် ရရှိထားသည့် ပြည်သူလူထု၏ အလှူငွေအချို့ကို ပြည်နယ်စစ်ကောင်စီတည်ဆောက်မည့်စက်ရုံအတွက် ငွေသွားရောက်လှူဒါန်းခြင်းမဟုတ်ဘဲ လိုအပ်သည့် အောက်ဆီဂျင်အိုးအတွက် ဝယ်ယူခြင်းသာဖြစ်သည်ဟု ဖားအံမြို့အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေးက ပြန်လည်ပြောဆိုသည်။
အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရန်အတွက် ဖားအံမြို့သူမြို့သားမှ ဝိုင်းဝန်းပူးပေါင်းလှူဒါန်းထားသည့် အလှူငွေ အား...
စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့ နယ်မြေကျူးကျော်မှုကြောင့် တိုက်ပွဲဆက်ဖြစ်ပွားဟု KNU ပြော
ဇူလိုင် ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး သထုံခရိုင်၊ တပ်မဟာ(၁) အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်တို့ နယ်မြေကျူးကျော်ဝင်ရောက်လာခြင်းကြောင့် နယ်မြေခံ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု KNU က ပြောသည်။
ယခု...
စံပြုထိုက်သူ မေ့လျော့ခံ ဝါရင့်အမျိုးသမီးစစ်သည်
စံပြုထိုက်သူ မေ့လျော့ခံ ဝါရင့်အမျိုးသမီးစစ်သည်
နန်းဖော့ဂေ
(၂ဝ ဇူလိုင် ၂၀၂၁)
“ငါက စစ်ပဲတိုက်ခဲ့တာ။ ဒါပေမယ့် ငါတို့ စစ်တိုက်ခဲ့တုန်းက လူထုကို အခု ဗမာစစ်တပ်(စစ်ကောင်စီ)လို မသတ်ခဲ့ဘူး။ ငါတို့က ရန်သူကိုပဲ တိုက်တာ။”လို့ ကရင်ဘာသာစကားနဲ့ ပြောနေသူက ဖက်မိုး၊ ကြမ်းခင်းအိမ်ငယ်လေးပေါ်မှာ ပြုတ် ထားပြီးခါစ မုန့်ဟင်းခါးဖတ်ကို ရေအေးနဲ့အထပ်ထပ်...














